မှော်ဘီရဲတပ်ရင်း (၅) မှ ဒုတပ်ကြပ်ဟန်ဝေအောင်နှင့် တပ်သားအောင်သီဟတို့ ဖမ်းဆီးခံရ

RNA_ဇူလိုင်(၄)၊၂၀၂၅ခုနှစ်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ် စစ်ကောင်စီ၏ အမှတ် (၁) စွပ်ကျယ်စက်ရုံ၌ လုံခြုံရေးတာဝန်ယူနေကြရသော ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ရဲတပ်ရင်း (၅) မှ ဒုတပ်ကြပ် ဟန်ဝေအောင်နှင့် တပ်သား အောင်သီဟတို့ကို တောင်သာမြို့နယ် ပကဖ ရဲဘော်များက ဇူလိုင်လ ၃ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

စစ်ကောင်စီ၏ တောင်သာမြို့ အမှတ် (၁) စွပ်ကျယ်စက်ရုံ လုံခြုံရေးယူနေသော ရဲတပ်ကြပ် ဟန်ဝေအောင်နှင့် ရဲတပ်သား အောင်သီဟတို့ ဇူလိုင် ၃ ရက်နေ့ညနေ အရပ်ဘီယာဝန်ရန် ထွက်လာစဉ် လက်ပစ်ဗုံးတစ်လုံး၊ ကိုင်ဆောင်ထားသော ဖုန်းနှစ်လုံး ဆိုင်ကယ်တစ်စီးဖြင့် မြို့ပြင်ကို ကျွံထွက်လာသည့်အတွက် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်များ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA

By RNA Editor