နေပြည်တော် ဥတ္တရသီရီမြို့နယ် လမ်းပိုင်းတစ်နေရာကို OPRF – PLA ရဲဘော်များက (၃) နာရီကျော်ကြာထိန်းချုပ်မှုအတွင်း ဗိုလ်မှူးဖြိုးမင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့

RNA_ဧပြီ(၂၁)၊၂၀၂၅ခုနှစ်။

နေပြည်တော် ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတစ်နေရာကို ဧပြီလ ၁၉ ရက်နေ့က အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု/ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (OPRF – PLA) ရဲဘော်များ (၃) နာရီကျော်ကြာ ထိန်းချုပ်ထားမှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးဖြိုးမင်းကျော်အပါအဝင် (၃)သုံးဦးအား ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။


ဥတ္တရသီရီမြို့နယ် လမ်းပိုင်းတစ်နေရာကို ထိန်းချုပ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူး ဖြိုးမင်းကျော် (အမှတ် (၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စက်ရုံဌာနချုပ်)၊ တပ်ကြပ် အောင်ဇော်နိုင် (အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၃) တပ်ခွဲ) နှင့် ရဲ ဒုတပ်ကြပ် ထွန်းပြည့်စုံတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သော်လည်း ထိန်းချုပ်နေရာမှ ပြန်လည်ရုတ်သိမ်းပြီးအပြန်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်းများ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ : OPRF – PLA ရဲဘော်များ

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသော ဗိုလ်မှူးထံမှ စစ်ဘက်ဆိုင်ရာအသုံးအဆောင်များ၊ ငွေကြေးအစုံအပါဝင် ကာလတန်ဖိုး သိန်းနှစ်ထောင်ကျော် သိမ်းနိုင်ခဲ့ကြောင်း၊ OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု – ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော်များအားလုံး အထိအခိုက်မရှိ အောင်မြင်စွာလှုပ်ရှားဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

#RedNewsAgency #REDNEWS #RNA

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါတယ်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

By RNA Editor