RNA_ဒီဇင်ဘာ(၂၇)၊၂၀၂၄ခုနှစ်။
နေပြည်တော်မှာရှိသည့် မင်းအောင်လှိုင်နှင့်အဖွဲ့ကို ရခိုင်ပြည်နယ်တွင် စစ်ရှုံးနေမှုကို လက်ခံပေးရန်နှင့် ပြည်သူများကို ဗုံးကြဲခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ရပ်တန့်ပေးရန်စသည်တို့ကို အာရက္ခတပ်တော်မှ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက အသိပေးပြောကြားထားသည်။
“နေပြည်တော်မှာရှိတဲ့ ဗိုလ်ချပ်မှူးကြီးအပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ခံသားတွေရဲ့ အသက်တွေ ဘဝတွေကို ငဲ့ညှာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတယ်ဆိုတာကို လက်ခံပေးပါ။ ပြည်သူလူထုကို ဗုံးကြဲနေတာတွေ အကြမ်းဖက်တာတွေ ရပ်တန့်ပေးပါ။ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် တပ်မိသားစုတွေနဲ့ ပြည်သူတွေရဲ့ အမုန်းတရားတွေ နာကျည်းမှုတွေကိုပဲ မျိုးဆက်အလိုက် ရရှိခံစားရမယ်ဆိုတာကို သိစေချင်ပါတယ်” ဟု စစ်သုံ့ပန်းဖြစ်နေသော ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက AA ထုတ်ပြန်သည့် ရုပ်သံတွင် ပြောဆိုထားသည်။
အာရက္ခတပ်တော်၏ မြို့သိမ်းတိုက်ပွဲ ထိုးစစ်အတွင်းမှာလည်း ကျန်ရှိနေသော စစ်ကောင်စီလက်အောက်ခံများအနေဖြင့် ခေါင်းဆောင်မှု မပီသူအောက်မှာ အသေခံပြီး တာဝန်ထမ်းဆောင်ခြင်း မလုပ်ကြရန်နှင့် တိုက်ပွဲအတွင်မှာ အလံဖြူထောင် လက်နက်ချရန်လည်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက တိုက်တွန်းထားသေးသည်။
#RedNewsAgency #REDNEWS #RNA #AA