RNA_ဧပြီ(၁)၊၂၀၂၅ခုနှစ်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် ၃၃၆၉ တွင် ငလျင်စတင်လှုပ်ခတ်ပြီး ၉၁ နာရီအကြာ ပိတ်မိနေသော အသက် (၆၃) နှစ်အရွယ် အမျိုးသမီးကြီးအား ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီ ၅၈ မိနစ်တွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်အဖွဲ့က အသိပေးထားသည်။
စစ်ကောင်စီလက်အောက်ခံများနှင့် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ၏ ကယ်ဆယ်ရေးလုပ်ငန်းများအတွင်း မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ပြီးချိန်မှစတင်ပြီး မတ်လ ၃၁ ရက်နေ့အထိ မန္တလေးတိုင်းအတွင်း အသက်ရှင်လျက် (၄၀၃) ဦးအားကဉ်ထုတ်နိုင်ပြီး သေဆုံးသူ (၂၅၉) ဦး၏ ရုပ်အလောင်းများကို ကယ်ထုတ်နိုင်သည်ဟု အသိပေးထားသည်။