Tag: စစ်တောင်းမြစ်

  • NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ ပဲခူးတိုင်းအတွင်း PDF တပ်ရင်းများနှင့်တွေ့ဆုံ

    NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ ပဲခူးတိုင်းအတွင်း PDF တပ်ရင်းများနှင့်တွေ့ဆုံ

    RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၅ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူများ ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းများနှင့် လိုက်လံတွေ့ဆုံကာ စစ်ရေးလိုအပ်ချက်များ အမြန်ဆုံးဖြည့်ဆည်းနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

    မြေပြင်ခရီးစဉ်တွင် အမျိူးသားညီညွတ်ရေးအစိုးရ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးနောင်ရိုးတို့ပါဝင်ခဲ့သည်ဟု ယနေ့ NUG ကထုတ်ပြန်ထားသည်။

    (more…)

  • စစ်တောင်းမြစ်အရှေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၈) ဦးထက်မနည်း ကျဆုံး

    စစ်တောင်းမြစ်အရှေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၈) ဦးထက်မနည်း ကျဆုံး

    RNA_ဇန်နဝါရီ(၄)၊၂၀၂၅ခုနှစ်။

    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ကမ်းရှိ ရေလွှဲကျေးရွာနှင့် ပိန္နဲပင်ကျေးရွာဝန်းကျင် ဇန်နဝါရီလ (၃) ရက်နေ့ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် အာဇာနည် သူရဲကောင်း (၈) ဦးထက်မနည်း ကျဆုံးခဲ့ရကြောင်း သိရသည်။

    (more…)