30
Oct
RNA_အောက်တိုဘာ(၃၀)၊၂၀၂၆ခုနှစ်။ နေပြည်တော်၌ မတရားဖမ်းဆီးခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်သည်ဟု သိရှိရကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအထူးသံတမန် မာရီယာထရီဆာလာဇာရိုက ပြောကြားထားသည်။ အောက်တိုဘာ (၂၈ - ၂၉) ရက်က မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် (၂) ရက်ကြာ ခရီးစဉ်အတွင်း လာဇာရိုသည် စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့်တွေ့ဆုံချိန် အသက် (၈၁) နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။ “ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ကျွန်မ မေးမြန်းတဲ့အခါ သူမရဲ့ ကျန်းမာရေးက လုံးဝကောင်းမွန်တယ်လို့ သူတို့က အသေအချာ ပြန်ပြောပါတယ်။ သူမ (ဒေါ်အောင်ဆန်းစုကြည်) ကျန်းမာရေး ကောင်းပါတယ်”ဟု လာဇာရိုက ဖိလစ်သတင်းဌာနက Bilyonaryo…