စစ်တောင်းမြစ်အရှေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၈) ဦးထက်မနည်း ကျဆုံး

Written by

in

RNA_ဇန်နဝါရီ(၄)၊၂၀၂၅ခုနှစ်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ကမ်းရှိ ရေလွှဲကျေးရွာနှင့် ပိန္နဲပင်ကျေးရွာဝန်းကျင် ဇန်နဝါရီလ (၃) ရက်နေ့ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော် အာဇာနည် သူရဲကောင်း (၈) ဦးထက်မနည်း ကျဆုံးခဲ့ရကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ အမှတ်(၉၀၁)တပ်ရင်းမှ အာဇာနည် သူရဲကောင်း ရဲဘော်စွန်ရဲ(ခ) လှိုင်မင်းဦး၊ ရဲဘော်တယော(ခ) နိုင်ထက်ဝေ၊ ရဲဘော်ဖိုးတေ(ခ) မင်းမင်း တို့ကျဆုံးခဲ့ရသည်ဟု အမှတ် (၉၀၁) တပ်ရင်းက သတင်းထုတ်ပြန်ထားပြီး အခြားသော PDF တပ်ဖွဲ့က ရဲဘော်အချို့လည်း ကျဆုံးခဲ့ရကြောင်း သိရသည်။

#RedNewsAgency #REDNEWS #RNA