Category: ကြေငြာချက်

  • ပခုက္ကူမြို့နယ်အတွင်း စိုးမိုးထိန်းချုပ်နေရာများတွင် သတ်မှတ်နေရာမှလွဲ၍ အခွန်ကောက်ခံခြင်း မပြုလုပ်ရန် တားမြစ်

    ပခုက္ကူမြို့နယ်အတွင်း စိုးမိုးထိန်းချုပ်နေရာများတွင် သတ်မှတ်နေရာမှလွဲ၍ အခွန်ကောက်ခံခြင်း မပြုလုပ်ရန် တားမြစ်

    RNA_ဧပြီ(၂)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ လမ်းမကြီးများနှင့် လမ်းပိုင်းအချို့တွင် စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အခွန်ကောက်ခံရန်သတ်မှတ်ထားသော နေရာများမှလွဲ၍ အခွန် ကောက်ခံခြင်း ဆက်ကြေးတောင်းခံခြင်း လုံးဝ(လုံးဝ) ဆောင်ရွက်ခွင့်မပြုကြောင်း အမိန့် ထုတ်ပြန်ထားသည်။

    တော်လှန်ရေးကာလတွင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပြည်သူ လူထုအား ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့် အခွန်အခကောက်ခံခြင်းနှင့် ပြန်ပေးဆွဲခြင်း၊ ဓါးပြတိုက်ခြင်းဖြင့် ရန်ပုံငွေရှာဖွေခြင်းသည် မှားယွင်းသောနည်းလမ်းဖြစ်ကြောင်း၊ အဖွဲ့အစည်းများ၏ စည်းလုံးမှုကိုအသုံးချ၍ စုပေါင်းစိုက်ပျိုး/မွေးမြူရေး၊ စုပေါင်းကုန်ထုတ်စနစ်များဖော်ဆောင်၍ ရန်ပုံငွေရရှိအောင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ကရင်နီပြည်အတွင်း တပ်ရင်းအလိုက် ဘက်ပြောင်းမှုများ မကြာမီအကောင်အထည်ဖော်မည်

    ကရင်နီပြည်အတွင်း တပ်ရင်းအလိုက် ဘက်ပြောင်းမှုများ မကြာမီအကောင်အထည်ဖော်မည်

    RNA_ဇန်နဝါရီ(၂၄)၊၂၀၂၄ခုနှစ်။

    ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီတပ်ရင်းအချို့မှ တာဝန်ရှိသူများနှင့် ဘက်ပြောင်းရေးအစီအစဉ်နှင့်ပတ်သက်ပြီး သဘောတူညီမှုများရရှိထားသည့်အတွက် မကြာမီ တပ်ရင်းအလိုက်ဘက်ပြောင်းမှုများကို အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း သိရသည်။

    “ကရင်နီပြည်နယ်အတွင်း တစ်ပြိုင်တည်း စုပေါင်းဘက်ပြောင်းမှု အစီအစဥ်တစ်ရပ်အား အကောင်အထည်ဖော်ဆောင်လျက် ရှိရာ ကရင်နီပြည်အတွင်းရှိ စစ်ကောင်စီတပ်ရင်း အချို့မှတာဝန်ရှိသူများ နှင့် ဘက်ပြောင်းရေးနှင့်စပ်လျဥ်း၍ ကနဦး ညှိနှိုင်းသဘောတူမှု များ ရရှိထားပြီးဖြစ်ပါသည်။ သို့ဖြင့်၍ မကြာမီတွင် တပ်ရင်းအလိုက်ဘက်ပြောင်းမှုများကို ကရင်နီပြည် မြို့နယ်အချို့တွင် အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်” ဟု KNDF ဗဟိုသတင်းပြန်ကြားရေးဌာနက ယနေ့ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ်အင်အား ၅၀ ရှိ စခန်းတခုလုံး အညံ့ခံမှုကြောင့် အားလုံး အသက်ချမ်းသာပေးခဲ့

    စစ်ကောင်စီတပ်အင်အား ၅၀ ရှိ စခန်းတခုလုံး အညံ့ခံမှုကြောင့် အားလုံး အသက်ချမ်းသာပေးခဲ့

    RNA_အောက်တိုဘာ(၃၀)၊၂၀၂၃ ခုနှစ်။

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် အင်အား (၅၀) ရှိ စခန်းတခုကို (၂) နာရီအတွင်း မဟာမိတ် တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်​သော်လည်း အားလုံး အချိန်မီ အညံ့ခံခဲ့သောကြောင့် အားလုံးကို အသက်ချမ်းသာပေးခဲ့ပြီး လုံခြုံစွာ နေရာချ​ပေးခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ လက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် အထူးတိုက်တွန်းချက်ကို MNDAA၊ TNLA၊ AA တို့ထံ အသက်မသေလို၍ ၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်မသေလိုသည့်အပြင် မိသားစုနှင့် ပေါင်းစည်းလို၍ အလင်းဝင်ရောက်လာသူ (၁၀၀) ကျော်ရှိပြီဖြစ်ကြောင်း၊ ညီနောင်မဟာမိတ်များထံ ဆက်သွယ် အလင်းဝင်သူများ၏ အသက်အန္တရာယ်လုံခြုံရေးကို အထူးအာမခံပြီး လူဂုဏ်သိက္ခာ ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်ရအောင် ဆောင်ရွက်ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    (more…)

  • ၁၀၂၇ စစ်ဆင်ရေး ပထမနေ့တွင် တအာင်းဒေသ၌ စစ်စခန်းများကို သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    ၁၀၂၇ စစ်ဆင်ရေး ပထမနေ့တွင် တအာင်းဒေသ၌ စစ်စခန်းများကို သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    RNA_အောက်တိုဘာ(၂၈)၊၂၀၂၃ ခုနှစ်။

    ယမန်နေ့က စတင်လိုက်သည့် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ပထမနေ့က တအာင်းပြည်နယ်၊ တပ်မဟာ(၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်၌ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    အောက်တိုဘာလ (၂၇) ရက်နေ့ နံနက်ပိုင်းတွင် တအာင်းတပ်မတော် PSLF/TNLA မှ စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သော နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃) မိုင်တပ်စခန်း၊ ၁၂-မိုင် တပ်စခန်း၊ မန်မိုင်တပ်စခန်း (မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) တို့အား ၁၀၂၇ စစ်ဆင်ရေးစတင်သည်နှင့်တပြိုင်နက် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    အဆိုပါတိုက်ပွဲအတွင်း ရန်သူ့အလောင်း (၁၈)လောင်းနှင့် M16- ၃လက်၊ ငါးကြင်းမီး- ၁လက်၊ MA4- ၂လက်၊ MA3- ၁၁လက်၊ 60MM- ၂လက်၊ ပစ္စတို- ၁ လက်၊ လက်ပစ်ဗုံး- ၂၀၀လုံး၊ M9- ၇လုံး၊ RPG- ၅၀လုံး၊ 60MM ဗုံးသီး- ၃၀ လုံး၊ 60MM ကျည်- ၁၀၀လုံး၊ မိုင်း- ၄လုံး၊ ကျည်ဆံ- ၁၀၀၀၀ (တစ်သောင်းကျော်)နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

    (more…)

  • မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့် သေဆုံးနိုင်

    မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့် သေဆုံးနိုင်

    RNA_အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။

    ဒေါနစစ်ကြောင်၊ ရေးပြောက်ကျားတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ်၊ ABSDF တပ်ရင်း (၁) ရဲဘော်များ အောက်တိုဘာလ ၂၀ ရက်နေ့က ရေးမြို့နယ်အတွင်း ဖော်ဆောင်သည့် ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေဆုံးနိုင်ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။

    မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီလက်အောက်ခံများရှိသည့် ရေးတံတားဂိတ်၊ ကျုံလောင်းရွာနှင့် ဝဲပေါင်ကျေးရွာကြား ကားလမ်းဘေး ရာညာခြံအတွင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ လူနာသယ်ဆောင်လာသည့် ကားတို့ကို စစ်ကောင်စီတပ်က တိုက်ခိုက်ခြင်းအပါအဝင် ယမန့်က တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီဝန်းကျင်ရှိကြောင်း သိရသည်။

    ယမန့်နေက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေဆုံးနိုင်ပြီး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ ၁၂ ဦးဒဏ်ရာရရှိပြီး ၂ ဦးစိုးရိမ်ရကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


    စစ်ကောင်စီတပ်မှ သေဆုံးသူများ၏ ပုံတချို့ကို ကြည့်လိုပါက >>>>> https://t.me/rednewsagency/4354

    #RedNewsAgency

  • မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း ပစ်ခတ်ခံရမှု ကလေးငယ် ၁၀ ဦးအပါအဝင် ၂၈ ဦးသေဆုံး

    မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း ပစ်ခတ်ခံရမှု ကလေးငယ် ၁၀ ဦးအပါအဝင် ၂၈ ဦးသေဆုံး

    RMA_အောက်တိုဘာ(၁၀)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး၊ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်မှ အောက်တိုဘာလ (၉) ရက်နေ့ ည (၁၁) နာရီ (၃၀) မိနစ်ခန့်က လက်နက်ကြီး ပစ်ခတ်မှုအတွင်း ‌စစ်ဘေးရှောင်ပြည်သူ ကလေးငယ် (၁၀) ဦးအပါအဝင် (၂၈) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

    မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရချိန် တချိန်တည်း လိုင်ဇာရှိ ရက္ခိုင့်တပ်တော် – AA စခန်းကိုလည်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် AA တပ်ဖွဲ့ဝင် တဦး ကျဆုံးပြီး ၁၀ ဦး  ဒဏ်ရာရရှိခဲ့ကြောင်း မုန်လိုင်ခတ်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • NUGက ၂ နှစ်အတွင်း PDF များကို အမေရိကန်ဒေါ်လာ (၁၅.၇) သန်း ထောက်ပံ့ခဲ့ 

    NUGက ၂ နှစ်အတွင်း PDF များကို အမေရိကန်ဒေါ်လာ (၁၅.၇) သန်း ထောက်ပံ့ခဲ့ 

    RNA_အောက်တိုဘာ(၃)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ် အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်းများကို တပ်ရင်းထောက်ပံ့စရိတ်အဖြစ် (၁၆) ကြိမ် တိတိပေးပို့ခဲ့ရာ ငွေကြေးပမာဏအားဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၅.၇)သန်းခန့်ဖြစ်ကြောင်း ယနေ့ ညတွင် ထုတ်ပြန်ထားသည်။

    နိုင်ငံနှင့်တဝှမ်းဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်း (၃၀၀) ခန့်ကို ပေးပို့ခဲ့‌ကြောင်း၊ ယခုနောက်ဆုံးပေးပို့သည့် (၁၆) ကြိမ်မြောက် တပ်ရင်းထောက်ပံ့စရိတ်အနေဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁) သန်းခန့်ရှိကြောင်း သိရသည်။

    (more…)

  • စက်တင်ဘာလအတွင်း ကရင်နီပြည်မှာ စစ်ကောင်စီတပ်သား ၇၈ ဦးသေဆုံး

    စက်တင်ဘာလအတွင်း ကရင်နီပြည်မှာ စစ်ကောင်စီတပ်သား ၇၈ ဦးသေဆုံး

    RNA_အောက်တိုဘာ (၃)၊၂၀၂၃ ခုနှစ်။

    ကရင်နီပြည်အတွင်း စက်တင်ဘာလအတွင်း မယ်စဲ့မြို့နယ် စသည်တို့တွင် စစ်ကောင်စီတပ်နှင့် KNDF နှင့်မဟာမိတ်ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၇၈ ဦးသေဆုံးပြီး လက်နက်ခဲအများအပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    ကရင်နီပြည်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂၀ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ KNDF ရဲဘော် ၈ ဦးကျဆုံးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သုံ့ပန်း ၅ ဦးဖမ်းဆီးခံရပြီး လက်နက်ငယ် ၃၆ လက်၊ လက်နက်ကြီး ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။

    (more…)

  • စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးအတွက် BNRA ဖွဲ့စည်းဟု ဗိုလ်နဂါးပြော

    စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးအတွက် BNRA ဖွဲ့စည်းဟု ဗိုလ်နဂါးပြော

    စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးနှင့် ပြည်သူကို ကာကွယ်နိုင်ရေးအတွက် BNRA ဖွဲ့စည်းဟု ဗိုလ်နဂါးပြော

    RNA_စက်တင်ဘာ(၉)၊၂၀၂၃ ခုနှစ်။

    တော်လှန်ရေးအလွန်ကာလ ပြန်လည်ထူထောင်ရေးကာလမှာ ဖြစ်ပေါ်လာနိုင်သည့် လက်နက်ကိုင်များ၏ စစ်ရာဇဝတ်မှုများ ကြိုတင်ဟန့်တားနိုင်ရေးနှင့် ပြည်သူများအတွက် ရဲရဲဝံ့ဝဲ့ မားမားမတ်မတ်ရပ်တည်နိုင်ရေးအတွက် ပြည်သူ့တပ်မတော်ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ဗိုလ်နဂါးက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=XC1x5r3S7wI[/embedyt]

    ယနေ့ ပြုလုပ်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်- Burma National Revolutionaty Army ( BNRA) ဖွဲ့စည်းခြင်းအခမ်းအနားတွင် ဗိုလ်နဂါးက ပြောကြားထားခြင်းဖြစ်ပြီး၊ ယင်းအဖွဲ့အစည်းတည်ထောင်ခြင်းနှင့်ပတ်သက်ပြီး NUG-MOD တာဝန်ရှိသူများနှင့်လည်း ဆွေးနွေးတိုင်ပင်ခဲ့ဖူးကြောင်း၊ တော်လှန်ရေးလိုအပ်ချက်အရ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားထားသည်။

    Red News Agency

  • Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချ

    Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချ

    Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချ

    Red News Agency ၏ ဖားကန့် သတင်းထောက် ကိုတာလင်းမောင်အား ယနေ့ (စက်တင်ဘာလ ၈ ရက်) ညနေ (၅) နာရီ (၃)မိနစ်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ မှော်စီစာကျေးရွာ Ammazing Mini Mark ရှေ့၌ ဆိုင်ကယ်စီးလာစဉ် နောက်မှ ကားနှင့်တိုက်ပြေးသည့် ဖြစ်စဉ်တွင် မည်သည့်အဖွဲ့အစည်း မည်သူတစ်ဦးတစ်ယောက်က လုပ်ဆောင်သည်ဖြစ်စေ အပြင်းအထန် ကန့်ကွက်ရှုံ့ချကြောင်း ကြေညာအပ်ပါသည်။

    သတင်းထောက် ကိုတာလင်းမောင်သည် ယခင်က ပြန်/ဆက်ဦးစီးဌာန၏ သတင်းထောက်အဖြစ်မှ ၂၀၂၁ ခုနှစ်၊ စစ်ကောင်စီက အာဏာသိမ်းချိန်တွင် ဖားကန့်၌ ပထမဦးဆုံး CDM ပြုလုပ်ခဲ့သူဖြစ်ပြီး စစ်ကောင်စီ၏ ၅၀၅ (က) ဖြင့် ပုဒ်မတပ်ခံထားရပြီး နေအိမ်မှ တိမ်းရှောင်နေရသူဖြစ်သည်။

    ယခုအခါ Red News Agency သတင်းဌာန၏ သတင်းထောက်အဖြစ် ဒေသတွင်း စစ်ကောင်စီနှင့် အာဏာရှင်ဆန်ဆန်ပြုမူသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ပြည်သူ့ဘက်မှ ရပ်တည်ကာ မကြောက်မရွံ့ သတင်းမှန်များကို ရေးသားနေသူဖြစ်သည်။

    ယခုကဲ့သို့ နောက်မှ‌နေ၍ မတော်တဆဟု ပြောရန်ခက်ခဲသည့် ကားနှင့်တိုက်ပြီး တာဝန်ယူမှုမရှိ ထွက်ပြေးသူအား ဒေသတွင်း အမှန်တရားကိုရှေးရှု့သည့် ပြည်သူ့ဘက်တော် သားများက အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

    သတင်းထောက် ကိုတာလင်းမောင်သည် ယနေ့နံနက် ဖားကန့်မြို့နယ်၊ စပျစ်ခူးရွာကို တစ်ရွာလုံးပြောင်းရွှေ့စေပြီး ကျောက်စိမ်းတူးမည့် သတင်းအား ရေးသားထားသူဖြစ်ပါသည်။

    အယ်ဒီတာ

    Red News Agency

    Signal – +66951043402

    rednewsagency@yahoo.com

    ကားနှင့်တိုက်ခံရသည့် CCTV မှတ်တမ်း

    တိုက်ပြေးသည့်ကား