Tag: ရေးမြို့နယ်

  • ရေးဘီလူးတပ်ဖွဲ့ လုံခြုံရေးစစ်ဆေးမှုကို စစ်ကောင်စီလော်ဘီတွေ မခံမရပ်နိုင်ဖြစ်နေ

    ရေးဘီလူးတပ်ဖွဲ့ လုံခြုံရေးစစ်ဆေးမှုကို စစ်ကောင်စီလော်ဘီတွေ မခံမရပ်နိုင်ဖြစ်နေ

    RNA_စက်တင်ဘာ(၁၇)၊၂၀၂၄ခုနှစ်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ ရွာထိပ် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ရှိသည့်တံတားအနီး ရေးဘီလူးတပ်ဖွဲ့ ရဲဘော်များ ယမန်နေ့က နယ်မြေလုံခြုံရေး စစ်ဆေးမှုများအပေါ်  စစ်ကောင်စီလော်ဘီများမခံမရပ်နိုင် ဖြစ်နေကြောင်း တွေ့ရှိရသည်။

    ရေးဘီလူးတပ်တပ်ဖွဲ့ နယ်မြေလုံခြုံရေး စစ်ဆေးခဲ့သည့် ကျောင်ရွာတွင် စစ်ကောင်စီတပ် ၂ တပ်ရှိပြီး စစ်ကောင်စီလော်ဘီတွေဖြစ်သည့် “နန်းငယ်” တယ်လီဂရန်နှင့်အခြားသော စစ်ကောင်စီလော်ဘီချန်နယ်များတွင် “ရေးတပ်နယ် က လုံခြုံရေးတာဝန်ရှိသူတွေ မရှက်ကြဘူးလား” ခေါင်းစဉ်ဖြင့် ” ?သစ္စာမဲ့နေတာလား? ? သူရဲဘောကြောင်နေလား? ?လောက်ကောင်တွေလား?” စသည့်မေးခွန်းများဖြင့် စွပ်စွဲပြောဆိုကာ မခံမရပ်နိုင်ဖြစ်နေကြကြောင်း တွေ့ရှိရသည်။

     

    #RedNewsAgency #RNA

  • တိုက်ပွဲအတွင်း ဒေါနစစ်ကြောင်း စနိုက်ပါတာဝန်ခံ ရဲဘော်စောဘိုလေး ကျဆုံး

    တိုက်ပွဲအတွင်း ဒေါနစစ်ကြောင်း စနိုက်ပါတာဝန်ခံ ရဲဘော်စောဘိုလေး ကျဆုံး

    RNA_ဧပြီ(၁၃)၊၂၀၂၄ ခုနှစ်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၉၉) စစ်ကောင်စီတပ်စခန်းအား ဧပြီလ ၁၂ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း စနိုက်ပါ တာဝန်ခံ ရဲဘော် စောဘိုလေး ကျဆုံးခဲ့ရကြောင်း သိရသည်။

    “ရဲဘော်သည် စစ်ကြောင်းအတွက် ချေမှုန်းရေးသာမက ခေါင်းဆောင်မှုပိုင်းတွင်လည်း စွမ်းစွမ်းတမံဆောင်ရွက်သည်သာမက တည်ဆောက်ရေး၊ အကျိုးပြုလုပ်ငန်းများတွင် အားတက်သရော ပါဝင်ဆောင်ရွက်ထမ်းဆောင်ခဲ့သော ရဲဘော် ဖြစ်သောကြောင့် ရဲဘော်၏ စွန့်လွှတ်အနစ်နာခံပေးဆပ်မှုအတွက် စစ်ကြောင်းအနေဖြင့် ယူကျုံးမရ နှမျှောတသဖြစ်ရပါသည်” ဟု ဒေါနစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့် သေဆုံးနိုင်

    မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့် သေဆုံးနိုင်

    RNA_အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။

    ဒေါနစစ်ကြောင်၊ ရေးပြောက်ကျားတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ်၊ ABSDF တပ်ရင်း (၁) ရဲဘော်များ အောက်တိုဘာလ ၂၀ ရက်နေ့က ရေးမြို့နယ်အတွင်း ဖော်ဆောင်သည့် ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေဆုံးနိုင်ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။

    မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီလက်အောက်ခံများရှိသည့် ရေးတံတားဂိတ်၊ ကျုံလောင်းရွာနှင့် ဝဲပေါင်ကျေးရွာကြား ကားလမ်းဘေး ရာညာခြံအတွင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ လူနာသယ်ဆောင်လာသည့် ကားတို့ကို စစ်ကောင်စီတပ်က တိုက်ခိုက်ခြင်းအပါအဝင် ယမန့်က တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီဝန်းကျင်ရှိကြောင်း သိရသည်။

    ယမန့်နေက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေဆုံးနိုင်ပြီး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ ၁၂ ဦးဒဏ်ရာရရှိပြီး ၂ ဦးစိုးရိမ်ရကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


    စစ်ကောင်စီတပ်မှ သေဆုံးသူများ၏ ပုံတချို့ကို ကြည့်လိုပါက >>>>> https://t.me/rednewsagency/4354

    #RedNewsAgency

  • အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် KNLA၊ PDF ပူးပေါင်းစစ်ကြောင်း ယနေ့လည်း စစ်ဆေးမှုပြုလုပ် 

    အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် KNLA၊ PDF ပူးပေါင်းစစ်ကြောင်း ယနေ့လည်း စစ်ဆေးမှုပြုလုပ် 

    RNA_ဇွန်(၂၀)၊၂၀၂၃ ခုနှစ်။

    မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် မော်တော်ယာဉ်သွားမှုနှင့် ပတ်သက်ပြီး KNLA၊ PDF ပူးပေါင်းစစ်ကြောင်းများက နေ့စဉ်မပြတ် လုံခြုံရေးရယူကာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

    အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတစ်‌လျှောက် ဇွန်လ ၁၈ ရက်နေ့မှ စတင်စစ်ဆေးခဲ့ရာ ယမန်နေ့နှင့် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ နေ့လည် ၁၂ နာရီ ၃၀ မိနစ်တကြိမ်နှင့် နေ့လည် ၃ နာရီ ၃၀ မိနစ်မှ ၄ နာရီ ၃၀ မိနစ်ထိ တကြိမ်၊ ၂ နေရာခွဲ စစ်ဆေးခဲ့သည်ဟု တောင်ပိုင်းတိုင်း စစ်ဒေသခွဲ အမှတ် (၃) ဒုစစ်ဒေသခွဲမှူးရုံးမှ ထုတ်ပြန်ထားသည်။

    (more…)

  • KNLA၊ PDF ပူးပေါင်းစစ်ကြောင်းက မော်လမြိုင်-ရေး- ထားဝယ်လမ်းမပေါ်မှာ ၃ နေရာခွဲပြီး စစ်ဆေး

    KNLA၊ PDF ပူးပေါင်းစစ်ကြောင်းက မော်လမြိုင်-ရေး- ထားဝယ်လမ်းမပေါ်မှာ ၃ နေရာခွဲပြီး စစ်ဆေး

    RNA_ဇွန်(၁၉)၊၂၀၂၃ ခုနှစ်။

    မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမပေါ်တွင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့က ၃ နေရာခွဲကာ စစ်ဆေးခြင်းနှင့်လုံခြုံရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။

    ဇွန်လ ၁၈ ရက်နေ့ နံနက် ၇ နာရီမှ ၁၁ နာရီထိ KNLA တပ်ရင်း ၂၇ တပ်ဖွဲ့ဝင်များနှင့် PDF ပူးပေါင်းစစ်ကြောင်းဟာ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမကြီးတစ်လျှောက် နေရာ ၃ နေရာခွဲပြီး စစ်ဆေးစဉ် စစ်​ကောင်စီနှင့်ဆက်စပ်သူဟု ယူဆရသူ ၄ ဦးကို ထိန်းသိမ်းခဲ့ပြီး စစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။

    (more…)

  • ရဲစခန်းအား တိုက်ခိုက်ခြေမှုန်းအပြန် တိုက်ပွဲဖြစ်ပြီး MSRO တာဝန်ခံ ရဲဘော် သီဟနေစိုး ကျဆုံး 

    ရဲစခန်းအား တိုက်ခိုက်ခြေမှုန်းအပြန် တိုက်ပွဲဖြစ်ပြီး MSRO တာဝန်ခံ ရဲဘော် သီဟနေစိုး ကျဆုံး 

    RNA_အောက်တိုဘာ(၁၈)၊၂၀၂၂ခုနှစ်။

    မွန်ပြည်နယ်၊ ရေးမြို့အနောက်ဘက် (၇) မိုင်ခန့် အကွာရှိ အစင်ကျေးရွာအုပ်စု၊ဇီးဖြူသောင်ကျေးရွာ နယ်မြေရဲစခန်းအား အောက်တိုဘာလ (၁၇) ရက်နေ့က သွား ရောက်တိုက်ခိုက် ခြေမှုန်းပြီးအပြန် တိုက်ပွဲဖြစ်ကာ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့စည်း (MSRO) မှ တာဝန်ခံရဲဘော် ကိုသီဟနေစိုး (ခ) တိုဘီ (ခ) ကိုအဂ္ဂ သည် မြင့်မြတ်စွာကျဆုံးခဲ့ပါကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

    (more…)