Red News Agency

Independent Journalism for Justice and Human Rights.

မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း ပစ်ခတ်ခံရမှု ကလေးငယ် ၁၀ ဦးအပါအဝင် ၂၈ ဦးသေဆုံး

RMA_အောက်တိုဘာ(၁၀)၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး၊ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်မှ အောက်တိုဘာလ (၉) ရက်နေ့ ည (၁၁) နာရီ (၃၀) မိနစ်ခန့်က လက်နက်ကြီး ပစ်ခတ်မှုအတွင်း ‌စစ်ဘေးရှောင်ပြည်သူ ကလေးငယ် (၁၀) ဦးအပါအဝင် (၂၈) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရချိန် တချိန်တည်း လိုင်ဇာရှိ ရက္ခိုင့်တပ်တော် – AA စခန်းကိုလည်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် AA တပ်ဖွဲ့ဝင် တဦး ကျဆုံးပြီး ၁၀ ဦး  ဒဏ်ရာရရှိခဲ့ကြောင်း မုန်လိုင်ခတ်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် အရပ်သားပြည်သူများ သတ်ဖြတ်ဟည့် စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျကျူးလွန်နေကြောင်း၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ခံရပြီး အသက်ဆုံးရှုံးခဲ့ရသော အပြစ်မဲ့ပြည်သူများအတွက် ညီနောင်မဟာမိတ် သုံးဖွဲ့မှများစွာ ဝမ်းနည်း‌ကြေကွဲရပြီး တရားမျှတမှုနှင့် အမှန်တရားတို့အတွက် ကချင်ပြည်သူလူထု၊ ကချက်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) နှင့်အတူ တစ်သွေးတည်း တစ်သားတည်းရှိကြောင်း ထုတ်ပြန်ထားသည်။

Photo : Credit

#RedNewsAgency