CDMတပ်မတော်သား

စစ်ကောင်စီတပ်အင်အား ၅၀ ရှိ စခန်းတခုလုံး အညံ့ခံမှုကြောင့် အားလုံး အသက်ချမ်းသာပေးခဲ့

စစ်ကောင်စီတပ်အင်အား ၅၀ ရှိ စခန်းတခုလုံး အညံ့ခံမှုကြောင့် အားလုံး အသက်ချမ်းသာပေးခဲ့

RNA_အောက်တိုဘာ(၃၀)၊၂၀၂၃ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် အင်အား (၅၀) ရှိ စခန်းတခုကို (၂) နာရီအတွင်း မဟာမိတ် တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်​သော်လည်း အားလုံး အချိန်မီ အညံ့ခံခဲ့သောကြောင့် အားလုံးကို အသက်ချမ်းသာပေးခဲ့ပြီး လုံခြုံစွာ နေရာချ​ပေးခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် အထူးတိုက်တွန်းချက်ကို MNDAA၊ TNLA၊ AA တို့ထံ အသက်မသေလို၍ ၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်မသေလိုသည့်အပြင် မိသားစုနှင့် ပေါင်းစည်းလို၍ အလင်းဝင်ရောက်လာသူ (၁၀၀) ကျော်ရှိပြီဖြစ်ကြောင်း၊ ညီနောင်မဟာမိတ်များထံ ဆက်သွယ် အလင်းဝင်သူများ၏ အသက်အန္တရာယ်လုံခြုံရေးကို အထူးအာမခံပြီး လူဂုဏ်သိက္ခာ ၊ စစ်သားဂုဏ်သိက္ခာ…
Read More
တောင်းယူလို့တော့မရဘူး တိုက်ယူမှရတော့မယ် တောခိုဖို့ အချိန်တန်ပြီ

တောင်းယူလို့တော့မရဘူး တိုက်ယူမှရတော့မယ် တောခိုဖို့ အချိန်တန်ပြီ

RNA_ဇူလိုင်(၉)၊၂၀၂၃ ခုနှစ်။ “ကျွန်တော်အတွေ့အကြုံအရ သိလိုက်ရတယ် တောင်းယူလို့တော့မရတော့ဘူး တိုက်ယူမှရတော့မယ် ကျွန်တော် ကိုယ့်ကိုယ်ကို တောခိုသင့်တဲ့အချိန်တန်ပြီပေါ့” ဟုစသဖြင့်  "ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်မှာ CDM စစ်သား ကဗျာဆရာဂနိုက်၏ ရင်တွင်းစကားများ၊ အတွေ့အကြုံများနှင့် ခံယူချက်စသည်တို့ကို ပြောကြားထားသည်။ Red News Agency
Read More
KIA နှင့် တိုက်ပွဲအတွင်း စစ်တပ်က ဗျူဟာမှူးများပါ ပြေးကြရ 

KIA နှင့် တိုက်ပွဲအတွင်း စစ်တပ်က ဗျူဟာမှူးများပါ ပြေးကြရ 

RNA_ဇူလိုင်(၂၀)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာချိန် စစ်ကောင်စီတပ်ထောက်ခံသူများက KIA ကို အပြတ်တိုက်မည်ဟု ပြောကြသူများသည် KIA နှင့်တိုက်ပွဲတွင် မပါအဝင်သူများသာဖြစ်ပြီး တကယ့်တိုက်ပွဲများတွင် စစ်တပ်က ဗျူဟာမှူးများပါ ထွက်ပြေးရသည့် အခြေအနေများရှိကြောင်း CDM ဗိုလ်ကြီး ကိုထက်မြတ်က ပြောကြားထားသည်။ ကချင်ပြည်နယ်မှာ တိုက်ပွဲဝင်ခဲ့ချိန် ဗျူဟာမှူးပါထွက်ပြေးကြရသလို ဗန်းမော်ဆေးရုံမှာ ဒဏ်ရာရစစ်သားများနှင့်ပြည့်သွားခဲ့ကြောင်း၊ ယခုလက်ရှိ စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းထွက်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်တို့ ကြောက်လန့်ခဲ့ပုံများ စသည်တို့ကို ပြောကြားထားခြင်း ဖြစ်သည်။ #RedNewsAgency
Read More
အာဏာသိမ်းလိုက်သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်

အာဏာသိမ်းလိုက်သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်

RNA_ဇွန်(၃၀)၊၂၀၂၃ ခုနှစ်။ စစ်တပ်အာဏာသိမ်းပါက လက်နက်ကိုင်တော်လှန်ဖို့တွေးထားခဲ့ပြီး ယခုလက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေသည့် ရေတပ် CDM - အုပ်ခွဲတပ်ကြပ်ကြီးဖြစ်သည့် တောင်ညိုစစ်ကြောင်း လက်နက်ကြီးတာဝန်ခံ (ယာယီ) ကိုမြတ်မင်းသူက အတွေ့အကြုံ​တွေ၊ ခံယူချက်တွေကို ပြောကြားထားသည်။ Red News Agency
Read More
တပ်ထဲက အကြောင်းများပြောတဲ့ CDM တပ်ကြပ်ကြီးများ

တပ်ထဲက အကြောင်းများပြောတဲ့ CDM တပ်ကြပ်ကြီးများ

RNA_ဇွန်(၂၀)၊၂၀၂၃ ခုနှစ်။ နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဘက်ရပ်တည်ခဲ့ကြသည့် စစ်ကောင်စီတပ်အတွင်းမှ CDM တပ်ကြပ်ကြီးများက တပ်တွင်းအခြေအနေများနှင့် အတွေ့အကြုံများကို " ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဉ်တွင် ပြောကြားထားကြသည်။ #RedNewsAgency
Read More
PDF စစ်သားလို့ခံယူထားသည့် နဂါးနီစစ်ကြောင်းက CDM ဒုဗိုလ်ကိုဟိန်း

PDF စစ်သားလို့ခံယူထားသည့် နဂါးနီစစ်ကြောင်းက CDM ဒုဗိုလ်ကိုဟိန်း

RNA_ဇွန်(၁၆)၊၂၀၂၃ ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး CDM ပြုလုပ်သည့် စစ်တပ်မှ အရာရှိများထဲတွင်ပါခဲ့ပြီး ပထမဆုံး PDF အပတ်စဉ် (၁) သင်တန်းကို သင်တန်းပေးခဲ့သည့် နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်မှူး CDM ဒုဗိုလ်ကိုဟိန်းက အာဏာသိမ်းချိန်က ကြုံတွေ့ခဲ့ရပုံများ၊ ထွက်ပြေးလွတ်မြောက်လာမှုနှင့် ယခု လုပ်ဆောင်နေမှုများနှင့်ပတ်သက်ပြီး “ ပြည်သူ့ဘက်သား ရင်တွင်းစကား” အစီအစဉ်မှာ ပြောကြားထားသည်။ “ကိုယ့်ကိုယ်ကိုလည်း ကိုယ်လွတ်ရုန်းပြီးတော့မှ ရှင်းရှင်းပြောရရင် တတိယနိုင်ငံလည်း မသွားချင်တော့ဘူး။ အဲဒါကြောင့်မို့လို့ PDF တွေနဲ့ပဲ တူတူနေပြီးတော့ ကိုယ့်ကိုယ်ကိုလည်း PDF စစ်သားလို့ခံယူပြီးတော့မှ လူကြီးတွေ တာဝန်ပေးတဲ့အတိုင်း တာဝန်ကျေပွန်အောင် ထမ်းဆောင်တဲ့ ပြည်သူ့စစ်သားတစ်ယောက်အနေနဲ့ပဲ တာဝန်ယူလိုက်တယ်ပေါ့နော်” ဟုစသဖြင့် CDM ဒုဗိုလ် ကိုဟိန်းက…
Read More
တော်လှန်ရေးသည်ကလဲ့စားမဟုတ်

တော်လှန်ရေးသည်ကလဲ့စားမဟုတ်

"ငါတို့တော်လှန်းရေးလုပ်နေတယ်ဆိုတာ ကလဲ့စားချေနေတာမဟုတ်ဘူး။ သူတို့ယုတ်မာသလို ငါတို့ ပြန်မယုတ်မာဘူး။ ငါ့ရဲဘော်တွေထဲမှာ ရွာလုံးကျွတ်မီးရှို့ခံရပြီး မိသားစုဝင်တွေ ရက်ရက်စက်စက်သတ်ခံရလို့ ဝင်လာတဲ့သူတွေ အများကြီး။ သူတို့ကိုလည်း တော်လှန်ရေးနဲ့ ကလဲ့စား မရောဖို့ ငါအမြဲမှာတယ်။ ငါတို့က တိုင်းပြည်ကိုအမှန်တကယ်ပြောင်းလဲစေချင်လို့ တော်လှန်နေတာ"   ချမ်းမင်း - CDM တပ်မတော်သား မြန်မာနိုင်ငံရဲ့ တော်လှန်ရေးခရီးဟာ ရက်မှလ လမှနှစ်သို့ကူးပြောင်းလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ တော်လှန်ရေးနဲ့ပတ်သတ်ပြီး အတွေးအမြင်တွေဟာလဲရင့်ကျက်လာကြတယ်။ တော်လှန်ရေးအသိနဲ့ပတ်သတ်ပြီး ပြီးခဲ့တဲ့ရကိပိုင်းက ကြုံတွေ့ခဲ့ရတာလေးကိုပြောပြချင်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော်တို့ ခရီးတစ်ခုထွက်ရင်း KNU တပ်ရင်းတစ်ရင်းမှာ ညအိပ်ဖြစ်ကြတယ်။   ကျွန်တော်တို့ရောက်သွားတာ ညနေပိုင်းဆိုတော့ အားကစားလုပ်တဲ့သူနဲ့ သောင်းရင်းမြစ်မှာ ရေဆင်းချိုးတဲ့သူတွေနဲ့ သူတို့ကိုကြည့်ရတာ အတော်လေးပျော်ဖို့ကောင်းနေပါတယ်။ အဲ့က ကရင်စစ်သားတွေက…
Read More
ဒီသေနတ်ကို ယူလာခဲ့တာ ဆုကြေးငွေလိုချင်လို့ မဟုတ်ပါဘူး

ဒီသေနတ်ကို ယူလာခဲ့တာ ဆုကြေးငွေလိုချင်လို့ မဟုတ်ပါဘူး

ရေငတ်တဲ့ဒဏ် မခံနိုင်တော့ သူငယ်ချင်း ၂ ယောက် ​ရေရှာခပ်တော့ မိုင်းထိပြီး သူငယ်ချင်းက ဆုံးသွားတယ်။ ကျနော်က ဒဏ်ရာရသွားတယ် CDM တပ်သားတစ်ဦး သူငယ်ချင်း ၂ ယောက် CDM ဝင်ဖို့ ကြိုးစားခဲ့တာ ကြာခဲ့ပြီ။ CDM ကူညီရေး အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ မေမေ့ရင်ခွင် အဖွဲ့နဲ့ ချိတ်ဆက်ခဲ့တယ်။ ချက်ခြင်းပဲ ထွက်လာလို့ရတယ်ဆိုပြီး လက်ခံပြီး ကမ်းကူခပါ အကူညီပေးမယ်လို့ ကြိုဆိုခဲ့ပေမယ် ကိုယ်လက်ထဲ ငွေလေးလည်း ဆောင်ထားချင်လို့ လစာလေးထုတ်ပြီးမှ ထွက်ခဲ့မယ်လို့ အကြောင်းပြန်ခဲ့တယ်။ လစာ မထုတ်ခင် ရှေ့တန်းကို ပါသွားတယ်။  ရှေ့တန်းမှာ ရိက္ခာမလောက် သောက်စရာရေ မရှိနဲ့ ရှေ့တန်း ကာကင်းကုန်းကို အပို့ခံရတယ်။…
Read More
အမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်သူများကို ကြိုဆိုကြောင်း KNLA တပ်မဟာ (၅) ဗိုလ်မှူးချုပ်ပြော 

အမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်သူများကို ကြိုဆိုကြောင်း KNLA တပ်မဟာ (၅) ဗိုလ်မှူးချုပ်ပြော 

RNA_ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၅) လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများထံ ဒီဇင်ဘာလအထိ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်များနှင့်အတူ (၅၀) နီးပါး အလင်းဝင်လာသည့်ကိစ္စနှင့် ပတ်သက်ပြီး အမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်သူများကို ကြိုဆိုကြောင်း KNLA တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက ပြောကြားထားသည်။ " ဒီလိုအမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်လာသူ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ကျွန်တော်တို့ဖက်ကတော့ လှိုက်လဲပျူငှါစွာနဲ့ လက်ခံကြိုဆိုပါတယ်။ ရှေ့လျှောက်အနာဂတ် ဘာလုပ်ချင်၊ ဘာဖြစ်ချင်တာကတော့ သူတို့အပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့နဲ့ နေသွားချင်လည်း လက်ခံတယ်။ သူတို့အိမ်ပြန်ချင်တယ်ဆိုရင်လည်း အတက်နိုင်ဆုံး စီစဥ်ပေးပါတယ်"…
Read More