Category: ကြေငြာချက်

  • စစ်ကောင်စီ လက်နက်ကိုင် ၁၈ ယောက်သေဆုံး

    စစ်ကောင်စီ လက်နက်ကိုင် ၁၈ ယောက်သေဆုံး

    တမူး၊ ဧပြီ ၁၁ ရက်။

    ကူကီးတပ်မတော် ဦးဆောင်မှုဖြင့် တမူးမြို့ပေါ်မှ ကျောင်းသားများ၊ CDM ဝန်ထမ်းများ၊ ပြည်သူများ ပူးပေါင်းကာ ပြန်လှန်ခုခံ တိုက်ထုတ်ခဲ့မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင် ၁၈ ယောက် သေဆုံးခဲ့သည်ဟု ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    Red News Agency

  • စစ်တပ်အာဏာသိမ်းပြီး ၆၉ ရက် အတွင်း ပြည်သူ ၇၀၁ သေဆုံး

    စစ်တပ်အာဏာသိမ်းပြီး ၆၉ ရက် အတွင်း ပြည်သူ ၇၀၁ သေဆုံး

    RNA – ဧပြီ ၁၁ ရက်။

    စစ်တပ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ရက်ပေါင်း ၆၉ ရက်အတွင်း စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက် ဖမ်းဆီး ဖြိုခွင်း ပစ်ခတ် သတ်ဖြတ်ခဲ့သည့်အတွက် ပြည်သူ ၇၀၁ ကျဆုံးသွားရကြောင်း ယနေ့တွင် AAPP က ထုတ်ပြန်ထားသည်။

    ဧပြီလ ၉ ရက်နေ့က ပဲခူးမြို့တွင် ကျဆုံးသူ ၈၂ ဦး ရှိခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    စစ်တပ်အာဏာသိမ်းပြီး ဧပြီလ ၁၀ ရက်နေ့အထိ ဖမ်း ဆီးခံရသူ ၃၈၀၃ ဦး၊ ချုပ်နှောင်ထားခံရဆဲသူ ၃၀၁၂ ဦး၊ အနည်းဆုံးပြည်သူ ၂၃ ဦးကို သေဒါဏ်ချမှတ်ထားကြောင်း၊ ၆၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခံရပြီးဖြစ်ကြောင်း ၊ ထုတ်ပြန်ထားသည့် ကျဆုံးစာရင်းတွင် မပါဝင်သူများရှိနိုင်ကြောင်း သိရသည်။

    Red News Agency

  • လွတ်လပ်သောသတင်းမီဒီယာများ၏သဘောထားထုတ်ပြန်ချက်

    လွတ်လပ်သောသတင်းမီဒီယာများ၏သဘောထားထုတ်ပြန်ချက်

    ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၁ ။

    ၁။ ဖေဖော်ဝါရီလ ၁ရက် ၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာသိမ်းခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာများထံ ပေးပို့ခဲ့သည့် မေတ္တာရပ်ခံ သတိပေး အ ကြောင်းကြားစာများသည် သတင်းမီဒီယာ၏ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ခွင့်ကို ထိပါးစေသဖြင့် ဤသတင်းမီဒီယာများ၏ သဘောထားကို ထုတ်ပြန်လိုက်သည်။

    ၂။ ဖေဖော်ဝါရီလ(၁၃) ရက်နှင့် ဖေဖော်ဝါရီလ (၂၃) ရက်နေ့များတွင် သတင်းမီဒီယာများထံ ပေးပို့ခဲ့သည့် မေတ္တာ ရပ်ခံသတိပေးအကြောင်း ကြားစာများတွင် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) နှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာ၍ တာဝန်ယူဆောင်ရွက်နေချိန် ဖြစ်သဖြင့် အာဏာသိမ်းအစိုးရ၊ စစ်အစိုးရ၊စစ်ကောင်စီဟု သတင်းမီဒီယာများအနေဖြင့် ရေးသားထုတ်လွှင့် ဖော်ပြခြင်းမပြုရန် ဖော်ပြပါရှိသည်။

    ၃။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လက်ရှိ နိုင်ငံ့အာဏာသုံးရပ်လုံးကို ထိန်းချုပ်ထားသည်ဟု ပြောဆိုနေသည့် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာများထံ ပေးပို့သည့် မေတ္တာရပ်ခံ သတိပေးအကြောင်းကြားစာသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄(က) နှင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၄(က) ပါ ပြဌာန်းချက်များအရ သ တင်းမီဒီယာများ၏ လွတ်လပ်စွာ သတင်းရေးသားထုတ်လွှင့်ခြင်းဆိုင်ရာအခွင့်အရေးများနှင့် ဆန့်ကျင်နေသည်။

    ၄။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း စာပိုဒ် (၁၉) တွင်ဖော်ပြထားသည့် လွတ်လပ်စွာသတင်းရေးသားထုတ်လွှင့်ခြင်း ဆိုင်ရာအခွင့်အရေးများပေါ်တွင် ယခုသတင်းမီဒီယာများက ယုံကြည်ရပ်တည်သည်။
    ၅။ လွတ်လပ်သောသတင်းမီဒီယာများအနေဖြင့် ရေးသားထုတ်လွှင့်ဖော်ပြသည့် အကြောင်းအရာများနှင့် အသုံးအနှုန်းများကို သတင်းမီဒီယာ၏ ကျင့်ဝတ်စံနှုန်းများနှင့်အညီ လွတ်လပ်စွာ ဆက်လက် ရေးသားထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

    Red News Agency

  • မြို့နယ်တချို့တွင် အဂတိအမည်ခံရုံးများ ဖွင့်နေ

    မြို့နယ်တချို့တွင် အဂတိအမည်ခံရုံးများ ဖွင့်နေ

    မြို့နယ်တစ်ချို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံလျက် ရုံးခန်းဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မှုများသည် ဤကော်မရှင်နှင့် သက်ဆိုင်မှုမရှိသည့်အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်လည်း အကျုံးဝင်မှု မရှိပါကြောင်း ဇွန်လ ၂၀ ရက်နေ့တွင်သတင်းထုတ်ပြန်သည်။

    Red News Agency

  • သတင်းထောက်အမျိုးသမီး ၂ဦး သတင်းယူသွားရာတွင် ပိတ်ဆို့ တားဆီးခံရ

    သတင်းထောက်အမျိုးသမီး ၂ဦး သတင်းယူသွားရာတွင် ပိတ်ဆို့ တားဆီးခံရ

    မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာသို့ သတင်းယူသွားရောက်သည့် RFA သတင်းဌာန သတင်းထောက် မခေမဏီဝင်းနှင့် 7Days TV သတင်းဌာနမှ သတင်းထောက် မဖြိုးဖြိုးဇော်တို့ နှစ်ဥိးကို ကျေးရွာအနီးတွင် အကောင်အထည်ဖော်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးအပါအဝင် အမျိုးသား ၅ ဦးခန့်က ရွာအဝင် အများပြည်သူပိုင် လမ်းပေါ်တွင် တားဆီးခဲ့ကြောင်း သိရသည်။

    အမျိုးသမီးသတင်းထောင်များကို အများသား ၅ ဦးကျော်ပါ လူအုပ်စုက အများပြည်သူပိုင်လမ်းပေးတွင် သွားလာနေသည်ကို တားဆီးခဲ့ခြင်းသည် သတင်းလွတ်လပ်ခွင့်ထိပါးရုံသာမက ကာအိန္ဒြေကိုပျက်ပြားစေသည်။ ထို့အပြင် လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးကိုပါ ထိခိုက်စေသည်ဟု ကျွနု်ပ်တို့က ရှုမြင်ကြောင်း အထက်မြန်မာပြည် သတင်းသမားများအဖွဲ့က ထုတ်ပြန်ထားသည်။

    Red News Agency

  • နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အကျဉ်းသား/အကျဉ်းသူ ၆ ထောင်ကျော် လွတ်ငြိမ်းသက်သာခွင့်ပြု

    နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အကျဉ်းသား/အကျဉ်းသူ ၆ ထောင်ကျော် လွတ်ငြိမ်းသက်သာခွင့်ပြု

    ရန်ကုန်၊ ဧပြီ ၂၆ ။

    လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့် အကျဉ်းထောင် စခန်းအသီးသီးတွင် အကျဉ်းကြခံနေရသော နိုင်ငံသား အကျဉ်းသား/ အကျဉ်းသူ ၆၉၄၈ ဦးအား လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ပြီး ၊ ဆက်လက်ပြီး လွတ်ငြိမ်းသက်သာခွင့် ပေးအုံးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။

    လွတ်ငြိမ်သက်သာခွင့်မရရှိသည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်းက အကျဉ်ထောင်အချို့တွင် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့သည်။

    Red News Agency