စက်တင်ဘာလအတွင်း ကရင်နီပြည်မှာ စစ်ကောင်စီတပ်သား ၇၈ ဦးသေဆုံး

RNA_အောက်တိုဘာ (၃)၊၂၀၂၃ ခုနှစ်။

ကရင်နီပြည်အတွင်း စက်တင်ဘာလအတွင်း မယ်စဲ့မြို့နယ် စသည်တို့တွင် စစ်ကောင်စီတပ်နှင့် KNDF နှင့်မဟာမိတ်ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၇၈ ဦးသေဆုံးပြီး လက်နက်ခဲအများအပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကရင်နီပြည်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂၀ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ KNDF ရဲဘော် ၈ ဦးကျဆုံးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သုံ့ပန်း ၅ ဦးဖမ်းဆီးခံရပြီး လက်နက်ငယ် ၃၆ လက်၊ လက်နက်ကြီး ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။

စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် လူနေအိမ် ၃ လုံး၊ ဘာသာရေးအဆောက်အဦ ၁လုံး၊ ကျန်းမာရေးအဆောက်အဦ ၁ လုံးပျက်စီးထိခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများအတွင်း အရပ်သား ပြည်သူ ၂ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

#RedNewsAgency

By Editor