သတင်းထောက်

Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချ

Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချ

Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချ Red News Agency ၏ ဖားကန့် သတင်းထောက် ကိုတာလင်းမောင်အား ယနေ့ (စက်တင်ဘာလ ၈ ရက်) ညနေ (၅) နာရီ (၃)မိနစ်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ မှော်စီစာကျေးရွာ Ammazing Mini Mark ရှေ့၌ ဆိုင်ကယ်စီးလာစဉ် နောက်မှ ကားနှင့်တိုက်ပြေးသည့် ဖြစ်စဉ်တွင် မည်သည့်အဖွဲ့အစည်း မည်သူတစ်ဦးတစ်ယောက်က လုပ်ဆောင်သည်ဖြစ်စေ အပြင်းအထန် ကန့်ကွက်ရှုံ့ချကြောင်း ကြေညာအပ်ပါသည်။ သတင်းထောက် ကိုတာလင်းမောင်သည် ယခင်က ပြန်/ဆက်ဦးစီးဌာန၏ သတင်းထောက်အဖြစ်မှ ၂၀၂၁ ခုနှစ်၊ စစ်ကောင်စီက အာဏာသိမ်းချိန်တွင်…
Read More
Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် ထောင်ဒဏ် အနှစ်(၂၀) ချမှတ်ခံရ 

Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် ထောင်ဒဏ် အနှစ်(၂၀) ချမှတ်ခံရ 

RNA_စက်တင်ဘာ(၆)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်၊ အထူးတရားရုံးမှ စစ်ကောင်စီလက်အောက်ခံများက ယနေ့ (စက်တင်ဘာ ၆ ရက်) တွင် Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချလိုက်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းအခြေအနေများကိုသွားရောက် မှတ်တမ်းတင်စဉ် ၂၀၂၃ ခုနှစ် မေ ၂၃ ရက်က စစ်တွေမြို့၌ ကိုစိုင်းဇော်သိုက် ဖမ်းဆီးခံလိုက်ရကြောင်း၊ ကိုစိုင်းဇော်သိုက်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ (ထိတ်လန့်စေမှု)၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ…
Read More
သတင်းလွတ်လပ်ခွင့် ကင်းမဲ့နေသည့် ဖားကန့်မိုင်းတွင်းဒေသ

သတင်းလွတ်လပ်ခွင့် ကင်းမဲ့နေသည့် ဖားကန့်မိုင်းတွင်းဒေသ

အခုက ဓါတ်ပုံလေး ဖုန်းနဲ့သွားရိုက်တာတောင် ဟေ့လူ မရိုက်ရဘူးဆိုတာ နားမလည်ဘူးလား၊ ခုပြန်ဖျက်၊ ဘာသတင်းထောက်လဲ အစအနပျောက်သွားမယ်၊ အဲ့လိုဟ နည်းနည်းမှ ပြန်ပြောလို့မရဘူး RNA_ဖားကန့်၊ ဇန်နဝါရီ(၂၉)၊၂၀၂၃ ခုနှစ်။ ဖားကန့်ဟုဆိုလျှင် ကျောက်စိမ်းတူးဖော်ထွက်ရှိရာ မိုင်းတွင်းဒေသမှန်း လူတိုင်းသိကြသော်လည်း ဒေသတွင်း သတင်းရယူခြင်းလုပ်ငန်းများကို အသက်နှင့်ခင်းထားရကြောင်းကိုမူ လူသိနည်းလှသည်။ စစ်ကောင်စီမှ မတရားအာဏာသိမ်းပြီးနောက် တွင်ကျယ်စွာတူးဖော်လာသည့် ကျောက်မိုင်း‌ဧရိယာအတွင်း ဖုန်းဖြင့် ဓါတ်ပုံရိုက်ခြင်း၊ ဗွီဒီယိုရိုက်ကူးခြင်းများအား တွေ့ရှိပါက လုပ်ကွက်လုံခြုံရေးယူပေးထားသူများ၏ ဖမ်းဆီးရိုက်နှက်ခံရခြင်း၊ ဖုန်းထုခွဲခံရခြင်းများကြုံတွေ့ကြရသည်။ တစ်နိုင်ငံလုံး နွေဦးတော်လှန်ရေးအတွက် လုံးပန်းနေကြသော်လည်း ဖားကန့်က စီးပွားရေးအုတ်မြစ်အဖြစ် ငွေကြေးရတက်ရှိသူများ၏ စေလိုရာစေ ဒေသသာဖြစ်ခဲ့သည်။ (more…)
Read More
သတင်းထောက် ကိုနောင်ရိုး ယနေ့လွတ်မြောက်၊ ဖမ်းဆီးခံရတာ နောင်တမရ သတင်းထောက်ဆက်လုပ်မည် 

သတင်းထောက် ကိုနောင်ရိုး ယနေ့လွတ်မြောက်၊ ဖမ်းဆီးခံရတာ နောင်တမရ သတင်းထောက်ဆက်လုပ်မည် 

ဖားကန့်၊ အောက်တိုဘာ (၃)၊၂၀၂၂ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မှ ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် Voice of Milikha သတင်းဌာန၏ သတင်းထောက် ကိုနောင်ရိုးသည် ယနေ့ နံနက် (၈)နာရီက ဖားကန့် (မဇွပ်ယန်) အချုပ်ထောင်မှ လွတ်‌မြောက်လာသည်။ "ကျွန်တော် စကတည်းက သတင်းထောက်လုပ်တယ်၊ ဖမ်းဆီးခံရပြီး ထောင်ကျတယ်၊ ခုလည်းသတင်း ထောက်အလုပ်ပဲ ဆက်လုပ်သွားမယ်၊ ဖမ်းဆီးခံရလို့လည်း နောင်တမရဘူး၊ ကျွန်တော် မှန်တဲ့အလုပ်ကို လုပ်နေတာခြင်းသာဖြစ်တယ်" ဟု ယနေ့ လွတ်မြောက်လာသည့် သတင်းထောက် ကိုနောင်ရိုးက ပြောသည်။ (more…)
Read More
သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ မဆုရည်လင်း (ခ) လင်းလင်း တို့ဖမ်းဆီးခံရ

သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ မဆုရည်လင်း (ခ) လင်းလင်း တို့ဖမ်းဆီးခံရ

အလွတ်တမ်း ဓာတ်ပုံ သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ မဆုရည်လင်း (ခ) လင်းလင်း တို့ဖမ်းဆီးခံရ ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်။ အလွတ်တန်း သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား သည် ယနေ့ ညနေတွင်ပြုလုပ်မည့် သပိတ်ဆန္ဒပြပွဲသို့ သတင်းရယူရန်အသွား ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ မဆုရည်လင်း (ခ) လင်းလင်း နှင့်အတူ လမ်းတွင် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်း ကိုခံခဲ့ရကြောင်း သိရသည်။ မည့်သည့်နေရာ ကိုခေါ် ဆောင် ထိန်းသိမ်း ထားသည်ကို ယခုအချိန်ထိ မကြားသိရသေးဘဲ မိသားစုနှင့် အဆက် အသွယ်ပြတ်တောက်လျက်ရှိနေသည့်အတွက် စစ်ကောင်စီ၏ လူမဆန်တဲ့…
Read More