Tag: သတင်းထောက်

  • သတင်းစာဆရာ ဦးသီဟဇော်၏ ဈာပန (မြင်ကွင်း)

    သတင်းစာဆရာ ဦးသီဟဇော်၏ ဈာပန (မြင်ကွင်း)

    စစ်အာဏာသိမ်းပြီးနောက် နယ်စပ်တိမ်းရှောင်လာရသော သတင်းစာဆရာ ဦးသီဟဇော် (ခ) မောင်သူရိန် (အသက် ၄၁ နှစ်) သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကွယ်လွန်သွားသည့်အတွက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နေ့လယ်တွင် မဲဆောက်မြို့၌ ဈာပနအခမ်းအနားပြုလုပ်ခဲ့သည်။

    ဦးသီဟဇော် (ခ) မောင်သူရိန်သည် မြစ်မခသတင်းဌာနတွင် သတင်းထောက်အဖြစ် စတင်လုပ်ဆောင်ခဲ့ပြီးနောက် New Day Myanmar တွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ဦးသီဟဇော်သည် မြန်မာသတင်းလောကတွင် ၁၀ စုနှစ်တခုအကျော်ကြာအထိ လုပ်ဆောင်ခဲ့သည့် သတင်းစာဆရာတစ်ဦးဖြစ်သည်။

    #RedNewsAgency #RedNews #RNA

  • ၂၈ ရက်ကြာ ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် ဖားကန့်သတင်းထောက်(၂) ဦးကို KIA ပြန်လွှတ်

    ၂၈ ရက်ကြာ ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် ဖားကန့်သတင်းထောက်(၂) ဦးကို KIA ပြန်လွှတ်

    RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်သတင်းထောက်များဖြစ်သော ကိုတာလင်းမောင် (Red News Agency) နှင့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဖားကန့်တိုက်နယ် ထောက်လှမ်းရေးအဖွဲ့က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က သတင်းကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် (၂၈) ရက်အကြာ အောက်တိုဘာလ (၂၇) ရက်နေတွင် ပြန်လွှတ်ပေးခဲ့သည်။

    [embedyt] https://www.youtube.com/watch?v=ukRJf6fqYtQ[/embedyt]

    ဖားကန့်သတင်းထောက် (၂) ဦးပြန်လည်လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသော ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့အစည်းများ၊ သတင်းဌာနများ၊ သတင်းသမားများစသည်တို့ကို ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးတို့က ကျေးဇူးတင်ရှိကြောင်း ပြောကြားထားသည်။

    Red News Agency

  • Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချ

    Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချ

    Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချ

    Red News Agency ၏ ဖားကန့် သတင်းထောက် ကိုတာလင်းမောင်အား ယနေ့ (စက်တင်ဘာလ ၈ ရက်) ညနေ (၅) နာရီ (၃)မိနစ်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ မှော်စီစာကျေးရွာ Ammazing Mini Mark ရှေ့၌ ဆိုင်ကယ်စီးလာစဉ် နောက်မှ ကားနှင့်တိုက်ပြေးသည့် ဖြစ်စဉ်တွင် မည်သည့်အဖွဲ့အစည်း မည်သူတစ်ဦးတစ်ယောက်က လုပ်ဆောင်သည်ဖြစ်စေ အပြင်းအထန် ကန့်ကွက်ရှုံ့ချကြောင်း ကြေညာအပ်ပါသည်။

    သတင်းထောက် ကိုတာလင်းမောင်သည် ယခင်က ပြန်/ဆက်ဦးစီးဌာန၏ သတင်းထောက်အဖြစ်မှ ၂၀၂၁ ခုနှစ်၊ စစ်ကောင်စီက အာဏာသိမ်းချိန်တွင် ဖားကန့်၌ ပထမဦးဆုံး CDM ပြုလုပ်ခဲ့သူဖြစ်ပြီး စစ်ကောင်စီ၏ ၅၀၅ (က) ဖြင့် ပုဒ်မတပ်ခံထားရပြီး နေအိမ်မှ တိမ်းရှောင်နေရသူဖြစ်သည်။

    ယခုအခါ Red News Agency သတင်းဌာန၏ သတင်းထောက်အဖြစ် ဒေသတွင်း စစ်ကောင်စီနှင့် အာဏာရှင်ဆန်ဆန်ပြုမူသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ပြည်သူ့ဘက်မှ ရပ်တည်ကာ မကြောက်မရွံ့ သတင်းမှန်များကို ရေးသားနေသူဖြစ်သည်။

    ယခုကဲ့သို့ နောက်မှ‌နေ၍ မတော်တဆဟု ပြောရန်ခက်ခဲသည့် ကားနှင့်တိုက်ပြီး တာဝန်ယူမှုမရှိ ထွက်ပြေးသူအား ဒေသတွင်း အမှန်တရားကိုရှေးရှု့သည့် ပြည်သူ့ဘက်တော် သားများက အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။

    သတင်းထောက် ကိုတာလင်းမောင်သည် ယနေ့နံနက် ဖားကန့်မြို့နယ်၊ စပျစ်ခူးရွာကို တစ်ရွာလုံးပြောင်းရွှေ့စေပြီး ကျောက်စိမ်းတူးမည့် သတင်းအား ရေးသားထားသူဖြစ်ပါသည်။

    အယ်ဒီတာ

    Red News Agency

    Signal – +66951043402

    rednewsagency@yahoo.com

    ကားနှင့်တိုက်ခံရသည့် CCTV မှတ်တမ်း

    တိုက်ပြေးသည့်ကား

  • Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် ထောင်ဒဏ် အနှစ်(၂၀) ချမှတ်ခံရ 

    Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် ထောင်ဒဏ် အနှစ်(၂၀) ချမှတ်ခံရ 

    RNA_စက်တင်ဘာ(၆)၊၂၀၂၃ ခုနှစ်။

    ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်၊ အထူးတရားရုံးမှ စစ်ကောင်စီလက်အောက်ခံများက ယနေ့ (စက်တင်ဘာ ၆ ရက်) တွင် Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချလိုက်ကြောင်း သိရသည်။

    ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းအခြေအနေများကိုသွားရောက် မှတ်တမ်းတင်စဉ် ၂၀၂၃ ခုနှစ် မေ ၂၃ ရက်က စစ်တွေမြို့၌ ကိုစိုင်းဇော်သိုက် ဖမ်းဆီးခံလိုက်ရကြောင်း၊ ကိုစိုင်းဇော်သိုက်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ (ထိတ်လန့်စေမှု)၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့ဖြင့် တရားစွဲဆိုထားကြောင်း Myanmar Now ထံမှ သိရသည်။

    (more…)

  • သတင်းလွတ်လပ်ခွင့် ကင်းမဲ့နေသည့် ဖားကန့်မိုင်းတွင်းဒေသ

    သတင်းလွတ်လပ်ခွင့် ကင်းမဲ့နေသည့် ဖားကန့်မိုင်းတွင်းဒေသ

    အခုက ဓါတ်ပုံလေး ဖုန်းနဲ့သွားရိုက်တာတောင် ဟေ့လူ မရိုက်ရဘူးဆိုတာ နားမလည်ဘူးလား၊ ခုပြန်ဖျက်၊ ဘာသတင်းထောက်လဲ အစအနပျောက်သွားမယ်၊ အဲ့လိုဟ နည်းနည်းမှ ပြန်ပြောလို့မရဘူး

    RNA_ဖားကန့်၊ ဇန်နဝါရီ(၂၉)၊၂၀၂၃ ခုနှစ်။

    ဖားကန့်ဟုဆိုလျှင် ကျောက်စိမ်းတူးဖော်ထွက်ရှိရာ မိုင်းတွင်းဒေသမှန်း လူတိုင်းသိကြသော်လည်း ဒေသတွင်း သတင်းရယူခြင်းလုပ်ငန်းများကို အသက်နှင့်ခင်းထားရကြောင်းကိုမူ လူသိနည်းလှသည်။

    စစ်ကောင်စီမှ မတရားအာဏာသိမ်းပြီးနောက် တွင်ကျယ်စွာတူးဖော်လာသည့် ကျောက်မိုင်း‌ဧရိယာအတွင်း ဖုန်းဖြင့် ဓါတ်ပုံရိုက်ခြင်း၊ ဗွီဒီယိုရိုက်ကူးခြင်းများအား တွေ့ရှိပါက လုပ်ကွက်လုံခြုံရေးယူပေးထားသူများ၏ ဖမ်းဆီးရိုက်နှက်ခံရခြင်း၊ ဖုန်းထုခွဲခံရခြင်းများကြုံတွေ့ကြရသည်။

    တစ်နိုင်ငံလုံး နွေဦးတော်လှန်ရေးအတွက် လုံးပန်းနေကြသော်လည်း ဖားကန့်က စီးပွားရေးအုတ်မြစ်အဖြစ် ငွေကြေးရတက်ရှိသူများ၏ စေလိုရာစေ ဒေသသာဖြစ်ခဲ့သည်။

    (more…)

  • သတင်းထောက် ကိုနောင်ရိုး ယနေ့လွတ်မြောက်၊ ဖမ်းဆီးခံရတာ နောင်တမရ သတင်းထောက်ဆက်လုပ်မည် 

    သတင်းထောက် ကိုနောင်ရိုး ယနေ့လွတ်မြောက်၊ ဖမ်းဆီးခံရတာ နောင်တမရ သတင်းထောက်ဆက်လုပ်မည် 

    ဖားကန့်၊ အောက်တိုဘာ (၃)၊၂၀၂၂ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မှ ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် Voice of Milikha သတင်းဌာန၏ သတင်းထောက် ကိုနောင်ရိုးသည် ယနေ့ နံနက် (၈)နာရီက ဖားကန့် (မဇွပ်ယန်) အချုပ်ထောင်မှ လွတ်‌မြောက်လာသည်။

    “ကျွန်တော် စကတည်းက သတင်းထောက်လုပ်တယ်၊ ဖမ်းဆီးခံရပြီး ထောင်ကျတယ်၊ ခုလည်းသတင်း ထောက်အလုပ်ပဲ ဆက်လုပ်သွားမယ်၊ ဖမ်းဆီးခံရလို့လည်း နောင်တမရဘူး၊ ကျွန်တော် မှန်တဲ့အလုပ်ကို လုပ်နေတာခြင်းသာဖြစ်တယ်” ဟု ယနေ့ လွတ်မြောက်လာသည့် သတင်းထောက် ကိုနောင်ရိုးက ပြောသည်။

    (more…)

  • သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ မဆုရည်လင်း (ခ) လင်းလင်း တို့ဖမ်းဆီးခံရ

    သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ မဆုရည်လင်း (ခ) လင်းလင်း တို့ဖမ်းဆီးခံရ

    အလွတ်တမ်း ဓာတ်ပုံ သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ မဆုရည်လင်း (ခ) လင်းလင်း တို့ဖမ်းဆီးခံရ

    ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်။

    အလွတ်တန်း သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား သည် ယနေ့ ညနေတွင်ပြုလုပ်မည့် သပိတ်ဆန္ဒပြပွဲသို့ သတင်းရယူရန်အသွား ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ မဆုရည်လင်း (ခ) လင်းလင်း နှင့်အတူ လမ်းတွင် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်း ကိုခံခဲ့ရကြောင်း သိရသည်။

    မည့်သည့်နေရာ ကိုခေါ် ဆောင် ထိန်းသိမ်း ထားသည်ကို ယခုအချိန်ထိ မကြားသိရသေးဘဲ မိသားစုနှင့် အဆက် အသွယ်ပြတ်တောက်လျက်ရှိနေသည့်အတွက် စစ်ကောင်စီ၏ လူမဆန်တဲ့ ညှဥ်းပန်းနှိပ်စက်မှုတွေနဲ့ အသက် အန္တရာယ် ထိခိုက် မှုရှိမည်ကို မိသားစုဝင်များမှစိုးရိမ်နေကြကြောင်း သိရသည်။

    Red News Agency