09                                    
                                    
                                        Sep 
                                    
                                
                            
                        
                        
                    
                        RNA_စက်တင်ဘာ(၉)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အခြေစိုက်၊ ဗိုလ်နဂါးဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) သည် ထူးခြားသည့် ဝိသေသရှိသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ကပြောကြားထားသည်။ BNRA သည် ၂၀၂၃ ခုနှစ် စက်တင်ဘာ (၉) ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့်အတွက် ယနေ့ စက်တင်ဘာ (၉) သည် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည့်အတွက် တည်ထောင်ခြင်း (၂) နှစ်ပြည့်တွင် KNU ကသဝဏ်လွှာပေးပို့ရာတွင် ထူးခြားသည့် ဝိသေသရှိသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ပြောကြားထားဖြစ်သည်။ (more…)                    
                                            
                                    
 
                             
                             
                             
                             
                             
                             
                             
                             
                            