ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကို မကွေးတိုင်းကွပ်ကဲရေးရုံးတာဝန်ရှိသူများက လက်နက်တပ်ဆင် 

ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကို မကွေးတိုင်းကွပ်ကဲရေးရုံးတာဝန်ရှိသူများက လက်နက်တပ်ဆင် 

RNA_မေ ၁၈ ၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းနှင့် မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လက်နက်အချို့ တပ်ဆင်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းမှ ယနေ့ ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ရခိုင်ပြည်နယ် မုန်တိုင်းသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးတွင်အသုံးပြုရန် KIO ဗဟိုဌာနချုပ်က သိန်းသုံးထောင်လှူဒါန်း

ရခိုင်ပြည်နယ် မုန်တိုင်းသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးတွင်အသုံးပြုရန် KIO ဗဟိုဌာနချုပ်က သိန်းသုံးထောင်လှူဒါန်း

RNA_မေ(၁၈)၊၂၀၂၃ ခုနှစ်။   အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးသွားမှုများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လူသားချင်းစာနာထောက်ထားမှုအားဖြင့် KIO ဗဟိုဌာနချုပ်မှ ကျပ် သိန်းသုံးထောင်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ လှူဒါန်းခဲ့ကြောင်း AA ကထုတ်ပြန်ထားသည်။   ရခိုင်ပြည်နယ်အတွင်း မုန်တိုင်ဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG မှ ကျပ်သိန်းတစ်ထောင်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် - MNDAA မှ ကျပ်သိန်းတစ်ထောင်၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့- KIO မှ ကျပ်သိန်းသုံးထောင်လှူဒါန်းမှုတို့ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်တို့မှ လက်ခံရရှိထားကြောင်း၊ မုန်တိုင်းလေဘေးဒဏ်ကြောင့် ရခိုင်ပြည်သူလူထု ဒုက္ခရောက်နေချိန် ညီနောင်မဟာမိတ်ပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ထုတ်ပြန်ပြောကြားထားသည်။ (more…)
Read More
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် NUG က အမေရိကန် ဒေါ်လာ (၁) သန်းသုံးမည်

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် NUG က အမေရိကန် ဒေါ်လာ (၁) သန်းသုံးမည်

RNA_မေ(၁၆)၊၂၀၂၃ ခုနှစ်။   မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကြောင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ (၁) သန်း အသုံးပြုမည်ဟု ယနေ့နံနက် ၈ နာရီက ပြုလုပ်သည့် NUG လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဒုတိယအကြိမ်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။   “ဆိုင်ကလုန်းမုန်တိုင်းအရေးပေါ် တုံ့ပြန်ရေးအတွက်မတည်ထားသော ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၁) သန်းကို ပိုမိုထိရောက်စွာခွဲဝေသုံးစွဲနိုင်ရန်အတွက် မြေပြင်အခြေအနေများကို သိရှိနိုင်ရေး အရေးပေါ်အစည်းအဝေးများ ခေါ်ယူဆောင်ရွက်ရန် စသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပါသည်” ယနေ့ NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။…
Read More
ယောကာကွယ်ရေးတပ် – YDF (၂)နှစ်ပြည့် အခမ်းအနား ရဲ‌ဘော် အင်အားအများအပြားဖြင့် ကျင်းပ

ယောကာကွယ်ရေးတပ် – YDF (၂)နှစ်ပြည့် အခမ်းအနား ရဲ‌ဘော် အင်အားအများအပြားဖြင့် ကျင်းပ

RNA_မေ(၁၂)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ယောဒေသအခြေစိုက်၊ ယောကာကွယ်ရေးတပ် - YDF (၂)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို တပ်ဖွဲ့ဦးဆောင်သူ ကိုမြတ်သူကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားပြီး ရဲဘော်အင်အားအများအပြားဖြင့်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ယောကာကွယ်ရေးတပ်ဗဟိုဌာနချုပ်ရုံးမှာ ကျင်းပခဲ့သည့် (၂)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် တပ်ဖွဲ့ဦးဆောင်သူ ကိုမြတ်သူမှ စစ်ရည်စစ်သွေးပြည့်၀ပြီး စည်းကမ်းကောင်းမွန်၍ တာ၀န်ကျေပွန်စွာ ထမ်းဆောင်နိုင်သော တော်လှန်ရေးရဲဘော်ကောင်းများဖြစ်ရန်၊ တိုင်းရင်းသား တန်းတူအခွင့်ရေးနှင့် အာဏာရှင်စနစ်အပြီးတိုင်ပျက်သုဉ်းသည့်တိုင်အောင် တော်လှန်တိုက်ထုတ်ကြရန်၊ တော်လှန်ရေးရည်မှန်းချက်များနှင့် လက်ရှိ တော်လှန်ရေးအောင်မြင်မှုများအား ရှင်းလင်းပြောကြခဲ့ကြားခဲ့ကြောင်း သိရသည်။ (more…)
Read More
MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး ပြည်သူများကို အရေးပေါ် သတိပေး

MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး ပြည်သူများကို အရေးပေါ် သတိပေး

(၁၂)၊၂၀၂၃ ခုနှစ်။ MOCHA ဆိုင်ကလုန်းမုန်တိုင်းသည် မေလ (၁၄) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ကုန်တွင်းပိုင်းမှ ဝင်ရောက်ဖြတ်ကျော်၍ တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၀၀ ဝန်းကျင်ရှိမည်ဟု မေလ ၁၁ ရက်နေ့ ခန့်မှန်းထားသည့်အတွက် ရခိုင်ပြည်သူများအတွက် ကူညီမှုများ သတိထားရန်နှင့် လိုက်နာရမည့် အချက်များကို ရက္ခိုင့်တပ်တော်-AA မှ ထုတ်ပြန်ထားသည်။ MOCHA ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်ပြီး ခန့်မှန်းချက်များအရ ရက္ခိုင်ဒေသတွင်း မုန်တိုင်းဝင်ရောက်ဖြတ်ကျော်ကာ မုန်တိုင်းဒဏ်ခံလာရဖွယ်ရှိသော ရက္ခိုင်ကမ်းရိုးတန်းမြောက်ပိုင်းမြို့များ (မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော)၊ ရက္ခိုင်ကမ်းရိုးတန်းတလျှောက်မြို့များ (ကျောက်ဖြူ၊ အမ်းတောင်ပိုင်း၊ ရမ်းဗြဲ၊ စနဲ၊ မာန်အောင်၊ သံတွဲ)၊ သံတွဲခရိုင်တွင်းဟိ မြို့များ…
Read More
အာဆီယံသံတမန်ယာဉ်တန်းကို ဒေသခံပြည်သူ့စစ်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ဟု PNFC ထုတ်ပြန်

အာဆီယံသံတမန်ယာဉ်တန်းကို ဒေသခံပြည်သူ့စစ်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ဟု PNFC ထုတ်ပြန်

RNA_မေ(၁၂)၊၂၀၂၃ခုနှစ်။ ရှမ်းပြည်နယ် (တောင်းပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ပအိုဝ်းအမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်း အာဆီယံလူသားချင်းစာနာမှု အကူညီညှိနှိုင်း ဆောင်ရွက်ရေးဗဟိုဌာန ( AHA -Center) မှ သံတမန်ယာဉ်တန်းကို မေလ (၇) ရက်နေ့က ပစ်ခတ်ခံရမှုသည် စစ်ကောင်စီလက်အောက်ခံ ဒေသခံပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်ခဲဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ- Pa-O National Federal Council ( FNFC) ကယမန်နေ့ကထုတ်ပြန်ထားသည်။ စစ်ကောင်စီလက်အောက်ခံများသည်အာဆီယံသံတမန်ယာဉ်တန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီးတော်လှန်ရေးအင်အားစုများပစ်ခတ်သည်ဟုနိုင်ငံတကာမှအထင်လွဲစေရန်၊ဒေသတွင်းတိုင်းရင်းသားစည်းလုံးညီညွတ်စွာရေးကိုအဓိကထားဦးတည်တိုက်ခိုက်ရန်ရည်ရွယ်ပြီးလုပ်ဆောင်ခြင်းနှင့်အကူအညီလိုအပ်နေသည့်ပြည်သူများကိုနိုင်ငံတကာမှလူသားချင်းစာနာထောက်ထားမှုအကူအညီမရစေရန်စသည့်ရည်ရွယ်ချက်များဖြင့်ယခုလိုတိုက်ခိုက်ခြင်းဖြစ်သည်ဟုသုံးသပ်ထားကြသည်။ (more…)
Read More
နယ်ကျွံလာသည့် စစ်ကောင်စီတပ်လက်အောက်ခံ (၂) ဦး ပစ်ခတ်ခံရ

နယ်ကျွံလာသည့် စစ်ကောင်စီတပ်လက်အောက်ခံ (၂) ဦး ပစ်ခတ်ခံရ

RNA_မေ(၁၀)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မူးတိမ်ချောင်းတံတားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင် (၂) ဦး ခင်ဦး-‌ရေဦး ကားလမ်းပေါ်သို့ ယနေ့ နေ့လည် (၁၂) နာရီ ၄၀ မိနစ် ဝန်းကျင်က နယ်ကျွံလာစဉ် ပ.က.ဖနှင့် ပူးပေါင်းတပ်ဖွဲ့ဆို့ ထိတွေ့ ပစ်ခတ်စဉ် စစ်ကောင်စီလက်အောက်ခံ (၂) ဦး သေဆုံးသွားခဲ့သည်။ ခင်ဦး-ရေဦး ကားလမ်းပေါ်သို့ ရောက်ရှိလာသည့် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် (၂) ဦးနှင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် နယ်မြေခံကာကွယ်ရေးအဖွဲ့ (LDF) များနှင့် ထိတွေ့တိုက်ပွဲ (၃) မိနစ်ခန့်သာကြာပြီး သေဆုံးသွားခဲ့ပြီး၊ ကိုင်ဆောင်ခဲ့သော MA 1- ၁လက်၊ AK…
Read More
စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်တပ်စိတ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံး

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်တပ်စိတ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံး

RNA_ဧပြီ(၃၀)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အလယ်ပိုင်းတိုင်စစ်ဒေသ(၃)၊ ဒီးမော့ဆို (၁၁၀၂) တပ်ရင်းမှ တပ်စိပ်မှူး ရဲဘော်မျိုးမြင့်မြတ်သည် စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကျဆုံးသွားခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲမှု‌ကြောင့် ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီ ၃၀ တွင် တပ်စိပ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံးခဲ့ရကြောင်း၊ ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဈာပနအခမ်းအနားပြုလုပ်ခဲ့ပြီး ၂၉ ရက်နေ့ နေ့လည် (၁) ရီတွင် ရေစက်ချ အမျှဝေ တရားနာပြီး ဂူသွင်းသင်္ဂြိုလ်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း၊ ဒီးမော့ဆို (၁၁၀၂) တပ်ရင်းမှ ထုတ်ပြန်ထားသည်။ (more…)
Read More
ကျောင်းသားလက်ရုံးတပ်တော် (၂)နှစ်ပြည့်အခမ်းအနားနှင့် စစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ

ကျောင်းသားလက်ရုံးတပ်တော် (၂)နှစ်ပြည့်အခမ်းအနားနှင့် စစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ

RNA_ဧပြီ(၂၉)၊၂၀၂၃ ခုနှစ်။ ကျောင်းသားလက်ရုံးတပ်တော် (၂) နှစ်ပြည့် အခမ်း အနားနှင့် အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားအား ဧပြီလ (၂၇) ရက်နေ့က ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဌာနချုပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။ ၂ နှစ်ပြည့် အခမ်းအနားနှင့် သင်တန်းဆင်း စစ်ရေးပြ အခမ်းအနားတွင် သင်တန်းဆင်းတပ်သားစစ်ကြောင်း၊ ကျောင်းသားလက်ရုံးတပ်တော် နောက်ချန် အရံတပ်ရင်း၊ မဟာမိတ် ပူးပေါင်းစစ်ကြောင်းသုံးကြောင်းဖြင့် ချီတက် အလေးပြုခဲ့ကြကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
SSPP ယာဉ်တန်းကို RCSS မိုင်းဆွဲတိုက်ခိုက် ရဲဘော်များ ထိခိုက်ဒဏ်ရာရ

SSPP ယာဉ်တန်းကို RCSS မိုင်းဆွဲတိုက်ခိုက် ရဲဘော်များ ထိခိုက်ဒဏ်ရာရ

RNA_ဧပြီ(၂၉)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်တောင်ပိုင်း၊လဲချားမြို့နယ်၊ ဆလိုင်းခုမ် ကျေးရွာ အနီး လဲချား - မိုင်းနောင် လမ်းမကြီးပေါ်မှာ SSPP/SSA ၏ စစ်ကြောင်းယာဉ်တန်းကို ယနေ့ (ဧပြီလ ၂၉ ရက်) နံနက် ၈ နာရီ ၄၂ မိနစ်ဝန်းကျင်က RCSS တပ်ဖွဲ့ရ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ SSPP/SSA သည် NCA လက်မှတ်မထိုးထားသည့်အဖွဲ့ဖြစ်ပြီး RCSS/SSA သည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နေပြီး NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ကြောင်း၊ SSPP/SSA ဘက်မှ တိုက်ပွဲမဖြစ်အောင် တတ်နိုင်သလောက် ကြိုးစားပြီးရှောင်သော်လည်း RCSS ကတိုက်ခိုက်လာကြောင်း SSPPမှ ထုန်ပြန်ထားသည်။ (more…)
Read More