သတင်း

ထိုင်းဝန်ကြီးချုပ်က ရုရှားသမ္မတကို အလည်လာရန် ဖိတ်ခေါ်

ထိုင်းဝန်ကြီးချုပ်က ရုရှားသမ္မတကို အလည်လာရန် ဖိတ်ခေါ်

RNA_အောက်တိုဘာ(၁၉)၊၂၀၂၃ ခုနှစ်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းနေသည့် ခေတ်သစ်ပိုးလမ်းမ ခါးပတ်လမ်းစီမံကိန်း အစည်းအဝေး အပြီးမှာ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ရုရှသမ္မတ ဗလာဒီမာပူတင်ကို ထိုင်းနိုင်ငံလာရောက် လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ "ရုရှသမ္မတကြီးက ဖူးခက်ကျွန်းကို သဘောကျတယ်၊ အဲဒီကို သူက ပုံမှန်လာရောက်လည်ပတ်တယ်ဆိုတာ ကွန်တော်သိပါတယ် ဒါကြောင့် နောက်နှစ်မှာ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်" လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောကြားထားသည်။ ရုရှသမ္မတ ဗလာဒီမာပူတင်ကလည်း ထိုင်းလို (khob khun krub ) ကျေးဇူးတင်ပါသည်ဟု ထိုင်းဝန်ကြီးချုပ်ကို ထိုင်းဘာသာ စကားနှင့်ပြန်လည်နှုတ်ဆက်ခဲ့ကြောင်း၊ တရုတ်ပြည်၏ ခေတ်သစ်ပိုးလမ်း ခါးပတ်လမ်း…
Read More
ဂါဇာ ဆေးရုံတခုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့်သေဆုံး

ဂါဇာ ဆေးရုံတခုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့်သေဆုံး

RNA_အောက်တိုဘာ(၁၈)၊၂၀၂၃ ခုနှစ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (Joe Biden)က အစ္စရေးအပါဝင် အာရပ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် သွားဖို့ ပြင်ဆင်နေချိန် အင်္ဂါနေ့ညပိုင်းက ဂါဇာရှိဆေးရုံတခုမှာပြင်းထန်သည့် ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့် သေဆုံးခဲ့သည်ဟု ဟားမတ်စ်အဖွဲ့ ကျန်းမာရေးအဖွဲ့က ပြောကြားထားသည်။ ဆေးရုံဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဟားမတ်စ်အဖွဲ့က အစ္စရေး လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စွပ်စွဲအပြစ်တင်ထား‌ကြောင်း၊ အစ္စရေးဘက်ကလည်း အခြားသော ပါလက်စတိုင်း စစ်သွေးကြွများ၏ ဒုံးကျည်တစ်စင်း မှားယွင်းပစ်ခတ်ခဲ့မှုဟု ပြောဆိုထားသည်။ Ref : AP Red News Agency
Read More
အစ္စရေးနိုင်ငံရောက် ထိုင်းနိုင်ငံသား ၉၀ ဦး ယနေ့ ပြန်ရောက်

အစ္စရေးနိုင်ငံရောက် ထိုင်းနိုင်ငံသား ၉၀ ဦး ယနေ့ ပြန်ရောက်

RNA_အောက်တိုဘာ(၁၅)၊၂၀၂၃ ခုနှစ်။ အစ္စရေးနိုင်ငံကို သွားရောက် အလုပ်လုပ်နေသည့် ထိုင်းနိုင်ငံသား (၉၀) ဦး ယနေ့ နံနက်ပိုင်းက Airbus A-340 ဖြင့် Tel Aviv မှ ထိုင်းနိုင်ငံ U Tapao လေဆိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထိုင်းလေဆိပ်မှ တဆင့် ဘန်ကောက်ရှိ SC Park Hotel သို့ ပြန်လည်ရောက်ရှိလာသည့် ထိုင်းနိုင်ငံသားများကို ပို့ဆောင်ပေးခဲ့ပြီး၊ မိသားစုများနှင့် ဆွေမျိုးသားချင်းများ ဟိုတယ်မှာ တွေ့ဆုံခဲ့ကြသည်။ ဟားမတ်စ် - အစ္စရေး စစ်ပွဲအတွင်း ထိုင်းနိုင်ငံသား သေဆုံးသူ ၂၈ ဦးရှိပြီး၊ ဟားစတ်စ်အဖွဲ့၏ ပြန်ပေးဆွဲခံထားရသည့် ထိုင်းနိုင်ငံသား ၁၇ ဦးရှိကြောင်း၊ ဒဏ်ရာရရှိသူ…
Read More
ပြန်ပေးဆွဲခံရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးမှာ အသက်ရှင်နေပြီး လွတ်မြောက် ရေးအတွက် ပူးပေါင်းဆောင်ရွက်နေ

ပြန်ပေးဆွဲခံရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးမှာ အသက်ရှင်နေပြီး လွတ်မြောက် ရေးအတွက် ပူးပေါင်းဆောင်ရွက်နေ

RNA_အောက်တိုဘာ(၁၂)၊၂၀၂၃ ခုနှစ်။ ဟားမတ်စ်အဖွဲ့၏ ပြန်ပေးဆွဲဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးမှာ အသက်ရှင်လျှက်ရှိနေပြီး၊ အစ္စရေး အပါဝင် အာရပ်နိုင်ငံအချို့နှင့်ဖမ်းဆီးခံသူများ လွတ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Sutin Klungsang က ပြောသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး အစီရင်ခံစာတွင် ဟားမတ်စ်အဖွဲ့၏ ပြန်ပေးဆွဲခံထားရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးရှိကြောင်း၊ ထိုင်းအစိုးရသည် ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ ဂျော်ဒန်၊ ကာတာနိုင်ငံများနှင့် ပြန်ပေးဆွဲခံထားရသူများ လွတ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အစ္စရေးနိုင်ငံကလဲ ညှိနှိုင်းဆောင်မှုတွေမှာ ကူညီထောက်ပံ့ပေးနေသည်ဟု ၎င်းကပြောသည်။ (more…)
Read More
မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း ပစ်ခတ်ခံရမှု ကလေးငယ် ၁၀ ဦးအပါအဝင် ၂၈ ဦးသေဆုံး

မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း ပစ်ခတ်ခံရမှု ကလေးငယ် ၁၀ ဦးအပါအဝင် ၂၈ ဦးသေဆုံး

RMA_အောက်တိုဘာ(၁၀)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး၊ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်မှ အောက်တိုဘာလ (၉) ရက်နေ့ ည (၁၁) နာရီ (၃၀) မိနစ်ခန့်က လက်နက်ကြီး ပစ်ခတ်မှုအတွင်း ‌စစ်ဘေးရှောင်ပြည်သူ ကလေးငယ် (၁၀) ဦးအပါအဝင် (၂၈) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရချိန် တချိန်တည်း လိုင်ဇာရှိ ရက္ခိုင့်တပ်တော် - AA စခန်းကိုလည်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် AA တပ်ဖွဲ့ဝင် တဦး ကျဆုံးပြီး ၁၀ ဦး  ဒဏ်ရာရရှိခဲ့ကြောင်း မုန်လိုင်ခတ်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊…
Read More
96 Soldiers – PDF (၂) နှစ်ပြည့် အခမ်းအနား ကျင်းပ

96 Soldiers – PDF (၂) နှစ်ပြည့် အခမ်းအနား ကျင်းပ

RNA_အောက်တိုဘာ(၇)၊၂၀၂၃ ခုနှစ်။ 96 Soldiers - PDF ဖွဲ့စည်းခဲ့သည်မှာ အောက်တိုဘာလ ၇ ရက်နေ့ ယနေ့တွင်  (၂) နှစ်ပြည့်မြောက်ခဲ့ဖြစ်ဖြစ်သည့်အတွက် စစ်ကိုင်းတိုင်းအတွင်းတနေရာတွင် အညာဒေသတပ်ခွဲ ရဲဘော်များ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။ ၂ နှစ်အတွင်း 96 Soldiers - PDF သည် တောင်ပိုင်းတိုင်းအတွင်းရှိ တပ်ခွဲအနေဖြင့် NUG ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တွင် စစ်ရေးလှုပ်ရှားမှုများကို ပါဝင်ဆောင်လျှက်ရှိပြီး၊ အညာဒေသအတွင်းရှိ တပ်ခွဲအနေဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိသော နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ Local PDF များနဲ့အတူတကွ ပူပေါင်း၍ စစ်ရေးလှုပ်ရှားများကို လုပ်ဆောင်လျှက်ရှိသည်။ (more…)
Read More
စစ်ကောင်စီတပ် ရေတံလျောက်စခန်းကို ဘယ်လိုသိမ်းခဲ့လဲ

စစ်ကောင်စီတပ် ရေတံလျောက်စခန်းကို ဘယ်လိုသိမ်းခဲ့လဲ

RNA_အောက်တိုဘာ(၆)၊၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် တနေရာက စစ်ကောင်စီတပ် ရေတံလျောက်စခန်းသိမ်းတိုက်ပွဲ အခြေအနေများနှင့် ပတ်သက်ပြီး Special Operation Group မှ Ayeyarwaddy Force တပ်စုမှ တပ်စုမှူး ရဲဘော် JP က ပြောကြားထားသည်။   KNLA - ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၈)၊ Special Operation Group(SOG) ပူးပေါင်းတပ်ဖွဲ့- Ayeyarwaddy Force တပ်စု- Dawna Phoenix Drone Team နှင့် Tiger Dragon Revolution Force တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် စက်တင်ဘာလ…
Read More
လုံးခင်းကျေးရွာရှိ ရွှေဆိုင် ကျပ်သိန်းခြောက်ထောင်ခန့် ဓားပြတိုက်ခံရ

လုံးခင်းကျေးရွာရှိ ရွှေဆိုင် ကျပ်သိန်းခြောက်ထောင်ခန့် ဓားပြတိုက်ခံရ

RNA_ဖားကန့်၊ အောက်တိုဘာ (၅)၊၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၂)ရှိ မိုးရတနာ ရွှေဆိုင် ဓါးပြတိုက်ခံရမှု ယနေ့နေ့ခင်း ၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်းခြောက်ထောင်ဖိုးခန့် ပါသွားကြောင်း သိရသည်။ "လူလေးယောက်လာတယ်၊ အသက်က (၂၇)၊ (၂၈) အရွယ်တွေ၊ Mask တပ်ထားတယ် ဦးထုပ်ဆောင်းထားတယ် သေနတ်ပါတယ်ဗျ။ ဆိုင်ထဲတန်းဝင်လာပြီး အကုန် ကလစ်ကြိုးနဲ့လက်ပြန်ကြိုးချည်ပြီး ထိုင်ခိုင်းထားတယ်၊ မှန်ကိုရိုက်ခွဲပြီး ယူသွားတာပါ"ဟု ရွှေဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပြသည်။ "ရွှေသားက တစ်ပိဿာလောက်ရှိတယ်၊ ကျောက်လက်ဝတ်ရတနာ အချောထည်ကလည်း သိန်းသုံးထောင်ဖိုးလောက်ရှိတယ်၊ ရွှေနဲ့ကျောက်ပေါင်းရင် ကာလတန်ဖိုး ကျပ်သိန်းခြောက်ထောင်ဖိုးလောက်ပါသွားတာ"ဟု ရွှေဆိုင်ပိုင်ရှင်က ပြောသည်။ (more…)
Read More
ဖားကန့်၌ ယနေ့ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

ဖားကန့်၌ ယနေ့ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

RNA_ဖားကန့်၊ အောက်တိုဘာ (၅)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မနကျေးရွာအဝင်နားတွင် ‌မုန့်ပို့သည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရသလို၊ မမုံကျေးရွာရှိ ထွန်းဦးဆီဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်နေသည့် အမျိုးသားတစ်ဦး ယနေ့ နေ့လယ် ၂ နာရီခန့်က သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ "မုန့်ပို့တဲ့သူဟုတ်တယ်၊ အာလူးကြော်တို့ ဝက်ခေါက်တို့ပို့တဲ့သူ၊ မနကျေးရွာနဲ့ ဖားပြင်ကျေးရွာ အဝင်ဆိုင်ဘုတ်နား၊ နောက်တစ်ယောက်က မမုံရွာပြင်ဘက်က ထွန်းဦးဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်နေတဲ့တစ်ယောက် လေးချက်ပစ်သွားတာ၊ တစ်ချိန်တည်းလောက်ကျမှာ ဖြစ်တာက"ဟု မမုံကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ မနကျေးရွာအဝင် ဆိုင်ဘုတ်နား ပစ်သတ်ခံရသည့် အကြော်မုန့်ပို့သူသည် ဖားကန့် မှော်ဝမ်းရပ်ကွက်တွင်နေထိုင်သူ စန်းမြင့် အသက်(၄၃)နှစ် ဖြစ်ပြီး ဇနီးနှင့်…
Read More
NUGက ၂ နှစ်အတွင်း PDF များကို အမေရိကန်ဒေါ်လာ (၁၅.၇) သန်း ထောက်ပံ့ခဲ့ 

NUGက ၂ နှစ်အတွင်း PDF များကို အမေရိကန်ဒေါ်လာ (၁၅.၇) သန်း ထောက်ပံ့ခဲ့ 

RNA_အောက်တိုဘာ(၃)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ် အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်းများကို တပ်ရင်းထောက်ပံ့စရိတ်အဖြစ် (၁၆) ကြိမ် တိတိပေးပို့ခဲ့ရာ ငွေကြေးပမာဏအားဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၅.၇)သန်းခန့်ဖြစ်ကြောင်း ယနေ့ ညတွင် ထုတ်ပြန်ထားသည်။ နိုင်ငံနှင့်တဝှမ်းဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်း (၃၀၀) ခန့်ကို ပေးပို့ခဲ့‌ကြောင်း၊ ယခုနောက်ဆုံးပေးပို့သည့် (၁၆) ကြိမ်မြောက် တပ်ရင်းထောက်ပံ့စရိတ်အနေဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁) သန်းခန့်ရှိကြောင်း သိရသည်။ (more…)
Read More