News

စစ်ရေးအရ ပိုပြင်းထန်သည့်လှိုင်းများ သယ်ဆောင်လာမည်ဟု ပြည်သူများကို KNU အသိပေး

စစ်ရေးအရ ပိုပြင်းထန်သည့်လှိုင်းများ သယ်ဆောင်လာမည်ဟု ပြည်သူများကို KNU အသိပေး

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။ KNLA သည် စစ်ရေးအရ အတွေ့အကြုံ အစဉ်အလာများရှိခဲ့ကြောင်း၊ စစ်ရေးအရ ယခုထက်ပို ပြင်းထန်သည့် ရိုက်ခတ်မှုမျိုး၊ ယခုထက်ပိုမိုပြင်းထည်သည့် ပြည်သူ လူထုနှင့်အတူ လှိုင်းဂယက်မျိုးကို သယ်ဆောင်လာတော့မည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=rmqydPTcTPU[/embedyt] ယနေ့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး၏ ပြည်သူသို့ပြောကြားချက်များထဲမှ စစ်ရေးနှင့် ပတ်သက်သည့် ပြောကြားချက်ကို ကောက်နုတ် တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More
ဟား​မတ်​စ်အဖွဲ့ ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ၂၅ ဦး လွတ်တော့မည်

ဟား​မတ်​စ်အဖွဲ့ ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ၂၅ ဦး လွတ်တော့မည်

မောင်လူအေး(လှည်းတန်း)/RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။ အစ္စရေးနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်နေသည့် ထိုင်နိုင်ငံသားများ ဟား​မတ်​စ်အဖွဲ့၏ ဖမ်းဆီးခံထားရပြီးနောက် ထိုင်းနိုင်ငံသား ၂၅ ဦးသည် ၁၀ ရက်အတွင်း ပြန်လည်လွတ်မြောက်လာတော့မည်ဟု အီရန်နိုင်ငံမှာ ဟား​မတ်​စ်အဖွဲ့နှင့် သွားရောက်ညှိနှိုင်းခဲ့သည့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ထံမှ သိရသည်။ ဖမ်းဆီးခံ ထိုင်းနိုင်ငံသားများ ပြန်လွှတ်မည့် နေရာအတိအကျနှင့် အချိန်ကို ဟားမတ်စ်အဖွဲ့က အတည်မပြုသေးကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ အခုသတင်းကို အတည်မပြုသေးကြောင်း၊ ဝန်ကြီးဌာအနေဖြင့် ဖမ်းဆီးထားသူများအား ဂါဇာကမ်းမြောင်းဒေသရှိ ရာဖာ့နယ်စပ်မှ ဖြတ်သန်းလွတ်မြောက်နိုင်ဖို့ အတွက် အီဂျစ်အစိုးရနှင့် ညှိနှိုင်းခဲ့သည်ဟု နိုဝင်ဘာ ၁၅ ရက်နေ့တွင် စေ့စပ်ညှိနှိုင်းရေးအဖွဲ့က ပြောကြားထားသည်။ (more…)
Read More
လွိုင်ကော် နာနတ်တောရပ်ကွက် ရှေ့တန်းကာကင်းတွင် ကျဆုံးခဲ့ရသည့် ရဲဘော် ၃ ဦးဈာပနပြုလုပ်

လွိုင်ကော် နာနတ်တောရပ်ကွက် ရှေ့တန်းကာကင်းတွင် ကျဆုံးခဲ့ရသည့် ရဲဘော် ၃ ဦးဈာပနပြုလုပ်

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက် ရှေ့တန်းကာကင်းတနေရာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့ရသည့် KNPLF B/9425 တပ်ရင်းမှ တပ်စုမူးရဲဘော်သားချော၊ ဒုတပ်စိပ်မူးရဲ​ဘော်ရွှေအေး၊ ရဲဘော်သိန်းရွှေ တို့၏ ဈာပနအခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့တွင်ပြုလုပ်ပြီး ၁၆ ရက်နေ့တွင် သ​င်္ဂြိုလ်ခဲ့ကြောင်း သိရသည်။ တပ်စုမှူးရဲဘော်သားချော၊ ဒုတပ်စိပ်မူးရဲဘော်ရွှေအေး၊ ရဲဘော်သိန်းရွှေ တို့သည် စစ်အာဏာရှင် စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေး ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ​တော်ထူထောင်နိုင်ရေး ရည်မှန်းချက်များနှင့်အတူ (ကယား) ကရင်နီပြည်နယ်အတွင်းတော်လှန်ရေး လုပ်ငန်းများ အစွမ်းကုန်ကြိုးစားရင်း မြင့်မြင့်စွာကျဆုံးသည့်အတွက် KNPLF B/9425 တပ်ရင်းမှ အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ ဂုဏ်ယူကာ မှတ်ကျောက်မှတ်တမ်းတင်သွားမည်ဟု ထုတ်ပြန်ထားသည်။ (more…)
Read More
ခမရ (၃၅၁) တပ်ရင်း အခြေစိုက် ကျားချောင်းရွာအနီး စခန်းကို KNLA၊ BPLA နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်

ခမရ (၃၅၁) တပ်ရင်း အခြေစိုက် ကျားချောင်းရွာအနီး စခန်းကို KNLA၊ BPLA နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျားချောင်းရွာအနီးရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ခမရ(၃၅၁) တပ်ရင်း အခြေစိုက်ရာ တောင်ခြေရင်းစခန်းတစ်ခုကို နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)တို့ပါဝင်သော မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်ခန်း တိုက်ခိုက်ရာ မိနစ် (၂၀) အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံများ စခန်းစွန့်ခွါ ထွက်ပြေးကြကြောင်း၊ စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းစဉ် ၆၀မမ ၁လက်၊ ၆၀မမ ဗုံးသီး ၅၂လုံး၊ Jumper ၁ခု၊ စကားပြောစက်အကြီး ၁လုံး၊ အီနာဂါ ၁၃လုံး၊ လက်ပစ်ဗုံး ၂၀လုံး၊…
Read More
၁၁၁၁ စစ်ဆင်ရေး လွိုင်ကော်နှင့် မိုးဗြဲ ဖယ်ခုံတို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် အသေအဆုံးများနေ

၁၁၁၁ စစ်ဆင်ရေး လွိုင်ကော်နှင့် မိုးဗြဲ ဖယ်ခုံတို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် အသေအဆုံးများနေ

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။ မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်နေရေးဖော်ဆောင်ချိန်တွင်း ထပ်မံပေါ်ပေါက်လာသည့် ကရင်နီပြည် တော်လှန်ရေးအင်အားစုများ၏ ၁၁၁၁ ( တစ်လေးလုံး) စစ်ဆင်ရေးအတွင်း လွိုင်ကော်နှင့် မိုးဗြဲ ဖယ်ခုံတို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ အသေအဆုံးများနေကြောင်း သိရသည်။ လွိုင်ကော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့်အတွက် စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး လေကြောင်းပစ်ကူများ ပစ်ခတ်နေသည့်အတွင်းမှ တော်လှန်ရေးအင်အားစုများက လွိုင်ကော်တက္ကသိုလ်တိုက်ပွဲ အောင်နိုင်မှုရရှိခဲ့ပြီးစစ်ကောင်စီတပ်မှ ၁၀၀ ကျော်သေဆုံးကာ လက်နက်ချအညံ့ခံမှုများရှိခဲ့သည်။ (more…)
Read More
အမေရိကန်နှင့်တရုတ် အဆင့်မြင့်စစ်ဘက်ဆိုင်ရာဆက်ဆံရေးပြန်လည်စတင်မည်

အမေရိကန်နှင့်တရုတ် အဆင့်မြင့်စစ်ဘက်ဆိုင်ရာဆက်ဆံရေးပြန်လည်စတင်မည်

မောင်လူအေး(လှည်းတန်း)/RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ််။ အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံ အဆင့်မြင့်စစ်ဘက်ဆိုင်ရာဆက်ဆံရေး ပြန်လည်စတင်ရန် သမ္မတ Joe Biden နှင့် သမ္မတ Xi Jinping တို့ နိုဝင်ဘာ ၁၅ ရက်က သဘောတူညီခဲ့ကြသည်။ အမေရိကန် သမ္မတ Joe Biden နှင့် တရုတ်သမ္မတ Xi Jinping ထိပ်သီးခေါင်းဆောင် နှစ်ဦီီီီးသည် ဆန်ဖရန်စစ္စကို (San Francisco) မြို့ တောင်ဘက်ရှိ သမိုင်းဝင် Filoli စံအိမ်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုအတွင်း သဘောတူညီခဲ့ကြသည်ဟု သိရသည်။ "တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနဲ့ တည်ငြိမ်ခိုင်မာ၍ ရေရှည်တည်တံ့သော ဆက်ဆံရေး ထားရှိဖို့ အစဉ်အမြဲ ကတိပြုထားပါတယ်၊…
Read More
ဇီးပြားရွာတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၃၀ ကျော်သေပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦးကျဆုံးခဲ့

ဇီးပြားရွာတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၃၀ ကျော်သေပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦးကျဆုံးခဲ့

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရွာ ရဲစခန်းနှင့် ပျူရွာကို ဒေသခံတော်လှန်ရေး အင်အားစုများ (၅) ရက်တာတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် ပျူ ၃၀ ကျော်သေပြီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၂၁ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။  ဇီးပြားရွာတိုက်ပွဲကို မြိုင် ပကဖ တပ်ရင်း ၁၊ ၂ နှင့် ပေါက်ကျေးရွာ ပကဖ တပ်ဖွဲ့များ၊  YRF ( ပေါက်)၊ Earthquake Defence Force၊ တောင်ညိုနဂါးတပ်ဖွဲ့၊ Royal 7တပ်ဖွဲ့တို့ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ [embedyt] https://www.youtube.com/watch?v=YZc0ViPB3Q4[/embedyt] နိုဝင်ဘာ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ…
Read More
တရုတ် – အမေရိကန်ဆက်ဆံရေး ပိုမိုကောင်််းမွန်အောင် ကြိုးစားမည်ဟု အမေရိကန်သမ္မတ Biden ပြော

တရုတ် – အမေရိကန်ဆက်ဆံရေး ပိုမိုကောင်််းမွန်အောင် ကြိုးစားမည်ဟု အမေရိကန်သမ္မတ Biden ပြော

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၃ ခုနှစ်။ အမေရိကန် သမ္မတ Joe Biden က တရုတ်နှင့် အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေး ပိုမိုကောင်းမွန်စေမည့် အလှည့်အပြောင်းဖြစ်ပေါ်ရေးကြိုးစားသွားမည်ဟု ဆန်ဖရန်စစ္စကို မသွားခင် အိမ်ဖြူတော်မှာ သတင်းထောက်တွေကို နိုဝင်ဘာ ၁၄ ရက်နေ့က ပြောကြားထားသည်။ တရုတ်သမ္မတ Xi Jinping သည် အမေရိကန်သမ္မတ Joe Biden နှင့် တွေ့ဆုံဆွေးနွေးရန်နှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အစည်းအဝေး တက်ရောက်ရန် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ နိုဝင်ဘာ ၁၄ ရက်က ရောက်ရှိလာခဲ့သည်ဟု သိရပါတယ်။ တရုတ်သမ္မတ Xi Jinping ကို ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom ၊…
Read More
မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် ၂၂ ဦးသေဆုံးပြီး (၂၈) ဦးလက်နက်ချအညံ့ခံ

မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် ၂၂ ဦးသေဆုံးပြီး (၂၈) ဦးလက်နက်ချအညံ့ခံ

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၃ ခုနှစ်။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ၊ ဖက်ထေးကုန်းကျေးရွာ အနီးတို့တွင် နိုဝင်ဘာ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦး၊ ဒုဗိုလ်တဦးအပါအဝင် ၂၂ ဦးသေဆုံးကာ ၂၈ ဦးလက်နက်ချအညံ့ခံခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F က ထုတ်ပြန်ထားသည်။ ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် တံတားဂိတ်စခန်းကို နိုဝင်ဘာလ (၁၀) ရက်နေ့တွင် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F နှင့်ပူးပေါင်းစစ်ကြောင်းများ၊ ဒရုန်းတပ်ဖွဲ့များမှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူများ၊ လက်နက်ချအညံ့ခံသူများနှင့် လက်နက်မျိုးစုံ ၅၅ လက်သိမ်းဆည်းရမိကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ၃ ဦးကျဆုံးခဲ့ရသည်ဟု…
Read More
စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချအညံ့ခံသည့် ရုပ်သံ

စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချအညံ့ခံသည့် ရုပ်သံ

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ ၁၁.၁၁ စစ်ဆင်ရေး လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချ အညံ့ခံသည့် မြင်းကွင်းရုပ်သံကို KNDF က ထုတ်ပြန်လိုက်သည်။ [embedyt] https://www.youtube.com/watch?v=3WZVK2gkwdo[/embedyt] စစ်ကောင်စီ၏ တပ်သားများအပြင် ရဲတပ်ဖွဲ့ဝင်များ တစ်ဦးချင်းသော်လည်ကောင်း၊ အစုအဖွဲ့လိုက်သော်လည်ကောင်း၊ ဌာနအလိုက်၊ တပ်ရင်းအလိုက် ပြည်သူ့ဖက်ပူးပေါင်း၍ လက်နက်ချရန် လုပ်ဆောင်ပါက KNDF အနေဖြင့် ကောင်းမွန်နွေးထွေးစွာ ကြိုဆိုသွားမည်ဟု ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More