ဆိပ်မူကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KIA/KPDFတို့အကြား စစ်ရေးတင်းမာနေသော်လည်း လုံးခင်းကျေးရွာအုပ်စုတွင် ကျောက်တူးဖော်ရေး မြေကွက်များလိုက်လံတိုင်းတာနေ

RNA_ဖားကန့်၊ စက်တင်ဘာ(၁၀)၊၂၀၂၄ ခုနှစ်။
 
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ Lucky Man Hotel & KTV ၌ KIA/KPDF အချို့အား စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးထားပြီး နှစ်ဖက် စစ်ရေးတင်းမာနေချိန်တွင် လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာတွင် ကျောက်မျက်တူးဖော်ရးအတွက် လုပ်ကွက်တိုင်းတာခြင်း၊ အိမ်ရာမြေကွက်များတိုင်းတာခြင်းများ ယခုရက်ပိုင်း လုပ်ဆောင်နေသည်။
 
ဆန်ခါကျေးရွာတွင် ရွာလမ်းမ၏ တစ်ဖက်ခြမ်းအား ကုမ္ပဏီလုပ်ကွက်တစ်ခု၊ အခြားတစ်ဖက်ခြမ်းအား ကုမ္ပဏီလုပ်ကွက်တစ်ခု တူးဖာ်မည်ဖြစ်ပြီး စုပေါင်းကုမ္ပဏီပုံစံသွားမည်ဖြစ်ကြောင်း၊ ဆန်ခါကျေးရွာရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျာင်း၊ ခရစ်ယာန်ဘုရားကျောင်းများပါမကျန် တူးဖော်ရန် KIA မြေတိုင်းတာရေးအဖွဲ့က လုပ်ကွက်ဆွဲထားပြီး အလားတူ တစ်ဆက်တည်းရှိနေသည့် မဇွပ်ယန်ကျေးရွာရှိ နေအိမ်အချို့နှင့်စာသင်ကျောင်းတို့ ပါဝင်သည်။

ဆန်ခါကျေးရွာအတွင်း ကျောက်စိမ်းတူးရန် မြေတိုင်းနေသည့်မြင်ကွင်း
ကျောက်တူးဖော်မည့် မြေများမှ ပိုင်ရှင်များကို တစ်‌ပေ ပါတ်လည် တစ်သိန်းခွဲနှုန်းသတ်မှတ်ကာ ဝယ်ယူမည်ဖြစ်ကြောင်း၊ ဖားကန့်မြို့၏ တစ်ဖက်ခြမ်း ဆိပ်မူကျေးရွာတွင် စစ်ကောင်စီတပ်နှင့် KIA/KPDF တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေကြပြီး ပြည်သူများ ထိခိုက်သေဆုံးမှုရှိနေချိန်၌ ဖားကန့်မြို့၏ အခြားတစ်ဖက်ခြမ်း လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာနှင့် မဇွပ်ယန်ကျေးရွာတို့တွင်မူ ပြည်သူလူထုပိုင်သည့် စာသင်ကျောင်းများသာမက ဘာသာရေး အဆောက်အဦများကိုပါ ဖြိုချဖျက်စီးပြီး ကျောက်တူးရန်ပြင်နေ ကြခြင်းဖြစ်သည်။

Red News Agency

By Editor