PDF များပူးပေါင်းတိုက်ခိုက်သည့်အတွက် ကမ္မစက်ရုံရဲကင်းစခန်းရှိ စစ်ကောင်စီလက်အောက်ခံများ စခန်းစွန့်ခွါ

RNA_စက်တင်ဘာ(၅)၊၂၀၂၄ ခုနှစ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မစက်ရုံရဲကင်းစခန်းကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖိအားပေးတိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီလက်အောက်ခံများ စက်တင်ဘာလ ၄ ရက်နေ့က စခန်းစွန့်ခွါ ထွက်ပြေးသွားကြကြောင်း သိရသည်။



မြိုင်ပကဖ၊ ကမ္မတပ်ပေါင်းစု၊ ပေါက်ပကဖ၊ ပခုက္ကူခရိုင် တပ်ရင်း(၁၃)၊ တပ်ရင်း(၂) အပါအဝင် မဟာမိတ်များစုပေါင်းပြီီး ဒရုန်းအသုံးပြုမှုအပါအဝင် နည်းမျိုးစုံဖြင့် ဩဂုတ်လ ၃၁ ရက်နေ့မှစပြီး စတင်တိုက်ခိုက်ခဲ့ကြကြောင်း၊ စစ်ကောင်စီလက်အောက်ခံများ စခန်းစွန့်ခွါထွက်ပြေးသည့်အတွက် နယ်မြေရှင်းလင်းရေးများလုပ်ခဲ့သည်ဟု မြိုင် ပကဖ ထံမှ သိရသည်။

#RedNewsAgency

By Editor