လွတ်မြောက်နယ်မြေ

ကရင်နီကို‌မထိန်းနိုင်တော့တဲ့ စစ်ကောင်စီ နေပြည်တော်အပေါ် စိုးရိမ်နေ

ကရင်နီကို‌မထိန်းနိုင်တော့တဲ့ စစ်ကောင်စီ နေပြည်တော်အပေါ် စိုးရိမ်နေ

“တပ်မ ၅၅ လက်အောက်ခံ ခလရ(၃)နှင့် ခမရ (၁၁၂) တပ်ရင်းတို့အတွင်း အမျှဝေသံတွေဆူညံကြတော့မယ်” နောင်ရိုး ကရင်နီ ပြည်နယ်ဟာ နွေဦးတော်လှန်ရေးမှာ အစောဆုံး ပုန်ကန်ထကြွခဲ့တဲ့ ပြည်နယ်ဖြစ်သလို အခုချိန်မှာ တော်လှန်ရေးအင်အားစုများဘက်ကလည်း၊ လူသူလက်နက်အင်အား တောင့်တင်းတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ စိုးမိုးနယ်မြေများရရှိထားပြီး အောင်ပွဲအလီလီရရှိနေတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ ကရင်နီပြည်နယ် တခုလုံးအပြင်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းဒေသအထိပါ ပျံ့နှံ့ခဲ့ပြီး နေပြည်တော်နဲ့ ရှမ်းပြည်တောင်ပိုင်းတို့ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာ ကရင်နီပြည်နယ်တွင်းက လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့၊ ရှားတော မြို့နယ်‌တွေအပြင် ဖယ်ခုံ (မိုးဗြဲ) မြို့နယ်၊ ပင်လောင်းမြို့နယ်များတို့ပါ တိုက်ပွဲ‌တွေ ဆက်လက်ပြင်းထန်နေခဲ့တယ်။…
Read More
ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ

ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ

"အညာဒေသဟာ ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမယ်ဆိုတာ ကောလဟလမဟုတ်ဘူး တစ်ကယ်ပါ"    RNA_အောက်တိုဘာ(၂၈)၊၂၀၂၂ ခုနှစ်။   " လောလောဆယ် ကျွန်တော်တို့ လက်နက်ကိုင်တွေ စိုးမိုးထားတဲ့အခြေအနေက ကျေးရွာတွေအားလုံးကို အညာဒေသတွင်းမှာရှိတဲ့ ကျေးရွာတွေ အားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီ PDF တွေစိုးမိုးထားနိုင်ပြီ၊ ကျေးရွာတွေရဲ့ နောက်တဆင့်ဖြစ်တဲ့ တိုက်နယ်တွေပေါ့နော် ကျေးရွာတွေစုပေါင်းထားတဲ့တိုက်နယ်တွေ အဲတိုက်နယ်တွေလည်း စိုးမိုးထားနိုင်ပြီ၊ တိုက်နယ်ကနေတဆင့် မြို့တွေပေါ့နော် အဲဒီမြို့တွေ အကုန်လုံးနီးပါးကို အဲဒီ မြို့တကွက်လေးပေါ့ဗျာ မြို့တကွက်လေး ကွက်ကွက်လေးတခုသာပဲ ဒီကောင်တွေက ထိုင်နိုင်တယ်၊ ကျန်တဲ့ဟာ သူတို့ မထိုင်နိုင်တော့ပါဘူး" ဟု စသဖြင့် 96 Solders - PDF တာဝန်ခံ ကိုဇေယျာလွင်က Red News…
Read More
ပခုက္ကူထောင်မှ ထွက်ပြေးသူများ လွတ်မြောက်ရာသို့ ရောက်ရှိ

ပခုက္ကူထောင်မှ ထွက်ပြေးသူများ လွတ်မြောက်ရာသို့ ရောက်ရှိ

RNA_စက်တင်ဘာ (၁၁)၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူခရိုင်အကျဉ်းထောင်မှ အုတ်နံရံကျော်ကာ ထွက်ပြေးနိုင်ခဲ့သည့် နိုင်ငံရေးအကျဥ်းသား (၅) ဦး လွတ်မြောက်နယ်‌မြေသို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။ "လွတ်မြောက်လာသူများမှာ တော်လှန်ရေး ရဲဘော် (၂)ဦး၊တခြား နိုင်ငံရေး ပုဒ်မများဖြင့်မတရားဖမ်းဆီးခံထားခြင်းခံရသူ (၃)ဦးပါဝင်ပြီး ယင်းတို့ (၅)ဦးစလုံး လွတ် မြောက်ဘေးကင်းရာသို့ ရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force က ယနေ့ ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၁၀ ရက်နေ့က ထောင်မှ‌ မိမိအစီအစဉ်ဖြင့် ထွက်ပြေးလွတ်မြောက်လာသူ (၅) ကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)နှင့် အတူ ဒေသခံLDFများဖြစ်ကြသည့်ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PPDF၊ Young Force (UG)တပ်ဖွဲ့၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့( ၂)၊ Pakokku Ranger ၊…
Read More
ပထမဆုံး လွတ်မြောက်နယ်မြေ ဖြစ်လာနိုင်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း အခြေအနေ

ပထမဆုံး လွတ်မြောက်နယ်မြေ ဖြစ်လာနိုင်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း အခြေအနေ

RNA_ဇန်နဝါရီ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ပြည်တွင်း ပြည်ပ ပြည်သူများ ခန့်မှန်းထားသည့် နွေဦးတော်လှန်ရေးမှာ ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာနိုင်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်သည် ပထမဆုံး ဖွတ်ဖွတ်ညတ်ညတ်ကြေသည့် နေရာ ဖြစ်လာနိုင်ကြောင်း လက်တလော အခြေအနေများကို အင်အား ( ၃) ထောင်ကျော်နှင့် စစ်ကောင်စီတပ်ကို တော်လှန်နေသည့် ပြည်သူ့တော်လှန်ရေးတပ်မတော် ( People Revolution Army - PRA)မှ ဗိုလ်ဂျပန်က ပြောပြထားသည်။ Red News Agency
Read More