နမ့်ခမ်းမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲသည့်အတွက် ပြည်သူ (၁၁) ဦးသေဆုံး

RNA_စက်တင်ဘာ(၆)၊၂၀၂၄ ခုနှစ်။
 
TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့၊ ညစျေးအနီးရှိ ပြည်သူများနေအိမ်ပေါ်နှင့် ကျားဖြူခန်းမအနီးကို စက်တင်ဘာလ ၆ ရက် နံနက် ၁ နာရီ ၃၅ မိနစ်ခန့်က စစ်ကောင်စီတပ် လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့သည့်အတွက် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ (၁၁) ဦးသေဆုံးပြီး (၁၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
 
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူများထဲတွင် ကလေးငယ် (၂)၊ အမျိုးသား(၅) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီ ၁ ဦးအပါအဝင် (၄) ဖြစ်ပြီး၊ ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ် (၂)ဦး အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၅)ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် (၆)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြို့များဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် အရပ်သားပစ်မှတ်များဦးတည်ကာ လူအများအပြားသေစေနိုင်သည့် ပေါင်(၅၀၀)ဖြင့် နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
#RedNewsAgency
By Editor