ဆန်ခါကျေးရွာ

အခွန်(ခ)ဆက်ကြေးမပေးသည့် ကျောက်စိမ်းလုပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ် ဝင်စီး

အခွန်(ခ)ဆက်ကြေးမပေးသည့် ကျောက်စိမ်းလုပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ် ဝင်စီး

RNA_ဖားကန့် မေလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်း‌ကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီးရှိ စစ်ကောင်စီကိုအခွန် (ခ) ဆက်ကြေးမပေးပဲ တူးဖော်နေသည့် ကျောက်ကျင်းလုပ်ကွက် နှစ်ခုကို စစ်ကောင်စီတပ်အင်အား(၃၀)ခန့်ဖြင့် မေလ ၂၉ ရက် ညဦးပိုင်းက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်ကို ဆက်ကြေးမပေးသည့်အတွက် အဲဗားရေဝင်းနားလုပ်ကွက်ဟောင်းရေကန်၊ ငိုးပင်းကုမ္ပဏီလုပ်ကွက်‌မြေနေရာဟောင်း မြေစာပုံဈေးတန်းအနီး၊ တောက်ပကြယ် လုပ်ကွက်ဟောင်း ကမ်းပါးနေရာတို့ကို ဝင်ရောက်စီးနင်းကာ စက်ယန္တရားများနှင့် လုပ်ကွက်ဝန်ထမ်းအားလုံးနီးပါးကို ဖမ်းဆီးထားကြောင်း မျက်မြင်တွေ့ရှိသူကများက ပြောကြားထားသည်။ ဝင်ရောက်စီးနင်းခံရသည့် လုပ်ကွက်တွင် ကချင်တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေး ကုမ္မဏီ KNDPC ဟု နာမည်ခံထားပြီး အဆိုပါကုမ္မဏီ၏ပိုင်ရှင်မှာ တရုတ်လူမျိုး ဦးကွေပင်းဖြစ်ပြီး၊ မူးယစ်ယာဇာ အဖြစ်နာမည်ကြီးသူဟုကျော်ကြားကာ…
Read More
လက်နက်ကြီးကျည် (၂) ကြိမ်ကျရောက်ပေါက်ကွဲပြီး ပြည်သူ တဦးသေ (၅) ဦးဒဏ်ရာရ 

လက်နက်ကြီးကျည် (၂) ကြိမ်ကျရောက်ပေါက်ကွဲပြီး ပြည်သူ တဦးသေ (၅) ဦးဒဏ်ရာရ 

RNA_ဖားကန့်၊ ဒီဇင်ဘာ(၃၁)၊၂၀၂၂ ခုနှစ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီး ဦးကွန်ဂျာနော် အသက် (၅၂) နှစ်မှာ လက်နက်ကြီးကျည်ထိမှန်ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာရှိ ဖားကန့်အချုပ်ထောင်မှ စစ်ကောင်စီစစ်တပ်က ဒီဇင်ဘာလ (၃၀) ရက်နေ့က အရပ်လေးမျက်နှာကို လက်နက်ကြီး ရမ်းသန်းပစ်ခတ်သည့်အတွက် ဆန်ခါကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ (၆) ဦးထိမှန်ခဲ့ရာ တဦးသေဆုံးသွားခြင်း ဖြစ်သည်။ (more…)
Read More
ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် (၂) ကြိမ်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၆ ဦး ဒဏ်ရာရ

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် (၂) ကြိမ်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၆ ဦး ဒဏ်ရာရ

RNA_ဖားကန့်၊ ဒီဇင်ဘာ(၃၀)၊၂၀၂၂ ခုနှစ်။   ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအတွင်း ယနေ့ နေ့လည် ၂ နာရီခန့်က စစ်ကောင်စီ၏ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၆ ဦး ထိမှန်ဒဏ်ရာများရခဲ့ကြောင်း သိရသည်။   ပထမအကြိမ် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲစဉ်တွင် အမျိုးသမီး တစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရခဲ့ပြီး ဒုတိယအကြိမ် ကချင်ကတ်သောလစ်အသင်းတော် ဘုရားကျောင်းအနီး ကျရောက်ပေါက်ကွဲစဉ်တွင် ဘုရားကျောင်းမှ ဆရာမ နှစ်ဦး၊ ကလေးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဒဏ်ရာများရရှိခဲ့သည်။ (more…)
Read More