ပြည်သူ့တော်လှန်ရေးတပ်ဦး၏ အပတ်စဉ်(၈) အခြေခံစစ်ပညာသင်တန်းတွင် ရဲဘော်(၃၆)ဦး အောင်မြင်

RNA_စက်တင်ဘာ(၉)၊၂၀၂၄ ခုနှစ်။

ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၏ တလခွဲခန့်ကြာမြင့်သော အခြေခံစစ်သင်တန်းအပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ (၈) ရက်နေ့က PRF ယာယီဌာနချုပ်မှာ ကျင်းပခဲ့ရာ တပ်သားသစ် ရဲဘော်(၃၆) ဦး အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့သည်ဟု သိရသည်။

အခြေခံစစ်သင်တန်းတွင် အခြေခံစစ်ရေးပြ၊ စစ်နည်းဗျူဟာ၊ စစ်ဗျူဟာ၊ မိုင်းသင်တန်းစသည့် သင်္ခန်းစားများအပြင် တပ်ဦး၏ လမ်းညွှန်နိုင်ငံရေးအတွေးခေါ်အခိုင်အမာတည်ဆောက်ရေးအတွက် တပ်ဦး၏နိုင်ငံရေးကြေညာစာတမ်း၊ တပ်ဦးဖြတ်သန်းခဲ့သည့် သမိုင်းမှတ်တမ်း၊ ဒီမိုကရေစီဗဟိုဦးစီးချုပ်ကိုင်မှု-ဒီစီ၊ စစ်သုံးစစ်၊ အနုပဋိလောမပို့ချချက်စသည့် တပ်တွင်းနိုင်ငံရေးသင်တန်းကိုပါ ထည့်သွင်း ပို့ချပေးအပ်ခဲ့ကြောင်း PRF က ယနေ့ ထုတ်ပြန်ထားသည်။

ပြည်သူ့တော်လှန်ရေးတပ်ဦးအနေဖြင့် စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆုံးခန်းတိုင်ဆင်နွှဲသွားရန် ပြင်ဆင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့်အတွက် လက်နက်ကိုင်တော်လှန်လိုသူ တပ်ဖွဲ့ဝင်သစ်များကိုလည်း ဖိတ်ခေါ်လျက်ရှိကြောင်း၊ အခြေခံစစ်သင်တန်း အပတ်စဉ်(၉ ) ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

#RedNewsAgency #RNA

By RNA Editor