RNA_စက်တင်ဘာ(၉)၊၂၀၂၄ ခုနှစ်။
စစ်ကောင်စီသည် တိုက်ပွဲဖြင်ပွားရာ ဒေသများအတွင်း စစ်ဘေးရှောင်များနှင့် အရပ်သားပြည်သူများရှိသည့်နေရာများကို လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် မြေမြှပ်မိုင်းထောင်ထားမှုများကြောင့် လူဝီဇာဖောင်ဒေးရှင်း အဖွဲ့ဝင်များက လက်နက်ကြီး၊ လေကြောင်းအန္တရာယ်နှင့် မြေမြှုပ်မိုင်း အန္တရာယ် ကာကွယ်ရေးအသိပညာပေး လှုပ်ရှားမှုပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်မှ လွတ်မြောက်နယ်မြေဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်း ဖောင်ဒေးရှင်းရုံးချုပ်အခြေစိုက် ဒေသတွင်း ပြည်သူများအတွက် လူစည်ကားရာနေရာများနှင့် ကျေးရွာများတွင် ပန်းဖလက်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း၊ အသိပညာပေး ဟောပြောပွဲများပြုလုပ်ခြင်းတို့ကို စက်တင်ဘာ ၁ ရက်နေ့မှစတင်ကာ စက်တင်ဘာလ ၆ ရက်နေ့ထိ ရက်သတ္တပတ်အဖြစ်သတ်မှတ်ပြီး လူဝီဇာဖောင်ဒေးရှင်းမှ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
#RedNewsAgency #RNA