သတင်း

စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်သည့်အတွက် အိမ်ထဲနေသည့် (၇) အရွယ်ကလေးငယ် သေနတ်မှန်သေဆုံး

စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်သည့်အတွက် အိမ်ထဲနေသည့် (၇) အရွယ်ကလေးငယ် သေနတ်မှန်သေဆုံး

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက် ရဲတပ်ရင်းအနီး ဗုံးပေါက်ကွဲရာ စစ်ကောင်စီတပ်သားရဲများက ရမ်းသမ်းပစ်ခတ်သည့်အတွက် အိမ်ထဲတွင် ဂိမ်းဆော့နေသည့် (၇) နှစ်အရွယ် အစ္စလာမ်ဘာသာဝင် ကလေးငယ် မိုဟမ္မဒ်ဆိုင်ဖွလ္လဟ် (ခ) မောင်ဘုန်းခန့်ထည် ရင်ဘတ် သေနတ်မှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။ Red News Agency
Read More
စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ပြည်သူ ၇ ဦးတွင် ၂ ဦးသေ၊ ၄ ဦးပျောက်နေပြီး ၁ ဦးသာလွှတ်မြောက်

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ပြည်သူ ၇ ဦးတွင် ၂ ဦးသေ၊ ၄ ဦးပျောက်နေပြီး ၁ ဦးသာလွှတ်မြောက်

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကင်းကျေးရွာမှ ပြည်သူ (၇) ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးခဲ့ရာတွင် ၂ ဦးသေဆုံးပြီး ၄ ဦးပျောက်ဆုံးနေကာ ၁ ဦးသာ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ ချင်းတွင်းမြစ်ကြောင်းတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်ရေယာဉ်အုပ်စုမှ စစ်ကြောင်းသည် ဇန်နဝါရီလ ၂၉ ရက်နေ့က ကင်းကျေးရွာရောက်ရှိပြီး ပြည်သူ (၇) ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အသက် ၃၆ နှစ်အရွယ် အမျိုးသားသည် ညှပ်ရိုးနှစ်ဖက်အောက် ထိုးသွင်းမွှေဓားဒဏ်ရာ၊ ကြောထိုးသွင်းမွှေဓားဒဏ်ရာဖြင့် ၁ ဦးသာ ထွက်ပြေးလွတ်မြောက်လာသည်ဟု ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ‌ယနေ့ထုတ်ပြန်ထားသည်။ အသက် ၅၈ နှစ်အရွယ်အမျိုးသား…
Read More
စစ်အာဏာရှင်လက်အောက် မနေလို၍ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြသူ သေဆုံး

စစ်အာဏာရှင်လက်အောက် မနေလို၍ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြသူ သေဆုံး

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်တပ်အာဏာသိမ်း နှစ်ပတ်လည်နေ့တွင် စစ်အာဏာ ရှင်လက်အောက် မနေလို၍ စစ်အာဏာရှင်ကို အလိုမရှိ ဆန့်ကျင်ကြောင်း မိမိကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့သူ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့က ကိုအောင်အောင် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ ကိုအောင်အောင်သည် စစ်အာဏာရှင်ခေတ် ၂၀၀၁ နှင့် ၂၀၀၂ ခုနှစ်ကို ပြန်မသွားလိုဟုဆိုကာ မိမိကိုယ်မိမိ မီးရှို့ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ယနေ့ နေ့လည်ပိုင်းက ကျောက်ပန်းတောင်းမြို့ EPC ရုံးအနီးတွင် မိမိကိုယ်သက်သေကာ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ၂၄ နာရီလုံး အများပြည်သူများ (မူးရင်း များကို + ဟုရေးထား)သာ မီးလင်းပါစေဟု ဆန္ဒပြု စာရွက်ကို ရေးသားခဲ့ကြောင်း…
Read More
အသံတိတ် သပိတ်ပြုလုပ်နေစဉ် စစ်တပ်ထောက်ခံပွဲ ဗုံးပေါက်ကာ သေဆုံးသူများရှိ

အသံတိတ် သပိတ်ပြုလုပ်နေစဉ် စစ်တပ်ထောက်ခံပွဲ ဗုံးပေါက်ကာ သေဆုံးသူများရှိ

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ယနေ့ ကျရောက်သည့် စစ်တပ်အာဏာသိမ်း နှစ်ပတ် လည်နေ့ အများပြည်သူများ အသံတိတ်သပိတ် (Silent Strike) ပြုလုပ်နေကြစဉ် လမ်းပေါ်ထွက်လာသည့် တာချီလိတ်မြို့ အာဏာသိမ်းစစ်တပ်ထောက်ခံသူများ ဗုံးကွဲကွာ အနည်းဆုံးနှစ်ဦး သေဆုံးမှုရှိခဲ့ကြောင်း သိသည်။ (more…)
Read More
ကရင်နီပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အတွင်း စစ်ကောင်စီ အုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်း ရပ်တန့်

ကရင်နီပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အတွင်း စစ်ကောင်စီ အုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်း ရပ်တန့်

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီ (ကယား)ပြည်နယ်၌ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အတွင်း စစ်ကောင်စီအုပ်ချုပ်ရေး ၉၀ ရာခိုင်နှုန်းအထိ ရပ်တန့်သွားပြီဖ့စ်ကြောင်း ယနေ့တွင် ကရင်နီ အမျိုးသားကာကွယ်ရေးတပ် -KNDF က ထုတ်ပြန်ထားသည်။ ကရင်နီပြည်နယ် အဝင် အထွက် လမ်းကြောင်းအားလုံးနီးပါးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီတပ်အတွက်လက်နက်နှင့် ရိက္ခာကို ထောက်ပို့လေယာဉ် အသုံးပြုနေရကြောင်း၊ တပြည်နယ်လုံးရှိ ကျေးရွာ (၇၀၀) ကျော်တွင် ရွာလုံးကျွတ် စစ်ဘေးရှောင်ရွာမှအပ ကျေးရွာပေါင်း (၄၀၀) ခန်းတွင် စာသင်ကျောင်း၊ ဆေးပေးခန်းများကို ပြည်သူများက ကိုယ်ထူကိုယ်ထ စီမံအုပ်ချုပ်မှုဖြင့် လည်ပတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။ Red News Agency
Read More
ပုလဲ မြို့နယ် ပန်းကျေးရွာ နေအိမ်၂၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ် မီးရှို့

ပုလဲ မြို့နယ် ပန်းကျေးရွာ နေအိမ်၂၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ် မီးရှို့

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ပန်းကျေးရွာက နေအိမ် ၂၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ် စစ်ကြောင်းက ပြီးခဲ့သည့်ည ( ဇန်နဝါရီလ ၃၁ ရက်) က မီးရှို့သွားကြောင်း သိရသည်။ " အခုအဲဒီစစ်ကြောင်းက ရွာတွေကို မီးပတ်ရှို့နေတာ ပြည်သူတွေပြေးရတာပေါ့၊ ပထမ မွေ့တုံရွာကိုရှို့တယ် ဘုန်းကြီးကျောင်းပါ မီးထဲပါသွားတာ ပြီးတော့ ပန်းရွာထပ်ရှို့တယ်၊ ပန်းရွာက အိမ်ခြေပိုများတယ်၊ မကွေးတိုင်း မြိုင်ဘက်က ကူးလာတဲ့ စစ်ကြောင်းလို့ ပြောတယ်၊ ရွာသားတွေက ‌စစ်ကြောင်းလာတာနဲ့ပြေးလွှားနေရပြီ ရွာထဲရောက်တော့ မိုက်တိုက်တော့တာပဲ" ဟု ပုလဲမြို့နယ် ဒေသခံ တဦးက ပြောသည်။ စစ်ကောင်စီတပ်သည်…
Read More
PDF များ၏ ဝန်းရံမှုဖြင့် ပြည်သူများ၏ အာရုဏ်ဦးသပိတ်

PDF များ၏ ဝန်းရံမှုဖြင့် ပြည်သူများ၏ အာရုဏ်ဦးသပိတ်

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်း၍ ယနေ့ နံနက်စောစော အာရုဏ်ဦးသပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြရာ ဆားလင်းကြီး PDFများမှ ဝန်းရံအားဖြည့်ပေးခဲ့ကြောင်း သိရသည်။ Red News Agency
Read More
Hero Tiger Force က အထူးပြောက်ကျား ကွန်မန်ဒို သင်တန်းဆင်းပွဲ ပြုလုပ်

Hero Tiger Force က အထူးပြောက်ကျား ကွန်မန်ဒို သင်တန်းဆင်းပွဲ ပြုလုပ်

RNA_ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်းက စစ်အာဏာရှင်ကို ခုခံတွန်းလှန် တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် ယင်းမာပင်မြို့နယ် အခြေစိုက် Hero Tiger Force က ဦးစီးပြုလုပ်သည့် အထူးပြောက်ကျား ကွန်မန်ဒို သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ အထူးပြောက်ကျား ကွန်မန်ဒို သင်တန်းဆင်းပွဲတွင် PDF အလံတော်အား အလေးပြု၍ သွေးသစ္စာသီချင်းဖြင့် ချီတက်အလေးပြုခဲ့ကြပြီး၊ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတဦးက မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ ဒေသခံပြည်သူများကလည်း အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။ Red News Agency
Read More
တော်လှန်ရေးအဟုန်ကို ကရင်အမျိုးသားများ ဦးဆောင်မြှင့်တင်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း NUG ပြော 

တော်လှန်ရေးအဟုန်ကို ကရင်အမျိုးသားများ ဦးဆောင်မြှင့်တင်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း NUG ပြော 

RNA ၊ဇန်နဝါရီလ (၃၁)ရက်။ ကရင်အမျိုးသားများအနေဖြင့် အကြမ်းဖက်စစ်ဝါဒချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ဆုံးတည်ထောင်နိုင်ရေးအတွက် တော်လှန်ရေးအဟုန်ကို ဦးဆောင် မြှင့်တင်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန က ပေးပို့သော (၇၃)နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။ " တိုင်းရင်းသားပြည်သူများ၏ထောက်ခံပါဝင်မှု၊ တော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်မှုဖြင့် ဆင်နွှဲလျက် ရှိသော ပြည်သူ့ခုခံတွန်းလှန်စစ်ကြောင့် စစ်အာဏာရှင်စနစ်၏နေဝင်ချိန်သည် နီးကပ်လာပြီ ဖြစ်သည့် အားလျော်စွာ အဓမ္မအကြမ်းဖက်စစ်ဝါဒချုပ်ငြိမ်းလျက် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အမြန်ဆုံးတည်ထောင်နိုင်ရန်အလို့ဌာ ကရင်အမျိုးသားများအနေဖြင့် အခြားတိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့်လက်တွဲလျက် တော်လှန်ရေးအဟုန်ကို ဦးဆောင်မြှင့်တင်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း" သဝဏ်လွှာတွင် ဖော်ပြထားခြင်းဖြစ်သည်။ ယနေ့ ကျရောက်သော (၇၃)နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့သို့ ဂုဏ်ယူစွာဖြင့် ဤသဝဏ်လွှာကို ပါးအပ်ခြင်း ဖြစ်ပြီး လွန်ခဲ့သော(၇၃)နှစ်မှစတင်၍…
Read More
PDF တွေကို မတိုက်ရဲသည့်အတွက် ပျူစောထီးတွေကို စစ်ကောင်စီတပ်ပစ်သတ်

PDF တွေကို မတိုက်ရဲသည့်အတွက် ပျူစောထီးတွေကို စစ်ကောင်စီတပ်ပစ်သတ်

RNA_ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာကို ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေပိုင်းက PDF များဝိုင်းတိုက်ခံရစဉ် ပျူစောထီးတွေ ပြန်မတိုက်ရဲသည့်အတွက် စစ်ကောင်စီတပ်က ပစ်သတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ " မနေ့ညနေက စဖြစ်တာ တိုက်ပွဲက စခတွေက ပျူစောထီးတွေကို တိုက်ခိုင်းတာ မတိုက်ရဲကြဘူး အဲဒါနဲ့ ရွာထဲမှာပစ်သတ်တယ်လို့ ကြားထားတယ်၊ သတင်းက တိကျတယ် ဘယ်နှစ်ယောက်သေတယ်တော့ မပြောရသေဘူး၊ ရွာသူရွာသားတွေက ထွက်ပြေးနေကြတာ၊ ပြီးတော့ ရွာသုံးပုံ နှစ်ပုံကို မီးရှို့ပစ်တယ်၊ PDF တွေအသားစီးရလို့ ရဟတ်ယာဉ်နဲ့ပါပစ်တယ်၊ အခုမနက်လည်း ရဟတ်ယာဉ်ဝဲနေတာပဲ ရွာနားမှာ၊ အင်မထီးမှာက သူတို့အထိုင်ချနေတာ ပျူတွေကိုသင်တန်းပေးတာပေါ့၊…
Read More