Tag: လူထုဆန္ဒပြပွဲ

  • စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မှာဆန္ဒပြ

    စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မှာဆန္ဒပြ

    RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။

    စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနှင့် လူထု၏ အထွေထွေကြပ်တည်းမှုများနှင့် မတရားဖိနှိပ်ခံရမှုများကြောင့် ယနေ့ ကဆုန်လပြည့်နေ့ ညပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

    “လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေသည့်အခြေအနေများ၊ စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို ကန့်ကွက်ရှုံ့ချဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း စသည်တို့ကို ကြွေးကြော်ခဲ့ကြပြီး အောင်မြင် စွာလှုပ်ရှားဆောင်ရွက်နိုင်ခဲ့သည်” ဟု လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ရဲဘော်တဦးက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=mo9DHVEqIvQ[/embedyt]

    (more…)

  • လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့ စျေးတခုအတွင်း လူထုသပိတ်ဖော်ဆောင်

    လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့ စျေးတခုအတွင်း လူထုသပိတ်ဖော်ဆောင်

    RNA_နိုဝင်ဘာ(၂၅)၊၂၀၂၃ ခုနှစ်။

    ရန်ကုန်မြို့တွင် လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ သပိတ်အင်အားစုများစုပေါင်း၍ ယနေ့ နံနက်ပိုင်းက စျေးတခုအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ဖော်ဆောင်ခဲ့ကြောင်း သိရသည်။

    “လူထုကြီးရဲ့ ရွပ်ရွပ်ချွံချွံတော်လှန်မှုကြောင့် ဒီကနေ့မှာတော့ အာဏာလောဘ တက်ပြီး လူထုကို ဖိနှိပ်နေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုဟာ မရှုမလှ အရေးနိမ့်နေပါပြီ၊ပြိုကျနေပါပြီ..။ ပျက်စီးနေပါပြီ”ဟု ကိုနန်းလင်းကဟောပြောခဲ့ကြောင်း တကသကျောင်းသားဟောင်းများအင်အားစု – University Students’ Unions Alumni Force ထံမှ သိရသည်။

     

    တိုင်းပြည်နှင့် တပ်မတော်ကို ကယ်တင်ချင်ပါက ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်များလက်အောက်မှ အမြန်ဆုံး ရုန်းထွက်ကြရန်၊ ပြည်သူနှင့် ပူးပေါင်းပြီး ပြည်သူ့ဘက်ရပ်တည်ကြရန် မြန်မာ့တပ်မတော်သားများကို ရည်ရွယ်၍ ကိုနန်းလင်းက ပြောကြားခဲ့သေးသည်။

    #RedNewsAgency

  • နွေဦးတော်လှန်ရေး ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများ

    နွေဦးတော်လှန်ရေး ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများ

    “မင်းအောင်လှိုင်စစ်တပ်ရဲ့ သဘောတရားကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်ထားသူများအပ ၎င်းကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ မခွဲခြားပဲ တန်းတူထား ဖိနှိပ်တာကို မြင်တွေ့ရမှာပါ”

    ကျော်ရဲစံ

    ယေဘုယျ အားဖြင့် ၂၀၂၁ ခုနှစ် မတ်လ မှစတင်ခဲ့သောလက်နက်ကိုင် တော်လှန်ရေးသည် နှစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။ စစ်ကိုင်းတိုင်းက ကလေးမြို့နယ် တာဟန်းခံတပ်က အစပြုလို့ ပြည်သူ့ခုခံစစ်အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရက ကြေညာခဲ့သည်ဆိုလျှင် နှစ်နှစ်နီးပါး ပြည့်တော့မှာဖြစ်ပါတယ်။

    ဒီကာလအတွင်း တူမီးကအစပြုလို့ လက်လုပ် မိုင်းတွေနဲ့ စစ်ကောင်စီကို ခုခံ တော်လှန်ခဲ့ကြရာမှ Federal Wings ကဲ့သို့ ဒရုန်းတပ်ဖွဲ့များ၊ ၈၀မမ၊ ၆၀ မမ လက်လုပ်လက်နက်ကြီးများနဲ့ အော်တိုပစ်ခတ်နိုင်တဲ့ မောင်းပြန် သေနတ်များပါ ကာကွယ်ရေးအဖွဲ့တွေက ထုတ်လုပ်လာနိုင်နေပါတယ်။ နည်းပညာပိုင်းနဲ့ ကုန်ကြမ်းပစ္စည်း ကွာခြားမှုအရ စစ်ကောင်စီတပ်နဲ့ လက်နက် အင်အားခြင်းကွာခြားနေသော်လည်း မြန်မာပြည်အနှံ့တွင် ကာကွယ်ရေးအဖွဲ့တွေက စိုးမိုးနယ်မြေများထူထောင်လာနိုင်​​နေပါတယ်။

    စိုးမိုးနယ်မြေဆိုတာဟာ မြို့ကို သိမ်းထားတာမျိုးမဟုတ်ပဲ စစ်ကောင်စီတပ်တွေကို မြို့ကို ပို့ပြီး ဝိုင်းဝန်းပိတ်ဆို့ထားခြင်းသာ ဖြစ်ပါတယ်။ မန္တလေး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း တွေမှာသာ စစ်ကောင်စီတပ်သားတွေ လွတ်လပ်စွာသွားလာနိုင်ဆဲ ဖြစ်ပေမဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာတော့ နေ့စဉ်နဲ့အမျှ အသက်ဆုံးရှုံးနေရတာကို မြင်တွေ့ရပါတယ်။ ဒါကလည်း ပြည်သူလူထုရဲ့ နေ့စဉ်ရှင်သန်ရတဲ့ ဘဝ အားဆေးတစ်ခွက်လိုကိုဖြစ်နေပါပြီ။
    (more…)

  • ဖက်ဆစ်တော်လှန်ရေးနေ့ မုံရွာ – ပုသိမ် လမ်းမ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်

    ဖက်ဆစ်တော်လှန်ရေးနေ့ မုံရွာ – ပုသိမ် လမ်းမ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်

    RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။

    ယနေ့ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့တွင် စစ်ကိုင်းတိုင်း မုံရွာ -ပုသိမ် လမ်းမကြီး တနေရာတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့နှင့် ပြည်သူများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။

    “ပြည်သူလူထုအနေနဲ့ စစ်တပ်ကိုမထောက်ခံကြောင်းဆန္ဒထုတ်ဖော်ခဲ့တာပါ။ ပြည်သူလူထု မထောက်ခံတဲ့စစ်တပ်ဟာ ကြာကြာမခံပါဘူး။ ခုဆို တဖြည်းဖြည်းရိုင်လဲလာပါပီ။ အရေးနိမ့်လာပီဖြစ်တဲ့အတွတ်ပြည်သူလူထုအနေနဲ့ဆက်လက် တောင့်ခံခုခံပေးကြဖို့တောင်းဆိုလိုပါတယ်။”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူကပြောဆိုပါသည်။

    (more…)

  • ရွေးကောက်ပွဲ လက်မခံကြောင်း ကျေးရွာ (၅) ရွာအတွင်း လှည့်လည် ဆန္ဒပြ

    ရွေးကောက်ပွဲ လက်မခံကြောင်း ကျေးရွာ (၅) ရွာအတွင်း လှည့်လည် ဆန္ဒပြ

    RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။

    အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက် ပွဲကို လက်မခံကြောင်း မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဒေသခံပြည်သူများက ယနေ့နံနက်ပိုင်းတွင် ကျေးရွာ (၅) ရွာအတွင်း လှည့်လည်ကာ  ဆန္ဒပြခဲ့ကြသည်။

    မြို့ပြနေပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မပြုလုပ်ရန်နှင့် မြို့ပြပျောက်ကြား လှုပ်ရှားမှုများ ဖော်ဆောင်ခြင်းဖြင့် မြို့ပြနိုင်ငံရေးအရှိန်မြှင့်ဖို့ လိုအပ်နေကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သည့် ပြည်သူတဦးက ပြောသည်။

    (more…)

  • “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ”

    “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ”

    ထောင်ချီသည့်လူထုက “ တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ကြွေးကြော်သံများနှင့်အတူဆန္ဒပြ
     
    RNA_ဇန်နဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။
    [embedyt] https://www.youtube.com/watch?v=ECTFLCTBIgc[/embedyt]
     
    အာဏာသိမ်းစစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲကို မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ ထောင်ချီသည့် လူထုက “ တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” စာတန်းများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများနှင့် ယနေ့ ရေစကြိုမြို့နယ် ကျေးရွာများတွင် လှည့်လည် ဆန္ဒပြခဲ့ကြသည်။
     
    #RedNewsAgency
     

  • အာဏာသိမ်းစစ်အစိုးရအား ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ဆန္ဒပြ

    အာဏာသိမ်းစစ်အစိုးရအား ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ဆန္ဒပြ

    RNA – ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက်။

    ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရဟန်းရှင်လူ ကျောင်းသားပြည်သူများက အာဏာသိမ်း စစ်အစိုးရအား ဆန္ဒပြခဲဲ့ကြသည်။

    ပြည်သူ့အစိုးရဆီမှ တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက အဓမ္မအာဏာသိမ်းခဲ့သည့်အတွက် ယခုဆိုလျှင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြနေကြသည်။[embedyt] https://www.youtube.com/watch?v=xgSwg9uaEwU[/embedyt]

    Red News Agency