Magway

PDF အမှတ်(၁) စစ်ဒေသ သင်တန်းဆင်းပွဲတွင် လက်နက်နှင့် Drone များပေးအပ်

PDF အမှတ်(၁) စစ်ဒေသ သင်တန်းဆင်းပွဲတွင် လက်နက်နှင့် Drone များပေးအပ်

RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)အမှတ်(၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲဲတွင်ရဲဘော်များကို လက်နက်နှင့် Drone တပ်ဆင်ပေးအပ်ခဲ့ကြောင်း သိရသည်။ လက်နက်နှင့် Drone စသည်တို့ တပ်ဆင်ပေးအပ်သည့် သင်တန်းဆင်းပွဲကို မတ်လ (၂၇) ရက်နေ့က မကွေးတိုင်းအတွင်း တနေရာတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနား ဌာနချုပ်တွင် ကျင်းပ

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနား ဌာနချုပ်တွင် ကျင်းပ

RNA_မတ်(၂၈)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်းအခြေစိုက် တော်လှန်ရေးမဟာမိတ်အင်အားစု - People's Revolution Alliance (PRA Magway) တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားကို ယနေ့ နံနက် (၈) နာရီက ဌာနချုပ်စခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ PRA-Magway တည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်း အနားတွင် ဒေသတွင်း ညီနောင်တပ်ဖွဲ့များပါဝင်သော ပူးပေါင်းစစ်ကြောင်းဖြင့် ချီတက်အလေးပြုခဲ့ပြီး၊ ဒေသအသီးသီးမှ မဟာမိတ်တော်လှန်ရေးအဖွဲ့များ ပေးပို့လာသောဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။ (more…)
Read More
မြိုင်မြို့ ရဲစခန်းနှင့် မြို့အဝင်ဂိတ်တို့အား ဒရုန်းဖြင့် တိုက်ခိုက်

မြိုင်မြို့ ရဲစခန်းနှင့် မြို့အဝင်ဂိတ်တို့အား ဒရုန်းဖြင့် တိုက်ခိုက်

RNA_မတ်(၂၀)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် ပြည်သူများ သွားလာသည့်လမ်းတွင် စစ်ဆေး အကြောင်းအမျိုးမျိုးပြကာ ဆက်ကြေးကောက်နေသည့် မြို့အဝင်ဂိတ်တို့အား Shar Htoo Waw Drone နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone ဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။   မြိုင်ရဲစခန်းနှင့် မြို့အဝင်ဂိတ်တို့ကို မြိုင် ပကဖနှင့်အတူ Salingyi Special Task Force - SSTF  (ယင်းမာပင်ခရိုင်တပ်ရင်း ၁၄ ၊ ၁၅)၊ Shar Htoo Waw Drone နည်းပညာအဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း -၄ (MSPDF)၊ CDSOM…
Read More
မကွေး PRA က စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်

မကွေး PRA က စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်

RNA_ဇန်နဝါရီ ၁၊ ၂၀၂၃ ခုနှစ်။ မကွေးတိုင်းအခြေစိုက် People's Revolution Alliance ( PRA - Magway) တပ်ဖွဲ့က ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာနှင့် မြေလတ်ကျေးရွာ အကြားတွင် အမှတ် (၉၀၅) အမြောက်တပ်မှ တပ်သားများလိုက်ပါလာသည့်ယာဉ်ကို ယနေ့ နံနက် (၈) နာရီ (၃၀) မိနစ်ဝန်းကျက်က ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီတပ် အသေအဆုံးကို စုံစမ်း‌နေကြောင်း သိရသည်။ People's Revolution Alliance ( PRA - Magway) တပ်ဖွဲ့က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့ နေ့လည်ပိုင်းကလည်း ဂုတ်ကြီးကျေးရွာ ရဲစခန်းမှ လုံခြုံရေး စစ်ကြောင်းကို…
Read More
ပွင့်ဖြူ PDF ရဲဘော်စနေအတွက် M4 တလက် အလှူခံရရှိ

ပွင့်ဖြူ PDF ရဲဘော်စနေအတွက် M4 တလက် အလှူခံရရှိ

RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ( People's Defence Force- Pwintbyu) တွင် တာဝန်‌ ထမ်းဆောင်နေသည့် ရဲဘော်စနေအတွက် M4 တလက်ကမ်ပိန်းတွင် ပြည်သူများ၏အလှူငွေ ကျပ်သိန်း ၂၀၀ ကျော်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။ "ရဲဘော်စနေအတွက် M4 တစ်လက် ဝယ်ယူနိုင်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ ပါဝင်ကူညီပေးကြတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းတိုင်းကိုကော၊ Like Share ပြုလုပ်ပေးကြတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကိုကော ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ လိုအပ်နေတဲ့ငွေပမာဏ သိန်း ၁၀၀ ကျော်ကို ကူညီပေးခဲ့ကြတဲ့ ကနေဒါက မိသားစုတွေကိုကော ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ပြည်သူတွေဟာ ခုချိန်ထိ စိတ်ဓာတ်ပြင်းထန်နေကြဆဲ ဖြစ်တဲ့အတွက် အရမ်းပီတိဖြစ်ရပါတယ်ခင်ဗျား" ဟု ပွင့်ဖြူ PDF က ကျေးဇူးတင်ကြောင်း ပြောကြားထားသည်။…
Read More