



RNA_မတ်(၂၈)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်းအခြေစိုက် တော်လှန်ရေးမဟာမိတ်အင်အားစု – People’s Revolution Alliance (PRA Magway) တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားကို ယနေ့ နံနက် (၈) နာရီက ဌာနချုပ်စခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

PRA-Magway တည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်း အနားတွင် ဒေသတွင်း ညီနောင်တပ်ဖွဲ့များပါဝင်သော ပူးပေါင်းစစ်ကြောင်းဖြင့် ချီတက်အလေးပြုခဲ့ပြီး၊ ဒေသအသီးသီးမှ မဟာမိတ်တော်လှန်ရေးအဖွဲ့များ ပေးပို့လာသောဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။


RNA_ဇန်နဝါရီ ၁၊ ၂၀၂၃ ခုနှစ်။
မကွေးတိုင်းအခြေစိုက် People’s Revolution Alliance ( PRA – Magway) တပ်ဖွဲ့က ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာနှင့် မြေလတ်ကျေးရွာ အကြားတွင် အမှတ် (၉၀၅) အမြောက်တပ်မှ တပ်သားများလိုက်ပါလာသည့်ယာဉ်ကို ယနေ့ နံနက် (၈) နာရီ (၃၀) မိနစ်ဝန်းကျက်က ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီတပ် အသေအဆုံးကို စုံစမ်းနေကြောင်း သိရသည်။

People’s Revolution Alliance ( PRA – Magway) တပ်ဖွဲ့က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့ နေ့လည်ပိုင်းကလည်း ဂုတ်ကြီးကျေးရွာ ရဲစခန်းမှ လုံခြုံရေး စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ်တဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။


RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ( People’s Defence Force- Pwintbyu) တွင် တာဝန် ထမ်းဆောင်နေသည့် ရဲဘော်စနေအတွက် M4 တလက်ကမ်ပိန်းတွင် ပြည်သူများ၏အလှူငွေ ကျပ်သိန်း ၂၀၀ ကျော်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။
![]()
“ရဲဘော်စနေအတွက် M4 တစ်လက် ဝယ်ယူနိုင်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ ပါဝင်ကူညီပေးကြတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းတိုင်းကိုကော၊ Like Share ပြုလုပ်ပေးကြတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကိုကော ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ လိုအပ်နေတဲ့ငွေပမာဏ သိန်း ၁၀၀ ကျော်ကို ကူညီပေးခဲ့ကြတဲ့ ကနေဒါက မိသားစုတွေကိုကော ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ပြည်သူတွေဟာ ခုချိန်ထိ စိတ်ဓာတ်ပြင်းထန်နေကြဆဲ ဖြစ်တဲ့အတွက် အရမ်းပီတိဖြစ်ရပါတယ်ခင်ဗျား” ဟု ပွင့်ဖြူ PDF က ကျေးဇူးတင်ကြောင်း ပြောကြားထားသည်။