မင်္ဂလာတောင်ညွန့်

ဖက်ဆစ်တော်လှန်ရေးနေ့မှာ “ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကို ကြိုကြ ” လှုပ်ရှားမှု

ဖက်ဆစ်တော်လှန်ရေးနေ့မှာ “ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကို ကြိုကြ ” လှုပ်ရှားမှု

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။ ယနေ့ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့တွင် ရန်ကုန်မြို့ နေရာတချို့တွင် "ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကို ကြိုကြ" စကေတာကပ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို မင်္ဂလာတောင်ညွန့်မြို့နယ်အထွေထွေသပိတ်ကော်မတီရဲဘော်များမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။ "ယနေ့ (မတ်လ ၂၇ ရက်) ကျရောက်သော ဖက်ဆစ်တော်လှန်ရေးနေ့အား ကြိုဆိုဂုဏ်ပြုရင်း ကျွန်ုပ်တို့တိုင်းပြည်ဟာ ခေတ်သစ်ဖက်ဆစ်တပ်ကို တော်လှန်နေကြရဆဲဖြစ်ကြောင်း ကျွန်ုပ်တို့မှ အသိပေးတပ်လှန့်နှိုးဆော်သည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပါတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့နယ်အထွေထွေသပိတ်ကော်မတီ ဟိုဦးဆောင်အဖွဲ့မှ ထုတ်ပြန်ထားသည်။ (more…)
Read More
၅၀၅ (က) ထုတ်ခံထားရသူများ၏ ပိုင်ဆိုင်မှုများကို သိမ်းရန် စစ်ကောင်စီလက်အောက်ခံ တရားရုံးမှ ပြုလုပ်နေ

၅၀၅ (က) ထုတ်ခံထားရသူများ၏ ပိုင်ဆိုင်မှုများကို သိမ်းရန် စစ်ကောင်စီလက်အောက်ခံ တရားရုံးမှ ပြုလုပ်နေ

RNA_ဩဂုတ်၂၈၊၂၀၂၂ခုနှစ်။ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံများက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ထုတ်ခံထားရပြီး ဖမ်းဆီးမရသူများ၏ ပိုင်ဆိုင်မှု ပစ္စည်းများကို သိမ်းဆည်းရန် စစ်ကောင်စီ လက်အောက်ခံ မြို့နယ် တရားရုံးက ပြုလုပ်နေကြောင်း သိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ၅၀၅ (က) တပ်ခံထားရသူများ၏ နေထိုင်ခဲ့သည့် အိမ်များတွင် တရားရုံးမှ အမှုရင်ဆိုင်ရန် အကြောင်းကြားစာများ ရောက်ရှိလာခဲ့ကြောင်း၊ လာရောက်ရန် ပျက်ကွက်ပါက ပိုင်ဆိုင်မှုများကို သိမ်းဆည်းမည်ဖြစ်ကြောင်းစသည့် ဝရမ်းစွဲကပ်ရန် အမိန့်စာများ ဖြန့်ထားသည်ဟု သိရသည်။ (more…)
Read More
မင်္ဂလာတောင်ညွန့် မြို့နယ် NLD အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး စစ်ကြောရေးမှာ ကျဆုံး 

မင်္ဂလာတောင်ညွန့် မြို့နယ် NLD အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး စစ်ကြောရေးမှာ ကျဆုံး 

RNA_ဇူလိုင်၂၆၊၂၀၂၂ခုနှစ်။ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မြို့နယ်အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ် စစ်ကြောရေးမှာ (၂၄) နာရီအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။ မင်္ဂလာတောင်ညွန့် မြို့နယ်၊ တောင်ညွန့်ကြီးရပ်ကွက်၊ သစ္စာလမ်း​နေအိမ်မှာ ဇူလိုင် ၂၃ ရက်နေ့ည (၁၁) နာရီ (၃၀) မိနစ်ဝန်းကျင်က ရန်ကုန်တိုင်း စရဖနှင့် သိပ်ဖြူကွင်းအထိုင်ချ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇူလိုင် ၂၄ ရက်‌ ‌နံနက် (၁၁) နာရီဝန်းကျင် စစ်ကြောရေးတွင် ကျဆုံးသွားခဲ့ကြောင်း သိရသည်။ " ညအဖမ်းခံရပြီး နောက်နေ့ သေသွားတယ်ဗျာ၊ က​လေးကအစ ​ခွေးက အဆုံး လှထူးဆို ချစ်ကြတယ်၊…
Read More