မြဝတီကုန်သွယ်ရေးဇုန် ဝင်ရောက်ခဲ့သည့် စစ်ရေးမှတ်တမ်း 

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။

ကရင်ပြည်နယ်၊ မြဝတီမြို့အဝင် ကုန်သွယ်ရေးဇုန်ကို မတ်လ ၂၅ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မှတ်တမ်း ရုပ်သံကို ယနေ့ ကော်ဘရာစစ်ကြောင်းမှ Cobra Ko Shine က ပြည်သူများကို အသိပေးထားသည်။

“မြဝတီကုန်သွယ်ရေးဇုံကို ကျွန်တော်တို့ ဝင်ရောက်ခဲ့ပုံ မှတ်တမ်း၊ ဇော်မဲလုံးပြောသလို ကျွန်တော်တို့ မိုက်မိုက်ကန်းကန်းပါပဲ လူ ၂၀ ကျော်လေးနဲ့ ဝင်ပစ်တာ” ဟု ပြောကြားထားသည်။

မတ်လ ၂၅ ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန်အပါအဝင် သင်္ဃန်းညီနောင် ရဲစခန်း၊ ကျုံဒိုးမြို့နှင့် အာရှလမ်းမကြီး၊ ကော့ကရိတ်လမ်းပိုင်းတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုများ၊ အရှင်ဖမ်းခံရသူများနှင့် လက်နက်ခဲ့ယမ်းများ သိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီတပ်နှင့်လက်အောက်ခံများကို KNLA၊ PDF ၊ ကော်ဘရာစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း စသည့်မဟာမိတ်တို့မှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor