သတင်း

ကရင်နီပြည်နယ် KGZ-Army က တပ်မဟာ (၅) ထပ်မံဖွဲ့စည်းကာ အင်အားဖြည့်

ကရင်နီပြည်နယ် KGZ-Army က တပ်မဟာ (၅) ထပ်မံဖွဲ့စည်းကာ အင်အားဖြည့်

RNA_ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြည်နယ်၏ ၉၀ ရာခိုင်နှုန်း ထိန်းချုပ်ထားသည့် ကရင်နီပြည်နယ် (ကယား)တွင် Karenni Generation Z ( KGZ-Army)က အင်အားဖြည့်သည့်အနေဖြင့် တပ်မဟာ (၅) ကို ထပ်မံဖွဲ့စည်းလိုက်နိုင်ပြီဟု ယနေ့ အသိပေးလာသည်။ Red News Agency
Read More
PDF ပူးပေါင်းအဖွဲ့က ကနီမြို့ ရဲစခန်းကို ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးကျဲတိုက်ခိုက် 

PDF ပူးပေါင်းအဖွဲ့က ကနီမြို့ ရဲစခန်းကို ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးကျဲတိုက်ခိုက် 

RNA_ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့ ရဲစခန်းကို ယနေ့ ညနေ ၄ နာရီဝန်းကျင်က Kani People's Defense Force- KLG နှင့် မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး ဒရုန်းအသုံးပြုပြီး နှစ်ကြိမ်ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း KLG PDF က ထုတ်ပြန်ထားသည်။ Red News Agency
Read More
Hero Tiger Force မှာ အမျိုးသမီးပါဝင်မှု အားကောင်းလာ

Hero Tiger Force မှာ အမျိုးသမီးပါဝင်မှု အားကောင်းလာ

RNA_ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် Hero Tiger Force တပ်ဖွဲ့က အမျိုးသမီး အင်အား ၅၀ ကျော်ပါတဲ့ အင်အား ၂၀၀ ဝန်းကျင်ရှိ ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို အခြေခံစစ်ပညာသင်တန်း ‌ဖေဖော်ဝါရီလ ၂ ရက်နေ့က အောင်မြင်စွာ ဆင်းပေးလိုက်နိုင်သည်။ Hero Tiger Force အဖွဲ့သည် စစ်ကိုင်းတိုင်း ၂၀၂၁ ခုနှစ် ဧပြီလ ကတည်းက စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံတွန်းလှန်စစ် ဆင်းနွှဲနေသည်မှာ (၁၀) လအတွင်းရောက်ရှိနေပြီဖြစ်ကြောင်း၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ မြိုင် မြို့နယ်များအထိပါ မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း Hero…
Read More
ထန်တလန် CDF ထိန်းချုပ်နယ်မြေ ကျေးရွာ (၅၁) ရွာကို ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေ 

ထန်တလန် CDF ထိန်းချုပ်နယ်မြေ ကျေးရွာ (၅၁) ရွာကို ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေ 

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က ကျေးရွာ (၅၁) ရွာကို CDF- Thantlang က ထိန်းချုပ်ထားပြီး ထန်တလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဌာနများဖွဲ့စည်းကာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ " CDF, Thantlang ထိန်းချုပ်သည့်နယ်မြေအတွင်းရှိ ကျေးရွာပေါင်း (၅၁) ရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ လုပ်ငန်းဆောင်ရွက်ခဲ့ပြီး "အန်တလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့” ကို ၂၁၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇၂၈ ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အောက်တွင် ကျန်းမာရေး ပညာရေးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ တရားဌာန၊ လမ်းပန်းဆက်သွယ်ဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေဌာန၊ စီမံကိန်း ဘဏ္ဍာ ရေးနှင့် ရင်းနှီးမြုပ်နှံမှုဌာနနှင့် ပြည်တွင်းပြည်ပဆက်ဆံရေးဌာန…
Read More
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို NUG အစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် ဥပဒေ ပြင်ဆင်ပြဌာန်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို NUG အစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် ဥပဒေ ပြင်ဆင်ပြဌာန်း

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက် တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ သက်တမ်းနှင့်အညီ ဖြစ်စေရန် အတိုင်ပင် ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေကို ယနေ့ ပြန်လည်ပြင်ဆင်ပြဌာန်းလိုက်ကြောင်း သိရသည်။ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း၊ဤဥပဒေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ၂၀၂၁ ကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)က ထုတ်ပြန်ခဲ့သည်။ (more…)
Read More
စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ် ယနေ့ည ၈ နာရီ ရန်ကုန်မှာပြုလုပ် 

စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ် ယနေ့ည ၈ နာရီ ရန်ကုန်မှာပြုလုပ် 

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်တပ်အာဏာသိမ်းခဲ့သည့် နှစ်ပတ်လည် ပြည့်မြောက်သည့် နောက်တရက် ပြီးခဲ့သည့်နှစ်ကလည်း စစ်အာဏာရှင်အလိုမရှိကြောင်း သံပုံးတီးခဲ့သလို ယနေ့ည(၈) နာရီမှာလည်း ရန်ကုန်မြို့ မြို့နယ်တချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးသပိတ်ကို တကျော့ပြန် လုပ်ဆောင်ခဲ့ကြသည်။ Red News Agency
Read More
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများနှင့် ဝန်ထမ်းများ (၅) ရက်အတွင်း နှုတ်ထွက်ရန် OKPO ကွန်မန်ဒိုအဖွဲ့ သတိပေး

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများနှင့် ဝန်ထမ်းများ (၅) ရက်အတွင်း နှုတ်ထွက်ရန် OKPO ကွန်မန်ဒိုအဖွဲ့ သတိပေး

RNA_ဖေဖေါ်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများ ၊ Non-CDM ဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်ကာ (၅) ရက်အတွင်းနှုတ်ထွက်ပြီး ပြည်သူနှင့်ပူးပေါင်းကာ CDM ပြုလုပ်ကြရန် OKPO- COMMANDO အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။ အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ဆက်လက် တာဝန်ထမ်းဆောင်နေပါက မိမိတာဝန်သာ ဖြစ်ကြောင်း၊ အာဏာရှင်လူတစ်စုကောင်းစားရေးနှင့် ကိုယ်ကျိုး တစ်ခုတည်းအတွက်ကြည့်ပြီး လက်နက် ကိုင်ထားကြသော ဖက်ဆစ်စစ်တပ်နှင့် စစ်ကောင်စီ၏ လက်ပါးစေ လက်ကိုင်တုတ် တပ်ဖွဲ့များအား အချိန်မရွေး၊ နေရာရွေး တိုက်ခိုက်သွားမည် ဖြစ်ပါသဖြင့် ပြည်သူများ ၄င်းတို့နှင့် ပူးတွဲသွားလာ နေထိုင်ခြင်းများ မပြုလုပ်ကြပါရန်နှင့် ပူးပေါင်းပါဝင်မှု ပါတ်သတ်ပါက…
Read More
ပထမဆုံး လုပ်ဆောင်ခဲ့သည့် ကမ္ဘာကျော် သံပုံးတီးကမ်ပိန်း

ပထမဆုံး လုပ်ဆောင်ခဲ့သည့် ကမ္ဘာကျော် သံပုံးတီးကမ်ပိန်း

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ပြည်သူ့အစိုးရထံက စစ်တပ်အာဏာသိမ်းပြီး ပထမဆုံးလက်တွေ့ ဆန့်ကျင်ဆန္ဒပြခဲ့သည်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၈ နာရီ သံပုံးတီးကမ်ပိန်း ဖြစ်သည်။ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်ခဲ့ကြသည့် သံပုံးတီးကမ်ပိန်းသည် ကမ္ဘာကျော်ခဲ့ပြီး၊ ယခုရုပ်သံသည် ရန်ကုန်မြို့ မြောက်ဥက္လာပမြို့နယ်၊ ရပ်ကွက်တခုအတွင်းက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၈ နာရီမှာ ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးမှု မြင်ကွင်း ဖြစ်သည်။ ယနေ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်းကစပြီး လက်နက်ကိုင်တော်လှန်ရခရီးကို လျှောက်လှမ်းနေကြသည့် အချိန်ဖြစ်ပြီး၊ စစ်တပ်အာဏာသိမ်းမှုသည်…
Read More
စစ်တပ်အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွားသော ထိခိုက် ကျဆင်းမှုများ

စစ်တပ်အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွားသော ထိခိုက် ကျဆင်းမှုများ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်။ အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် ၁ နှစ်အတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွား သော ထိခိုက် ကျဆင်းမှုများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအလုပ်ကော်မတီက ကြေညာချက်တစ်စောင် ယနေ့ ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီသည် အာဏာသိမ်းခဲ့သည့် တစ်နှစ်တာကာလအတွင်း ရဟန်း၊ ရှင်လူ၊တိုင်းရင်းသား၊ ကျောင်းသား၊ ပြည်သူများ၊ CDM များနှင့်အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်များ၊ ရွေးကောက်တင်မြှောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ပါတီဝင်များကို အဓမ္မဖမ်းဆီးအကျဉ်းချမှုများ၊ ညှဉ်းဆဲသတ်ဖြတ်မှု များစွာလုပ်ဆောင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်းကောက်ယူရေးအဖွဲ့၏ ကောက်ယူရရှိသော စာရင်းများအရ အဖွဲ့ချုပ်အဖွဲ့ဝင်များထဲမှလည်း ဖမ်းဆီးအကျဉ်းချခံရသူစုစုပေါင်း (၆၈၆)ဦးတွင် လွှတ်တော်ကိုယ်စားလှယ် (၁၀၇)ဦးပါဝင်ပြီး၊ ညှင်းပမ်းနှိပ်စက်မှုများနှင့် အကျဉ်းထောင်အတွင်း…
Read More
အကြမ်းဖက်စစ်တပ်က ရမ်းကားပစ်ခတ်မူကြောင့် သန်လျင်မှာ အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး

အကြမ်းဖက်စစ်တပ်က ရမ်းကားပစ်ခတ်မူကြောင့် သန်လျင်မှာ အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး

RNA_ဖေဖော်ဝါရီ ၁ ရက်၊၂၀၂၂ခုနှစ်။ ယနေ့ည ၈နာရီ၁၀မိနစ်ခန့်တွင် သန်လျင်မြို့ဗဟိုကျောင်းအရှေ့တွင် အကြမ်းဖက်စစ်တပ်က ရမ်းကားပစ်ခတ်မူကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးသွား​ကြောင်း သိရသည်။ သိမ်ကျောင်းလမ်း၊ ဗဟိုကျောင်း ရှေ့အနီးမှစစ်ဆေးနေသော အကြမ်းဖက်စစ်တပ်မှ သန်လျင်စျေးနာရီစင်ကနေ တစ်ဦးတည်းဆိုင်ကယ်မောင်း နှင်းလာသော ဟံသာဝတီလမ်းနေ အပြစ်မဲ့ပြည်သူ ကိုဇော်နိုင်ကို အကြမ်းဖက်စစ်တပ်မှ သေနတ်ဖြင့် ၇ချက်ခန့်ပစ်ခတ်ခဲ့သည့်အတွက် ကိုဇော်နိုင်မှာ ဗိုက်တစ်ချက်၊နားထင်ကိုတစ်ချက်ထိမှန်ပြီး အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ကြောင်း ???????? ???????????? ကသတင်း ထုတ်ပြန်ထားသည်။ ထိုပစ်ခတ်မူမတိုင်မီ အကြမ်းဖက်စစ်တပ်သည် ရေတပ်ကစစ်သားများဖြစ်ပြီး ဟံသာဝတီလမ်းထိပ်အနီးတွင် စစ်ဆေးနေကြောင်း၊ ထိုရေတပ် စစ်သားများ အရက်အလွန်အကျွံမူးနေကြောင်း၊ တချို့ဆိုင်ကယ်စီးလာသူများအား အင်္ကျီ ချွတ်ခိုင်းကာ စစ်သည်အထိပင် ပြုလုပ်နေကြောင်း ဖြစ်စဥ်ကိုမြင်တွေခဲ့ရသူတစ်ဦးပြောသည်။ (more…)
Read More