မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၄/၁၅ အကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၃) ဦးသေ

RNA_မတ်(၂၆)၊၂၀၂၃ ခုနှစ်။

ချင်းပြည်နယ်၊ မတူပီ-ပလက်ဝ လမ်းမပေါ်ရှိ စစ်ကောင်စီတပ် ထယ်ဘွေးစခန်းသို့ စားနပ်ရိက္ခာဖြည့်ရန် ထွက်ခွာလာသော ယာဉ် (၃)စီးနှင့် အင်အား (၈၀) ခန့်သည် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၃) ဦးသေဆုံးကာ (၇) ဦး ဒဏ်ရာရရှိကြောင်း CDF – Matupi မှ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

စားနပ်ရိက္ခာဖြည့်ရန်လာသည့် စစ်ကောင်စီတပ် ယာဉ် (၃) စီးနှင့် အင်အား (၈၀) ခန့်ကို မတ်လ (၂၃-၂၄) ရက်နေ့က CDF-Matupi နှင့် CNA တို့မှ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်မှု တကြိမ်တွင် စစ်ကောင်စီဘက်မှ (၇) ဦးသေဆုံးကြောင်း၊ ထိတွေ့တိုက်ပွဲ (၃) ကြိမ်တွင် စစ်ကောင်စီဘက်မှ (၆)ဦး သေဆုံးပြီး (၇) ဦးဒဏ်ရာရရှိကြောင်း၊ တိုက်ပွဲအတွင်း CDF-Matupi မှ ရဲဘော်(၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတူပီ-ပလက်ဝလမ်း မိုင်တိုင် (၁၆) ဝါပုန်းလမ်းခွဲအနီးအနားတစ်လျှောက်တွင် စစ်ကောင်စီတပ်မှ နင်းမိုင်းများ ထောင်ထားသဖြင့် CDF – Matupiမှ အတတ်နိုင်ဆုံး မိုင်းရှင်းလင်းရေး ပြုလုပ်နိုင်ပြီးမှသာ သွားလာကြပါရန် မိဘပြည်သူများ အနေဖြင့် CDF – Matupi ၏ ထုတ်ပြန်ချက်များကို အထူးအလေးထားစေလိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By Editor