Tag: YOUNG RANGERS FORCE -YRF

  • မင်းအောင်လှိုင် ခေါင်းပြတ်ပုံစံ အစီအရင်များပြုလုပ်သည့် လှုပ်ရှားမှု

    မင်းအောင်လှိုင် ခေါင်းပြတ်ပုံစံ အစီအရင်များပြုလုပ်သည့် လှုပ်ရှားမှု

    RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။
    ယနေ့ကျရောက်သည့် တော်လှန်ရေးနေ့ (စစ်တပ်မှ ပြောင်းလဲခေါ်ဆိုသော တပ်မတော်နေ့ ) တွင်အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါတို့ အူလှိုက်သည်းလှိုက် ကြောက်ရွံ့တတ်သော ကျိန်စာတိုက် အစီအရင်များကို မင်းအောင်လှိုင် ဦးခေါင်းပြတ်ပုံစံဖြင့် အစီအရင်ပြုလုပ်သည့် လှုပ်ရှားမှုကို YRF ရဲဘော်များ ပြုလုပ်ခဲ့ကြသည်။
    မင်းအောင်လှိုင် ခေါင်းပြတ်အား မင်းအောင်လှိုင်၏ မွေးနံထောင့်တွင် န၀င်းကိုက်ထားရှိ၍ ကျိန်စာတကာ့ကျိန်စာတို့တွင် အကြမ်းဆုံးဟု ဆိုကြသော “မင်းနန်သူကျိန်စာ” အစီအရင်ဖြင့် သက်စေ့ရွတ်ဖတ် ကျိန်ဆိုခဲ့ကြကြောင်း၊ နေ၀င်ချိန်တခုတွင် ခေါင်းပြတ်ကို မင်းအောင်လှိုင်နှင့် ဓာတ်တူနံသက်တူသောအရပ်ရှိ အမှိုက်ပုံတခုတွင် သွားရောက် ချထားကာ အညာမှ ဒေသခံပြည်သူတဦးကဲ့သို့ ၀တ်စားထားသော YRF ရဲဘော် တဦးမှ ခုံဖိနပ်ဖြင့် နင်းချေ၍ အစီအရင်ကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်ဟု Yangon Revolution Force – YRF ( ရန်ကုန်တော်လှန်ရေးအင်အားစု) မှ ထုတ်ပြန်ထားသည်။

    (more…)

  • လူငယ်သူရဲကောင်းတပ်(YRF) အနေဖြင့် ရိက္ခာ စပါး (၂၀၀) ဝန်းကျင်ရရှိ

    လူငယ်သူရဲကောင်းတပ်(YRF) အနေဖြင့် ရိက္ခာ စပါး (၂၀၀) ဝန်းကျင်ရရှိ

    RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၂ ခုနှစ်။
     
    ယင်းမာပင်ခရိုင်အခြေစိုက် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် လူငယ်သူရဲကောင်းတပ် – Young Rangers Force (YRF) အနေဖြင့် ယခု စပါးစိုက်ရာသီတွင် ရိက္ခာအနေဖြင့် တင်း (၂၀၀) ဝန်းကျင်ရရှိကြောင်း သိရသည်။
     
    ဒေသခံ လယ်သမားများက လယ်ကွက်များတွင် ပေးစိုက်သည့်အတွက် YRF တပ်ဖွဲ့ဝင်များက စိုက်ပျိုးခဲ့ကြောင်း၊ ဒီဇင်ဘာလအတွင်း စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများပြင်းထန်ခဲ့သော်လည်း ရိတ်သိမ်းမှုများ ပြုလုပ်နိုင်ခဲ့သည်။

    (more…)

  • အာဏာရှင်ဆန့်ကျင်ရေးစာတန်းပါ ထမီ၊ ပုဆိုးများဝတ်ကာ ဆန္ဒပြ

    အာဏာရှင်ဆန့်ကျင်ရေးစာတန်းပါ ထမီ၊ ပုဆိုးများဝတ်ကာ ဆန္ဒပြ

    RNA_အောက်တိုဘာ(၁၃)၊၂၀၂၂ခုနှစ်။

    လုံခြုံရေးတင်းကြပ်နေသည့်ကြားက ရန်ကုန်မြို့ နေရာအနှံ့အပြား၌ ယနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်းများ ရေးဆွဲထားသော ထမီ၊ ပုဆိုးများဝတ်ဆင်ကာ စစ်အာဏာရှင်ဆန့်ပျင်ရေစ လူထုလှုံ့ဆော်မှု ဆန္ဒပြခဲ့ကြသည်။

    “ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ မြို့ပြဒေသများရှိ အများပြည်သူအနေဖြင့် ၎င်းတို့အား နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်ကာ ရက်ရက်စက်စက် အနိုင်ကျင့်အုပ်ချုပ်ရန် ကြိုးပမ်းနေသော အကြမ်းဖက်စစ်တပ်အား အသွေးအသားထဲကပင် မုန်းတီးရွံရှာသောစိတ်များရှိနေကြသော်လည်း လုံခြုံရေးအခြေအနေများကြောင့် ထုတ်ဖော် ပြောဆို ပြသနိုင်ရန် အခက်အခဲရှိနေကြသည်။ ထိုသို့ ခံစားချက်များအပါအဝင် တော်လှန်ပြည်သူအချင်းချင်း အားပေးသည့် စာတန်းများအား ထမီ၊ ပုဆိုးများပေါ်တွင် ရေးဆွဲကာ သရုပ်ဖော်ခဲ့ကြခြင်းဖြစ်သည် ” ဟု Yangon Revolution Force – YRF က အသိပေးထားသည်။

    ပြည်သူလူထုနှင့် တစ်သားတည်းရှိနေပြီး စစ်အာဏာရှင်ပြုတ်ကျသည်အထိ ဆက်လက်တော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ Yangon Revolution Force – YRF ၏ Soft Strike Community မှ လူငယ်ရဲဘော်များ အသက်စွန့်ကာ ယနေ့လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ Photo : YRF

    Red News Agency

  • “တော်လှန်ရေးက အောင်ကိုယ်အောင်မှာပါ”

    “တော်လှန်ရေးက အောင်ကိုယ်အောင်မှာပါ”

    ပြည်သူ PDF NUG လက်တွဲညီညီလှုပ်ရှားနေသည့်အတွက် တော်လှန်ရေးက အောင်ကိုယ် အောင်မည်
    RNA_နိုဝင်ဘာ(၅)၊၂၀၂၂ ခုနှစ်။
     
    “ တော်လှန်ရေးက အောင်ကိုအောင်မှာပါ၊ ဘာလို့လည်းဆိုတော့ အခုချိန်ထိ ပြည်သူတွေနဲ့ PDF တွေ NUG တို့ဟာ အားလုံးက လက်တွဲညီညီ လှုပ်ရှားနေတာဖြစ်တဲ့အတွက် တနေ့တလံ ပုဂံဘယ်ရွေ့မလဲဗျာ၊ ဘယ်လိုပဲနေနေ အောင်မြင်မှုကတော့ ရကိုယ်ရမှာဖြစ်ပါတယ်၊ အဲဒီ ဖက်ဒရယ်ဒီမိုကရေစီ အောင်မြင်မှုကြီးရသည့်တိုင်အောင် အားလုံး ယုံကြည်ချက်မပျက်ပဲနဲ့ လက်တွဲမှုဖြုတ်ဘဲနဲ့ ဆက်လက်ယုံကြည်ပြီးတော့ လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်”ဟု လူငယ်သူရဲကောင်းတပ် – YRF မှရဲဘော် ဖီးနစ်က ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=fUM59zMPhD4[/embedyt]
     
    စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် လူငယ်သူရဲကောင်းတပ်မှ ရဲဘော်ဖီးနစ်ကစစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က တော်လှန်ရေးအခြေအနေများ၊ လက်တလောကြုံတွေ့နေရသည့်အခက်အခဲနှင့် စစ်ရေးအခြေအနေများကို ပြောပြထားသည်။
     
    Red News Agency

  • စစ်အာဏာရှင်ကို ရွံရှာမုန်းတီးပြီး ပြည်ချစ်စိတ် ခိုင်မာသူများဖြစ်သည့်အတွက် ကာကွယ်ရေးတပ်‌တွေကို အဖိုးတန်ရတနာများ လှူဒါန်း 

    စစ်အာဏာရှင်ကို ရွံရှာမုန်းတီးပြီး ပြည်ချစ်စိတ် ခိုင်မာသူများဖြစ်သည့်အတွက် ကာကွယ်ရေးတပ်‌တွေကို အဖိုးတန်ရတနာများ လှူဒါန်း 

    RNA_စက်တင်ဘာ(၁၈)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းစသည့်ဒေသမှ အညာလူထုသည် စစ်အာဏာရှင်ကို ရွံရှာမုန်းတီးပြီး ပြည်ချစ်စိတ်ခိုင်မာနေသည့်အတွက် ဒေသခံကာကွယ်ရေး တော်လှန်ရေးရဲဘော်များကို အညာလူထုတန်ဖိုးထားသည့် လက်ဝတ်ရတနာများကို ချွတ်ကာ လှူဒါန်းနေကြကြောင်း သိရသည်။

    အညာလူထု တန်ဖိုးထားသည့် လက်ဝတ်ရတနာများကို စက်တင်ဘာလ ၁၇ ရက်နေ့က လူငယ်သူရဲကောင်းတပ်(YRF)ကို ပြည်သူများက လှူဒါန်းခဲ့ကြောင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းမှ ပြည်သူများကလည်း။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များအတွက် ရွှေနားကပ်၊ ရွှေလက်စွပ်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။

    (more…)

  • လူငယ်တော်လှန်ရေးတပ်ဦး၏ အခြေခံစစ်သင်တန်း အောင်မြင် 

    လူငယ်တော်လှန်ရေးတပ်ဦး၏ အခြေခံစစ်သင်တန်း အောင်မြင် 

    RNA_ဇူလိုင် ၆၊၂၀၂၂ခုနှစ်။

    စစ်အာဏာရှင်ကို လက်နက်ကိုင် ခုခံနေသည့် လူငယ်တော်လှန်ရေးတပ်ဦး-YRF ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၂) သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားကို ယနေ့အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    Photo : YRF
    Photo : YRF
    Photo : YRF
    Photo : YRF

    RedNewsAgency

  • မြေပြင် တိုက်ခိုက်ရေး သမားများပူးပေါင်းပြီး လူငယ်သူရဲကောင်းတပ် ဖွဲ့စည်း

    မြေပြင် တိုက်ခိုက်ရေး သမားများပူးပေါင်းပြီး လူငယ်သူရဲကောင်းတပ် ဖွဲ့စည်း

    RNA_ဇွန် ၃၀၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ မင်းကင်းမြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်တို့တွင် တိုက်ပွဲများစွာ ဖော်ဆောင်ခဲ့သော တိုက်ခိုက်ရေးလှုပ်ရှားသူများက NUG ကာကွယ်ရေးဝန်ကြီးဌာန ( MOD) နှင့် လက်တွဲဆောင်ရွက်နိုင်ရေး လူငယ်သူရဲကောင်းတပ် ( YOUNG RANGERS FORCE-YRF ) ဖွဲ့စည်းကာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း သိရသည်။

    ဇွန်လ ၂၉ ရက်နေ့က လူငယ်သူရဲကောင်းတပ်ဖွဲ့ကို မြို့နယ်အတွင်းရှိ ပကဖ၊ ပအဖ တို့နှင့် တွေ့ဆုံစဉ်

    အညာမြေထူးပျောက်ကြားတပ်ဖွဲ့၊ ကျားသစ်နက်၊ Future Generation၊ PRA ခွဲ ၃၁ ၊မြိုင်PDF၊ နောက်မြောက်တိုင်း PDF တပ်ဖွဲ့ များနှင့်အတူ လူငယ်သူရဲကောင်းတပ် ( YOUNG RANGERS FORCE -YRF ) တို့က ဇွန်လ ၁၅ ရက်နေ့က မြိုင်မြို့နယ် ကန်နီကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို တိုက်ခိုက်ခဲ့ကြသည်။

    (more…)