ဖက်ဆစ်တော်လှန်ရေးနေ့ မုံရွာ – ပုသိမ် လမ်းမ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။

ယနေ့ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့တွင် စစ်ကိုင်းတိုင်း မုံရွာ -ပုသိမ် လမ်းမကြီး တနေရာတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့နှင့် ပြည်သူများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။

“ပြည်သူလူထုအနေနဲ့ စစ်တပ်ကိုမထောက်ခံကြောင်းဆန္ဒထုတ်ဖော်ခဲ့တာပါ။ ပြည်သူလူထု မထောက်ခံတဲ့စစ်တပ်ဟာ ကြာကြာမခံပါဘူး။ ခုဆို တဖြည်းဖြည်းရိုင်လဲလာပါပီ။ အရေးနိမ့်လာပီဖြစ်တဲ့အတွတ်ပြည်သူလူထုအနေနဲ့ဆက်လက် တောင့်ခံခုခံပေးကြဖို့တောင်းဆိုလိုပါတယ်။”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူကပြောဆိုပါသည်။

“ဖက်စစ်စနစ်သပိတ်မှောက် ဖယ်ဒရယ်လမ်းကိုရဲရဲလျှောက်” စာသားကိုင်ဆောင်ပြီး ကြွေးကြော်သံများဖြင့် ဒေသခံပြည်သူများ၊ အညာပစ်တိုင်ထောင်လေးများအဖွဲ့၊ မုံရွာလူငယ်များအစည်းရုံးမှလည်းပူးပေါင်းဝန်းရံပြီး လမ်းလျှောက်ချီတက်ခြင်း၊ အကြမ်းဖက်စစ်တပ်ယူနီဖောင်းကို မီးရှို့ခြင်း စသည့် လှုပ်ရှားမှုများပြုလုပ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

#RedNewsAgency

By Editor