လူထုတော်လှန်ရေးမဟာမိတ်အင်အားစု တည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနား ဌာနချုပ်တွင် ကျင်းပ

RNA_မတ်(၂၈)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်းအခြေစိုက် တော်လှန်ရေးမဟာမိတ်အင်အားစု – People’s Revolution Alliance (PRA Magway) တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားကို ယနေ့ နံနက် (၈) နာရီက ဌာနချုပ်စခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

PRA-Magway တည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်း အနားတွင် ဒေသတွင်း ညီနောင်တပ်ဖွဲ့များပါဝင်သော ပူးပေါင်းစစ်ကြောင်းဖြင့် ချီတက်အလေးပြုခဲ့ပြီး၊ ဒေသအသီးသီးမှ မဟာမိတ်တော်လှန်ရေးအဖွဲ့များ ပေးပို့လာသောဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု People’s Revolution Alliance (PRA-Magway) ကို ၂၀၂၁ ခုနှစ် မတ်လ ၂၈ ရက်နေ့ကမကွေးမြို့၌ စတင်ဖွဲ့စည်းခဲ့ကြကြောင်း၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့သည်မှာ PRA-Magway တပ်ဖွဲ့အနေဖြင့် ယနေ့ (၂) နှစ်မြောက်ပြီဖြစ်သည်။

Red News Agency

By Editor