ဖက်ဆစ်တော်လှန်ရေးနေ့ တိုက်ခိုက်မှု ပြည်သူ့စစ်ခေါင်းဆောင်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ 

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။

ယနေ့ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်အမှတ် လက်ဆောင်အဖြစ် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ မသေကျေးရွာအုပ်စု၊ ဝါးကျွန်းကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့အား PDF ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာ ပြည်သူ့စစ်ဆောင်နှင့် ဒုခေါင်းဆောင်တို့သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဝါးကျွန်းကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ယနေ့ နံနက် (၂) ခန့်က ဝင်ရောက်တိုက်ခိုက်ကြသည်ဟု တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့မှ ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ဝင်ရောက်တိုက်ခိုက်မှုအတွင်း ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့သေဆုံးကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ AK 47 (4) လက်၊ AK ကျည်ဘောက် (၅)ခု၊ M 16 တစ်လက်၊ M16 ကျည်ဘောက် (၁၁)ခု၊ နာနတ်သီးဗုံး( ၃)လုံး၊ မင်းဂွတ်သီးလက်ပစ်ဗုံး (၁)လုံး၊ M16 ကျည် (၁၇၀) တောင့်၊ AK 47ကျည် (၃၅၅) တောင့်၊ အထိုင်ဖုန်း( ၁) လုံး၊ စမတ်ဖုန်း(၁)လုံး၊Equiment (၁)စုံ ၊ လက်ထိပ်(၂)စုံ၊ ဓားရှည် (၂)ချောင်း ၊ ဓာတ်မီး (၁) လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor