ဖက်ဆစ်တော်လှန်ရေးနေ့

ဖက်ဆစ်တော်လှန်ရေးနေ့ တိုက်ခိုက်မှု ပြည်သူ့စစ်ခေါင်းဆောင်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ 

ဖက်ဆစ်တော်လှန်ရေးနေ့ တိုက်ခိုက်မှု ပြည်သူ့စစ်ခေါင်းဆောင်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ 

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။ ယနေ့ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်အမှတ် လက်ဆောင်အဖြစ် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ မသေကျေးရွာအုပ်စု၊ ဝါးကျွန်းကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့အား PDF ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာ ပြည်သူ့စစ်ဆောင်နှင့် ဒုခေါင်းဆောင်တို့သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဝါးကျွန်းကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ယနေ့ နံနက် (၂) ခန့်က ဝင်ရောက်တိုက်ခိုက်ကြသည်ဟု တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့မှ ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။ (more…)
Read More
ဖက်ဆစ်တော်လှန်ရေးနေ့ မုံရွာ – ပုသိမ် လမ်းမ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်

ဖက်ဆစ်တော်လှန်ရေးနေ့ မုံရွာ – ပုသိမ် လမ်းမ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။ ယနေ့ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့တွင် စစ်ကိုင်းတိုင်း မုံရွာ -ပုသိမ် လမ်းမကြီး တနေရာတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့နှင့် ပြည်သူများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ "ပြည်သူလူထုအနေနဲ့ စစ်တပ်ကိုမထောက်ခံကြောင်းဆန္ဒထုတ်ဖော်ခဲ့တာပါ။ ပြည်သူလူထု မထောက်ခံတဲ့စစ်တပ်ဟာ ကြာကြာမခံပါဘူး။ ခုဆို တဖြည်းဖြည်းရိုင်လဲလာပါပီ။ အရေးနိမ့်လာပီဖြစ်တဲ့အတွတ်ပြည်သူလူထုအနေနဲ့ဆက်လက် တောင့်ခံခုခံပေးကြဖို့တောင်းဆိုလိုပါတယ်။"ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူကပြောဆိုပါသည်။ (more…)
Read More
ဖက်ဆစ်တော်လှန်ရေးနေ့မှာ “ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကို ကြိုကြ ” လှုပ်ရှားမှု

ဖက်ဆစ်တော်လှန်ရေးနေ့မှာ “ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကို ကြိုကြ ” လှုပ်ရှားမှု

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။ ယနေ့ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့တွင် ရန်ကုန်မြို့ နေရာတချို့တွင် "ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကို ကြိုကြ" စကေတာကပ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို မင်္ဂလာတောင်ညွန့်မြို့နယ်အထွေထွေသပိတ်ကော်မတီရဲဘော်များမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။ "ယနေ့ (မတ်လ ၂၇ ရက်) ကျရောက်သော ဖက်ဆစ်တော်လှန်ရေးနေ့အား ကြိုဆိုဂုဏ်ပြုရင်း ကျွန်ုပ်တို့တိုင်းပြည်ဟာ ခေတ်သစ်ဖက်ဆစ်တပ်ကို တော်လှန်နေကြရဆဲဖြစ်ကြောင်း ကျွန်ုပ်တို့မှ အသိပေးတပ်လှန့်နှိုးဆော်သည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပါတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့နယ်အထွေထွေသပိတ်ကော်မတီ ဟိုဦးဆောင်အဖွဲ့မှ ထုတ်ပြန်ထားသည်။ (more…)
Read More