ဖက်ဆစ်တော်လှန်ရေးနေ့မှာ “ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကို ကြိုကြ ” လှုပ်ရှားမှု

RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။

ယနေ့ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့တွင် ရန်ကုန်မြို့ နေရာတချို့တွင် “ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကို ကြိုကြ” စကေတာကပ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို မင်္ဂလာတောင်ညွန့်မြို့နယ်အထွေထွေသပိတ်ကော်မတီရဲဘော်များမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ယနေ့ (မတ်လ ၂၇ ရက်) ကျရောက်သော ဖက်ဆစ်တော်လှန်ရေးနေ့အား ကြိုဆိုဂုဏ်ပြုရင်း ကျွန်ုပ်တို့တိုင်းပြည်ဟာ ခေတ်သစ်ဖက်ဆစ်တပ်ကို တော်လှန်နေကြရဆဲဖြစ်ကြောင်း ကျွန်ုပ်တို့မှ အသိပေးတပ်လှန့်နှိုးဆော်သည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပါတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်အထွေထွေသပိတ်ကော်မတီ ဟိုဦးဆောင်အဖွဲ့မှ ထုတ်ပြန်ထားသည်။

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ၂၀၂၁ ခုနှစ် မတ်လ (၂၇) ရက်နေ့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် ပြည်သူများနှင့် ကလေးငယ်များအပါအဝင် (၁၀၀) ဝန်းကျင်ကို မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့က ဗမာ့တပ်မတော်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ၊ အရပ် သားပြောက်ကျားရဲဘော်များနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် လူထုတရပ်လုံး ဖက်ဆစ်ဂျပန်ကို တွန်းလှန် တိုက်ပွဲဝင်ခဲ့သည့်နေ့ကို ဆက်ဆစ်တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ကြသော်လည်း ၁၉၅၅ ခုနှစ်တွင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းက တပ်မတော်နေ့ဟု ပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

#RedNewsAgency

By Editor