Tag: Royal Peacock Column

  • ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ

    ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ

    RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။
     
    ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်−မန္တလေးလမ်းပေါ်ရှိ ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံကို ယနေ့ Royal Peacock Column – တော်၀င်ဒေါင်းစစ်ကြောင်းက ပြည်သူများကို အသိပေးထားသည်။
     
    ယင်းစခန်းသိမ်းတိုက်ပွဲကို KNLA၊ တော်ဝင်ဒေါင်း စစ်ကြောင်း၊ BPLA နှင့် ရိုးမ စစ်ကြောင်း (၁) အာဠာဝက စစ်ကြောင်းစသည့် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။
    [embedyt] https://www.youtube.com/watch?v=KTCAH2BSZUA[/embedyt]
    ရဲစခန်းအတွင်းမှ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉ မမကျည် ၈၀ တောင့်၊ ၆၀ မမဗုံးသီး ၂၇ ခု၊ G2 ၁လက်၊ G3 2 လက်၊ ပြောင်းချော ၄လက်၊ BA 94 ၂ ခု၊ MA-13 ၁လက်၊ Tear Gas Gun ၂ခု၊ လက်ပစ်ဗုံး ၆ လုံး၊ G3 ကျည် ၂၃၁ တောင့်၊ 5.56 ကျည် ၁၄၃ တောင့်၊ လက်ထပ် ၄ ခု၊ လက်တော့ ၁လုံး၊ မျက်ရည်ယိုဗုံး ၄၆ လုံး၊ အသံဗုံး ၁လုံး ၊ ကျည်ကာ ၂ခု၊ ဦးထုပ် ၅လုံး၊ G3 ကျည်ဘောက် ၆ခုနှင့် ၉လုံးကျည် ၂၀၁ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြေင်း၊ စစ်ကောင်စီတပ်ဘက်မှ အသေအဆုံးရှိကြောင်း သိရသည်။
     
    #RedNewsAgency

  • ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ၃၀ ခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ၃၀ ခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။

    ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ရိုးမ စစ်ကြောင်း (၁) အာဠာဝက စစ်ကြောင်း၊ တော်ဝင်ဒေါင်း စစ်ကြောင်း၊ BPLA နှင့် KNLA ပူးပေါင်းစစ်‌ကြောင်း ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ်တွင် စတင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ၃၀ ခန့်သေဆုံးပြီီး နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။

    ဖြူးမြို့နယ်၊ ရန်ကုန်−မန္တလေးလမ်းပေါ်ရှိ ညောင်ပင်သာရဲစခန်းအား ယနေ့ နံနက် ၄ နာရီ ၁၅ အချိန်တွင် စတင်တိုက်ခိုက်ခဲ့ရာ ၅ နာရီတွင် စခန်််််းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စခန်းတွင်းရှိ စစ်ကောင်စီအင်အား ၆၀ ခန့်မှ ၃၀ ခန့်သေဆုံးကြောင်း Royal Peacock Column – တော်၀င်ဒေါင်းစစ်ကြောင်းက ထုတ်ပြန်ထားသည်။

     

    သိမ်းပိုက်လိုက်သည့် ရဲစခန်းအတွင်းမှ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉ မမကျည် ၈၀ တောင့်၊ ၆၀ မမဗုံးသီး ၂၇ ခု၊ G2 ၁လက်၊ G3 2 လက်၊ ပြောင်းချော ၄လက်၊ BA 94 ၂ ခု၊ MA-13 ၁လက်၊ Tear Gas Gun ၂ခု၊ လက်ပစ်ဗုံး ၆ လုံး၊ G3 ကျည် ၂၃၁ တောင့်၊ 5.56 ကျည် ၁၄၃ တောင့်၊ လက်ထပ် ၄ ခု၊ လက်တော့ ၁လုံး၊ မျက်ရည်ယိုဗုံး ၄၆ လုံး၊ အသံဗုံး ၁လုံး ၊ ကျည်ကာ ၂ခု၊ ဦးထုပ် ၅လုံး၊ G3 ကျည်ဘောက် ၆ခုနှင့် ၉လုံးကျည် ၂၀၁ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

    #RedNewsAgency

  • စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးသေသည့် စခန်းသိမ်းတိုက်ပွဲတွင် Royal Peacock Column ပါဝင်ခဲ့ 

    စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးသေသည့် စခန်းသိမ်းတိုက်ပွဲတွင် Royal Peacock Column ပါဝင်ခဲ့ 

    RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။

    KNU တပ်မဟာ(၃) နယ်‌မြေ မူး(မုန်း)မြို့နယ်ရှိ စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးသေဆုံးသည့် သိမ်းတိုက်ပွဲတွင် KNLA နှင့်အတူ Royal Peacock Column ပူးပေါင်းစစ်ကြောင်း ပါဝင်တိုက်ပွဲဝင်ခဲ့ကြောင်း သိရသည်။

    KNU တပ်မဟာ(၃) နယ်‌မြေအတွင်း မူး(မုန်း)မြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းတိုကို အပြီးတိုင် မချေမှုန်းနိုင်သော်လည်း လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်း၊ ကျွန်းကုန်းစခန်းတို့ကို ဖျက်ဆီးနိုင်သည်အထိ ချေမှုန်းခဲ့ကြောင်း သိရသည်။

    (more…)

  • NUG – MOD- PDF တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များ ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်

    NUG – MOD- PDF တော်ဝင်ဒေါင်းစစ်ကြောင်း ရဲဘော်များ ကျည်အစစ်များအသုံးပြု စစ်ရေးလေ့ကျင့်

    RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂ )စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ​တော်ဝင်ဒေါင်းစစ်ကြောင်းမှရဲဘော်များ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ယနေ့ ပြည်သူများကို အသိပေးထားသည်။

    စစ်မြေပြင်၌ အထောက်ကူဖြစ်စေရန် တိုက်ပွဲဖော်ဆောင်သည့် ထိတွေ့တိုက်ပွဲငယ်များအတိုင်း လက်တွေ့ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ရှေ့တန်းမထွက်မီ နောက်တန်းတွင် ကျန်ခဲ့သည့် ရဲဘော်များအနေဖြင့် လေ့ကျင့်သားပိုမိုပြည့်ဝစေရန် တိုက်ပွဲပုံစံများဖော်ဆောင်၍ ကျည်အစစ်များသုံးကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လေ့ကျင့်ခဲခြင်းဖြစ်သည်ဟု Royal Peacock Column က ဓာတ်ပုံများနှင့်တကွ အသိပေးထားသည်။ (more…)