PDF အမှတ်(၁) စစ်ဒေသ သင်တန်းဆင်းပွဲတွင် လက်နက်နှင့် Drone များပေးအပ်

RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)အမှတ်(၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲဲတွင်ရဲဘော်များကို လက်နက်နှင့် Drone တပ်ဆင်ပေးအပ်ခဲ့ကြောင်း သိရသည်။
လက်နက်နှင့် Drone စသည်တို့ တပ်ဆင်ပေးအပ်သည့် သင်တန်းဆင်းပွဲကို မတ်လ (၂၇) ရက်နေ့က မကွေးတိုင်းအတွင်း တနေရာတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပတ်စဉ် (၄) သင်တန်းကာလအတွင်း လက်နက်ငယ်၊ လက်နက်ကြီး ကျွမ်းကျင်မှုဘာသာရပ်များ၊ Drone နှင့်စနိုက်ပါ ပစ်ခတ်နည်းစသည်တို့ကို သင်ကြားပေးခဲ့ကြောင်း၊ သင်တန်းဆင်းပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှတာဝန်ရှိသူများ၊ ခရိုင်ကွပ်ကဲရေးမှူးများ၊ တပ်ရင်းအသီးသီးမှ တပ်ရင်းမှူး၊ ဒုရင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ​ကြောင်း သိရသည်။
#RedNewsAgency
By Editor