သတင်း

မန္တလေးတွင် ရဲအချုပ်ကားတစ်စီး လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရ၍ ရဲမေနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွား

မန္တလေးတွင် ရဲအချုပ်ကားတစ်စီး လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရ၍ ရဲမေနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွား

RNA_နိုဝင်ဘာ (၁)၊ ၂၀၂၂ ခုနှစ် ။ မန္တလေးမြို့၊ ၇၈လမ်းနှင့် ၄၂ ခုံးကျော်တံတားအနီးရှိ မီးပွိုင့်တစ်ခုတွင် ယနေ့(နိုဝင်ဘာ ၁)နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ရဲအချုပ်ကားတစ်စီး လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရသဖြင့် ရဲမေနှစ်ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ဖြစ်စဥ်မှာ အမှတ် (၁၁) နယ်မြေရဲစခန်းအနီးတွင် အိုးဘိုထောင်မှ အချုပ် သားများအားတင်ဆောင်လာသော ရဲအချုပ်ကားသည် ချမ်းမြသာစည်မြို့နယ်တရားရုံးမှ တရားရုံးထုတ်စစ်ဆေးမှုအပြီးအပြန်တွင် မီးပွိုင့်မိနေစဉ် မြောက်မှ တောင်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးပေါ်ရှိ အမည်မသိ လူနှစ်ဦးက အချုပ်ကား ဝဲဘက်ဘေး ယာဉ်မောင်းဘက်တံခါးပေါက်မှ တစ်ဆင့် ကားခေါင်းခန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ယာဉ်မောင်း ဘေးတွင်လိုက်ပါစီးနင်းလာသည့် ရဲမေ…
Read More

MOD နှင့် PRA-Magway တို့ ကြားကာလအုပ်ချုပ်ရေး၊စစ်ရေးတို့ကိုလက်တွဲဆောင်ရွက်မည်

RNA_နိုဝင်ဘာ(၁)၊၂၀၂၂ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာ - MOD နှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တို့ နိုင်ငံရေးဆိုင်ရာမူဝါဒ၊စစ်ရေးဆိုင်ရာမူဝါဒနှင့် မဟာမိတ်ဆိုင်ရာမူဝါဒများအရ စစ်ရေး၊ နိုင်ငံရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။   PRA-Magway အနေဖြင့် MODမှ ချမှတ်ထားသော စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (COC)ကိုလေးစားလိုက်နာမှုနှင့် အမိန့်ပေးကွပ်ကွဲမှုကွင်းဆက် ( Chain of Command) တွင် ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ဒေသတွင်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန်နှင့် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းအကောင်အထည်ဖော်ရာတွင် ပါဝင်ကူညီရန် သဘောတူခဲ့ကြသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ Red News Agency
Read More
မြဝတီမင်းကြီးဆရာတော်၏ အန္တိမအဂ္ဂိဈာပန အခမ်းအနား မြင်ကွင်း 

မြဝတီမင်းကြီးဆရာတော်၏ အန္တိမအဂ္ဂိဈာပန အခမ်းအနား မြင်ကွင်း 

RNA_အောက်တိုဘာ(၃၁)၊၂၀၂၂ခုနှစ်။ မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသ သည် ထိုင်းနိုင်ငံမဲဆောက်မြို့၌ အောက်တိုဘာလ (၂၇) ရက်နေ့ ည ၁၀ နာရီ ကျော်ခန့်တွင်နှလုံးရောဂါဖြင့် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ယနေ့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ထိုင်း မြန်မာနယ်စပ် တစ်နေရာတွင် ပြုလုပ်ခဲ့သည်။ Red News Agency
Read More
ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ

ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ

"အညာဒေသဟာ ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမယ်ဆိုတာ ကောလဟလမဟုတ်ဘူး တစ်ကယ်ပါ"    RNA_အောက်တိုဘာ(၂၈)၊၂၀၂၂ ခုနှစ်။   " လောလောဆယ် ကျွန်တော်တို့ လက်နက်ကိုင်တွေ စိုးမိုးထားတဲ့အခြေအနေက ကျေးရွာတွေအားလုံးကို အညာဒေသတွင်းမှာရှိတဲ့ ကျေးရွာတွေ အားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီ PDF တွေစိုးမိုးထားနိုင်ပြီ၊ ကျေးရွာတွေရဲ့ နောက်တဆင့်ဖြစ်တဲ့ တိုက်နယ်တွေပေါ့နော် ကျေးရွာတွေစုပေါင်းထားတဲ့တိုက်နယ်တွေ အဲတိုက်နယ်တွေလည်း စိုးမိုးထားနိုင်ပြီ၊ တိုက်နယ်ကနေတဆင့် မြို့တွေပေါ့နော် အဲဒီမြို့တွေ အကုန်လုံးနီးပါးကို အဲဒီ မြို့တကွက်လေးပေါ့ဗျာ မြို့တကွက်လေး ကွက်ကွက်လေးတခုသာပဲ ဒီကောင်တွေက ထိုင်နိုင်တယ်၊ ကျန်တဲ့ဟာ သူတို့ မထိုင်နိုင်တော့ပါဘူး" ဟု စသဖြင့် 96 Solders - PDF တာဝန်ခံ ကိုဇေယျာလွင်က Red News…
Read More
တောင်ဒဂုံမှာ အသက် (၁၁) နှစ်အရွယ် ကလေးငယ်တဦး မုဒိန်းကျင့် သတ်ဖြတ် အလောင်းဖျောက်မှု ဖြစ်ပွားခဲ့ 

တောင်ဒဂုံမှာ အသက် (၁၁) နှစ်အရွယ် ကလေးငယ်တဦး မုဒိန်းကျင့် သတ်ဖြတ် အလောင်းဖျောက်မှု ဖြစ်ပွားခဲ့ 

RNA_အောက်တိုဘာ(၂၇)၊၂၀၂၂ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ခိုး၊ဆိုး၊လုယက်မှု၊ ဓားပြတိုက်မှုများဖြစ်ပွားမှု များပြားလာသည့်အထဲတွင် ရတ်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှ အသက် (၁၁) နှစ်အရွယ် မိန်းကလေးငယ်တဦး မုဒိန်းကျင့်၊ အသက်ခံရကာ အလောင်းဖျောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တောင်ဒဂုံမြို့နယ်၊ ၁၀၅ ရက်ကွက်၊ ချမ်းမြသာစည်လမ်းတွင်နေထိုင်သည့် မယွန်းနဒီကျော် အသက်(၁၁)နှစ်သည် အောက်တိုဘာ ၁၄ ရက်နေ့ ညနေ (၄) နာရီကျော်က နေအိမ် အပြင်ထွက်ပြီးကြာဇံကြော်ထွက်ဝယ်ရာမှ အိမ်ပြန်မရောက်သည့်အတွက် လိုက်ရှာကြရာ နဂါးရုံဘုရား ရေကန်ဘေး‌ ရေမြောင်းအတွင်း နွံထဲနှစ်ကာ အလောင်းဖျောက်ခံရပြီး သေဆုံး နေကြောင်း ည(၈)နာရီခန့်မှသိခဲ့ကြရကြောင်း သိရသည်။ တရားခံအား စစ်ကောင်စီလက်အောက်ခံများက ဖမ်းဆီးထားသည်ဟု သိရသည့်အတွက် ကာယကံရှင်မိဟားစုများက သွားရောက်စုံစမ်းရာ သိခွင့်မရဘဲ နောက်သုံးလ စစ်ခုံရုံးတင်မည်ဟု…
Read More
လေကြောင်းကာကွယ်ရေးလက်နက် ဖြန့်ကျက်တပ်ဆင်ဖို့ ကန့်အသတ်ရှိဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော 

လေကြောင်းကာကွယ်ရေးလက်နက် ဖြန့်ကျက်တပ်ဆင်ဖို့ ကန့်အသတ်ရှိဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော 

RNA_အောက်တိုဘာ(၂၇)၊၂၀၂၂ခုနှစ်။ လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အလုံ အလောက်ဖြန့်ကျက်တပ်ဆင်နိုင်ရန် အကန့်အသတ်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောသည်။ PDF ရဲဘော်များသို့ ပြောကြားသည့် ရေဒီယို NUG အသံလွှင့်အစီအစဉ်တွင် ဦးရည်မွန်က ပြောကြားထားခြင်းဖြစ်သည်။ " လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အသုံးပြုတယ်ဆိုတာ နည်းလမ်းတစ်ခုပဲ ဖြစ်တယ်။ ဒီလက်နက်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြပ်မတ်ထားတာ ဖြစ်တဲ့အတွက် ပစ္စည်းရဖို့ အချိန်ယူကြိုးစားရသလို အလုံအလောက်ဖြန့်ကျက်တပ်ဆင်နိုင်ဖို့ ဆိုတာလည်း အကန့်အသတ်ရှိတယ်။ ဒါကြောင့် ငါတို့ ဥာဏ်သုံးပြီး ရန်သူ့လေကြောင်းဟန့်တားနိုင်မယ့်နည်းလမ်းသစ်တွေ ရှာရလိမ့်မယ်။နည်းဗျုဟာပိုင်းဆိုင်ရာ လိုအပ်တဲ့အပြောင်းအလဲနဲ့အသင့်အနေအထား ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်တယ်" ဟု ဦးရည်မွန်က ပြောသည်။ (more…)
Read More
96 Soldiers – PDF ရဲဘော်များ မြို့ပေါ်တက်လာမည်ဟု ကြုံးဝါး

96 Soldiers – PDF ရဲဘော်များ မြို့ပေါ်တက်လာမည်ဟု ကြုံးဝါး

RNA_အောက်တိုဘာ(၂၇)၊၂၀၂၂ ခုနှစ်။ “ 96 Soldiers တွေ မြို့ကိုတက်လာမယ်၊ မကြာခင်မှာ တက်လာမယ်၊ 96 Soldiers “ ဟု ရဲဘော်သစ်နောင်နောင်က တိုက်ပွဲဝင်ရန် သွားလာနေစဉ် ကြုံးဝါးထားသည်။  96 Soldiers - PDF ရဲဘော်များသည် တောင်ပိုင်းတိုင်းစစ်ဒေသနှင့် အညာမြေစစ်ဒေသတို့တွင် စစ်အာဏာရှင်အား လက်နက်ကိုင်တိုက်ခိုက်နေပြီး ပြီးခဲ့သည့် ကော့ကရိတ်တိုက်ပွဲတွင်လည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။  Red News Agency
Read More
တိုက်ပွဲအရှိန်မြှင့်ရန် လုပ်ဆောင်နေပြီ

တိုက်ပွဲအရှိန်မြှင့်ရန် လုပ်ဆောင်နေပြီ

တိုက်ပွဲအရှိန်မြှင့်ရန်အတွက် လုပ်ဆောင်နေပြီဟု တပ်ရင်းမှူး စောစလုံးပြော  RNA_အောက်တိုဘာ(၂၆)၊၂၀၂၂ခုနှစ်။  “ ဆင်ဖြူရဲ့ စစ်ကြောင်း PDFနဲ့ ပူးပေါင်းမဟာမိတ် ကော်သူးလေအာမီ အထူးကွန်မန်ဒိုတပ်ရင်း စင်ပေါ်ပြန်တက်ရင် အားလုံး တစ်ကမ္ဘာလုံး တစ်နိုင်ငံလုံး ဝိုင်းပြီး ဆုတောင်းပေးပြီးတော့ လက်ခုပ်တီးကြ။ ဒီကနေ့ ဒီအချိန်ရောက်ရင် အာဏာရှင် အာဏာရူးတွေ တော်ပါတော့ ကန်တော့ပါတော့လို့ မကြားချင်တော့ဘူး အခွင့်အရေးပေးကြာနေပြီ” အာဏာရူး စစ်တပ်ကို တိုက်ခိုက်ရန် အရှန်မြှင့်ရန်အတွက် လုပ်ဆောင်နေပြီဟု KawThooLei Army အထူးကွန်မန်ဒိုတပ်ရင်း၊ ဆင်ဖြူစစ်ကြောင်း တပ်ရင်းမှူး ဗိုလ်မှူးစောစလုံးက ပြောကြားထားသည်။  Red News Agency
Read More
အာဏာရှင် စစ်ကောင်စီအား တွန်းလှန်တိုက်ခိုက်ရန် အရှိန်မြှင့်တင်သွားမည်ဟု KIOကြေညာ

အာဏာရှင် စစ်ကောင်စီအား တွန်းလှန်တိုက်ခိုက်ရန် အရှိန်မြှင့်တင်သွားမည်ဟု KIOကြေညာ

RNA_အောက်တိုဘာ(၂၅)၊၂၀၂၂ခုနှစ်။ ဖားကန့်မြို့နယ်၊ KIA တပ်မဟာ(၉)နယ်မြေ အနန့်ပါဗုံးကြဲတိုက်ခိုက်ခံရမှု ဝမ်းနည်းဖွယ်ဖြစ်ရပ်ကိုတော်လှန် ရေးခွန်အားအဖြစ်ပြောင်းလဲပြီး အာဏာရှင် စစ်ကောင်စီကိုတွန်းလှန်တိုက်ခိုက်ဖို့ အရှိန်မြှင့်တင်သွားမည်ဟု KIOဗဟိုကော်မတီက ယနေ့ ကြေညာလိုက်သည်။ (၆၂)နှစ်မြောက် KIO အခမ်းအနားကြိုဆို တွေ့ဆုံဖျော်ဖြေပွဲ ပြုလုပ်နေသည့် အောက်တိုဘာ(၂၃)ရက် ည(၈း၃၀)ဝန်းကျင်မှာ အနန့်ပါစခန်းကို စစ်ကောင်စီတပ်က က စစ်လေယာဉ် (၃)စီးနှင့် ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် ဒဏ်ရာရရှိသူများကို ဆေးကုသခွင့်အတွက် အဟန့်အတားပြုလုပ်သည့်အတွက် သေဆုံးသူ များပြားခဲ့ရသည်။ (more…)
Read More
“ရွာလေးတော့ ပြာကျသွားပြီ”

“ရွာလေးတော့ ပြာကျသွားပြီ”

စစ်ကောင်စီတပ်တွေက PDF တွေမနိုင်လို့ ကျေးရွာတွေကို လူမဆန်စွာ မီးရှို့ဖျက်ဆီးနေ RNA_အောက်တိုဘာ(၂၃)၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးပြီးနောက် လူမဆန်စွာ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်နေသည်။ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ အမှတ်‌ (၄) တပ်ရင်း၊ တပ်ခွဲ (၂) ဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တဦးက မြေပြင်အနေအထားများနှင့်ပတ်သက်ပြီး Red News Agency ကိုပြောပြထားသည်။ Red News Agency
Read More