သတင်း

စစ်အာရှင်ဆန့်ကျင်ရေး ဖားကန့်ပြည်သူများ ပြုလုပ်

စစ်အာရှင်ဆန့်ကျင်ရေး ဖားကန့်ပြည်သူများ ပြုလုပ်

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၃ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့ ပြည်သူများသည် စစ်တပ်အာဏာသိမ်းမှု (၂) နှစ်ပြည့် ယနေ့တွင် " အပြင်မထွက်၊ ငြိမ်သက်တိတ်ဆိတ်ခြင်း (Silent Strike)" သပိတ်တွင် ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။   မင်းအောင်လှိုင်ဦးဆောင်သည့် အဖွဲ့ အာဏာသိမ်းမှု (၂) နှစ်ပြည့် (ယနေ့) တွင် ပြည်သူများသည် စစ်အာဏာရှင်ကို လက်မခံကြောင်း၊ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို လက်မခံကြောင်း သိစေရန် စစ်အာဏာရှင်ဆန့်ကျင်ရေး Silent Strike သပိတ်တွင် ပူးပေါင်းပါဝင်ကြသည်။   #RedNewsAgency
Read More
ခုခံစစ်အားကောင်းသည့် ပုလဲနယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းပြန်ထိုး

ခုခံစစ်အားကောင်းသည့် ပုလဲနယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းပြန်ထိုး

RNA_ဇန်နဝါရီ(၃၀)၊၂၀၂၃ ခုနှစ်။ နွေဦးတော်လှန်ရေးတွင် ခုခံစစ်အားကောင်းသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ် အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။ " အခု ယင်းမာပင်နဲ့ ပုလဲအစပ်ကို စခတွေ စစ်ကြောင်းပြန်ဆင်းနေကြတယ်၊ အခု ရွာ (၈) ရွာလောက်က ပြည်သူတွေ ဒီနေ့ပဲ စစ်ဘေးရှောင်နေကြရတယ်" ဟု ဒေသခံတဦးက ပြောသည်။ (more…)
Read More
တော်လှန်ရေးမှာ ပြတ်သားဖို့လိုအပ်သည်ဟု ဦးမင်းကိုနိုင်ပြော

တော်လှန်ရေးမှာ ပြတ်သားဖို့လိုအပ်သည်ဟု ဦးမင်းကိုနိုင်ပြော

RNA_ဇန်နဝါရီ(၃၀)၊၂၀၂၃ ခုနှစ်။   “ ဒီတော်လှန်ရေးမှာ အရေးကြီးဆုံးက ပြတ်သားမှုပါ၊ ဘတ်ပေါင်းစုံက ပြတ်သားကြရတော့မှာပါ၊ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ဆင်နွှဲခဲ့ကြတဲ့ ပြည်သူ့အရေးတော်ပုံတွေ ပြည်သူ့တော်လှန်ရေးတွေ ဒီနေ့အထိမပြီးနိုင်တာ ဆက်ပြီးတော့ တော်လှန်နေရတာတွေဟာ ပြတ်သားမှု အားနည်းခဲ့လို့ပါ” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က GSCBမှ ပြုလုပ်သည့် ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် လူထုနိုင်ငံရေးဟောပြောပွဲတွင် ပြောကြားခဲ့သည်။   #RedNewsAgency
Read More
သတင်းလွတ်လပ်ခွင့် ကင်းမဲ့နေသည့် ဖားကန့်မိုင်းတွင်းဒေသ

သတင်းလွတ်လပ်ခွင့် ကင်းမဲ့နေသည့် ဖားကန့်မိုင်းတွင်းဒေသ

အခုက ဓါတ်ပုံလေး ဖုန်းနဲ့သွားရိုက်တာတောင် ဟေ့လူ မရိုက်ရဘူးဆိုတာ နားမလည်ဘူးလား၊ ခုပြန်ဖျက်၊ ဘာသတင်းထောက်လဲ အစအနပျောက်သွားမယ်၊ အဲ့လိုဟ နည်းနည်းမှ ပြန်ပြောလို့မရဘူး RNA_ဖားကန့်၊ ဇန်နဝါရီ(၂၉)၊၂၀၂၃ ခုနှစ်။ ဖားကန့်ဟုဆိုလျှင် ကျောက်စိမ်းတူးဖော်ထွက်ရှိရာ မိုင်းတွင်းဒေသမှန်း လူတိုင်းသိကြသော်လည်း ဒေသတွင်း သတင်းရယူခြင်းလုပ်ငန်းများကို အသက်နှင့်ခင်းထားရကြောင်းကိုမူ လူသိနည်းလှသည်။ စစ်ကောင်စီမှ မတရားအာဏာသိမ်းပြီးနောက် တွင်ကျယ်စွာတူးဖော်လာသည့် ကျောက်မိုင်း‌ဧရိယာအတွင်း ဖုန်းဖြင့် ဓါတ်ပုံရိုက်ခြင်း၊ ဗွီဒီယိုရိုက်ကူးခြင်းများအား တွေ့ရှိပါက လုပ်ကွက်လုံခြုံရေးယူပေးထားသူများ၏ ဖမ်းဆီးရိုက်နှက်ခံရခြင်း၊ ဖုန်းထုခွဲခံရခြင်းများကြုံတွေ့ကြရသည်။ တစ်နိုင်ငံလုံး နွေဦးတော်လှန်ရေးအတွက် လုံးပန်းနေကြသော်လည်း ဖားကန့်က စီးပွားရေးအုတ်မြစ်အဖြစ် ငွေကြေးရတက်ရှိသူများ၏ စေလိုရာစေ ဒေသသာဖြစ်ခဲ့သည်။ (more…)
Read More
ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ

ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံကြောင်း လူထုကလမ်းပေါ်ထွက်သက်သေပြ RNA_ဇန်နဝါရီ(၂၉)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျေးရွာများမှ ကလေးလူကြီးအကုန် ရွာလုံကျွတ်နီးပါး လမ်းပေါ်ထွက်ကာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံကြောင်း လမ်းပေါ်ထွက်ကာ ယနေ့ နံနက်ပိုင်းက သက်သေပြခဲ့ကြသည်။ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယား မသက်ရောက်တော့သည့် ရေစကြိုမြို့နယ်၊ ကျေးရွာများမှ ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး၊ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ လက်မခံရေး စသည့် ကြွေးကြော်သံများဖြင့် ရွာစဉ်လှည့်လည်ကာ ဆန္ဒပြခဲ့ကြသည်။ အာဏာသိမ်းမှု (၂) နှစ်ပြည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့တွင်လည်း "တသံတည်းညီ တချီတည်းရုန်း" ခေါင်းစဉ်ဖြင့် အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်း (Silent Strike)…
Read More
ဒီပဲယင်းမြို့နယ်ညောင်လှကျေးရွာ တတိယအကြိမ်မီးရှို့ခံရမှု မြင်ကွင်း

ဒီပဲယင်းမြို့နယ်ညောင်လှကျေးရွာ တတိယအကြိမ်မီးရှို့ခံရမှု မြင်ကွင်း

RNA_ဇန်နဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၄ ရက် (၂၅) ရက်နေ့တို့က တတိယအကြိမ်အဖြစ် တရွာလုံးနီးပါးကို မီးရှို့ဖျက်ဆိးခဲ့ကြောင်း မှတ်တမ်းနှင့်တကွ ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့က တင်ပြထားသည်။ Red News Agency
Read More
တိုက်ခိုက်ရေး အနီးကပ်ညွှန်ကြားနေသည့် ဗိုလ်အယ်စေးဝါး

တိုက်ခိုက်ရေး အနီးကပ်ညွှန်ကြားနေသည့် ဗိုလ်အယ်စေးဝါး

RNA_ဇန်နဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်အခြေစိုက် Lion Battalion Commando - ဗျူဟာစစ်ကြောင်း ဗျူဟာမှူးဗိုလ်အယ်စေးဝါး ဦးဆောင်းသည့် ရဲဘော်များနှင့် မဟာမိတ်များစုပေါင်းကာ အာဏာသိမ်းစစ်ကောင်စီတပ်အထိုင်ချသည့် မြို့ပြများကိုပါဝင်ရောက်တိုက်ခိုက်နေသည်။ ယနေ့အချိန်ထိ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးအထိ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲတွင်ပါဝင်ပြီး တိုက်ခိုက်နေသည့် ဗိုလ်အယ်စေးဝါးဦးဆောင်ညွှန်ကြားနေသည့်ရုပ်သံကို Lion Battalion Commando - ဗျူဟာစစ်ကြောင်းက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ Red News Agency
Read More
ဖားကန့် မှော်စီစာရဲကင်း တိုက်ခိုက်ခံရ

ဖားကန့် မှော်စီစာရဲကင်း တိုက်ခိုက်ခံရ

RNA_ဖားကန့်၊ ဇန်နဝါရီ (၂၆)၊၂၀၂၃ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ စစ်ကောင်စီ၏ ရဲကင်းစခန်းအား KIA/PDF ပူးပေါင်းအဖွဲ့က ယမန်နေ့ည ၈ နာရီကျော်ခန့်တွင် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဲကင်းစခန်းမီးလောင်သွားခဲ့သည်။   ရဲကင်းစခန်းတိုက်ခိုက်ခံရချိန်တွင် မှော်စီစာဘုရားကုန်းတွင်တပ်စွဲထားသောစစ်ကောင်စီတပ်နှင့် လုံးခင်းလယ်ပြင်ရှိ စစ်ကောင်စီ၏ ယမ်းချက်စက်ရုံတို့မှ လက်နက်ကြီးပစ်ကူ အချက်(၃၀)ထက်မနည်း ပစ်ကူပေးခဲ့ကြရပြီး KIA/PDF မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ (more…)
Read More
ကျဆုံးခဲ့ရသည့် တပ်ရင်းမှူးအပါအဝင် ရဲဘော် (၄) ဦး ရုပ်အလောင်းမရဘဲ ဂူသွင်းသင်္ဂြိုလ်ခဲ့ရ

ကျဆုံးခဲ့ရသည့် တပ်ရင်းမှူးအပါအဝင် ရဲဘော် (၄) ဦး ရုပ်အလောင်းမရဘဲ ဂူသွင်းသင်္ဂြိုလ်ခဲ့ရ

RNA_ဇန်နဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။   ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ သန်းတောင်ကျေးရွာနှင့် ဘုရားနီကျေးရွာများအနီးဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က (၅) ဦးကျဆုံးခဲ့ရာတွင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ရင်းမှူးပါအဝင် (၄) ဦးမှာ ရုပ်အလောင်းပြန်မရဘဲ ဂူသွင်းသင်္ဂြိုလ်ခဲ့ရကြောင်း သိရသည်။   ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု နှင့်ညီ‌နောင်တပ်ရင်းများနှင့် စစ်ကောင်စီတပ်၊ အင်းပျူစောထီးနှင့် PNO(ပြည်သူ့စစ်)တို့ ဇန်နဝါရီလ (၃) ရက်နေ့က သန်းတောင်ကျေးရွာနှင့် ဘုရားနီကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် အမှတ် (၁၀၀၇)တပ်ရင်း(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂ )မှ ရဲဘော် ရဲဘော်မိုး၊ အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -IPDF ၏ တပ်ရင်းမှူး ရဲဘော် သခွားသီး၊ သင်တန်းမှူး ရဲဘော် အယ်ကျော်၊ တပ်စိတ်မှူး…
Read More
စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီ ယာယီအထိုင်ရုံး ဗုံးကြဲခံရ

စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီ ယာယီအထိုင်ရုံး ဗုံးကြဲခံရ

RNA_ဇန်နဝါရီ(၁၅)၊၂၀၂၃ ခုနှစ်။   ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီယာယီအထိုင်ရုံးပြုလုပ်ထားသည့် ပလိပ်ထွီ ဘုန်းတော်ကြီးကျောင်းအဆောက် အဦပေါ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။   "လေယာဥ်ဗုံးကြောင့် တစ်ဖွဲ့လုံးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ် အဖွဲ့၀င် နှစ်ယောက်မှာ ပြင်းထန်ဒဏ်ရာ မစိုးရိမ်ရ အခြေအနေပါ။ ငွေသားသိန်းသုံးဆယ်၊ ရုံးသုံး Computer တစ်လုံး၊ Solar သုံးချပ်၊ Hymon Jeep ကား တစ်စီး ၊ Battery လေးလုံး၊ ဖုန်းနှစ်လုံး၊ Printer တစ်လုံး ၊ ဆိုင်ကယ် နှစ်စီး ၊ ခြုံစောင်များ နှင့် အခြားလူသုံးကုန်ပစ္စည်း အားလုံးနီပါး စုတ်ပြတ်ပျက်စီးသွားခဲ့ပါတယ်"…
Read More