သတင်း

ယနေ့ ဆန္ဒပြပွဲတွင် 96 Soldiers -PDF အညာဒေသတပ်ခွဲ ရဲဘော်များ ပူးပေါင်း

ယနေ့ ဆန္ဒပြပွဲတွင် 96 Soldiers -PDF အညာဒေသတပ်ခွဲ ရဲဘော်များ ပူးပေါင်း

RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ "ခွင့်တူညီမျှသည့် ပြည်ထောင်စုဆီသို့" ခေါင်းစဥ်ဖြင့် ပြုလုပ်သည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ယနေ့ ကျရောက်သည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပြုလုပ်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပြည်သူများနှင့်အတူ 96 Soldiers -PDF (အညာဒေသတပ်ခွဲ) ရဲဘော်များ ပူးပေါင်းခဲ့ကြောင်း သိရသည်။ #RedNewsAgency
Read More
နဂါးနီစစ်ကြောင်းနှင့်ဘုရားသုံးဆူလူထု ပူးပေါင်းဆန္ဒပြ

နဂါးနီစစ်ကြောင်းနှင့်ဘုရားသုံးဆူလူထု ပူးပေါင်းဆန္ဒပြ

RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) လက်အောက်ခံ နဂါးနီစစ်ကြောင်း နှင့်ဘုရားသုံးဆူမြို့လူထုသပိတ်တို့ ပူးပေါင်းကာ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ (more…)
Read More
မန္တလေး PDF ကို စစ်ကြောင်းထိုးတိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ (၂၅) ဦးသေဆုံး

မန္တလေး PDF ကို စစ်ကြောင်းထိုးတိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ (၂၅) ဦးသေဆုံး

RNA_ဖေဖော်ဝါရီ( ၁၂)၊၂၀၂၃ ခုနှစ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်ရင်းတပ်ဖွဲ့များကို စစ်ကောင်စီတပ်မှ မြေပြင် ဝေဟင် ညှပ်တိုက်သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂၅) ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်(၂) ဦးကျဆုံးခဲ့ကြောင်း သိရသည်။ မြေပြင်တိုက်ပွဲများ ပြင်းထန်သည့်အပြင် Mi 35 တိုက် ခိုက်ရေးရဟတ်ယာဉ်ကို အသုံးပြု၍ ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး)မှ စစ်သည်များကို ဖေဖော်ဝါရီ (၁၀) ရက်နေ့ နံနက် (၆) နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ကိုယ်ပိုင်အမှတ် (P1- 1202-085) ရဲဘော်စစ်နိုင် နှင့် ကိုယ်ပိုင်အမှတ် (P1- 1202-159) ရဲဘော် ဖိုးဝတို့…
Read More
အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့သည့် အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ

အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့သည့် အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ

RNA_ဖေဖော်ဝါရီ (၁၂)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ - NUG တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် - ၄ သင်တန်းဆင်းပွဲအား KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့ရာ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။ " သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ်နှင့် စစ်တိုင်းတာဝန်ခံများ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်များ၊ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြသည်" ဟု NUG - MOHAI က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီတပ် ဝင်စီးခံရပြီး အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေ 

စစ်ကောင်စီတပ် ဝင်စီးခံရပြီး အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေ 

RNA_ဖေဖော်ဝါရီ(၁၁)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အခြေစိုက် စစ်ကောင်စီ မွေးမြူရေးတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့နံနက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ် အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေဆုံးခဲ့သည်ဟု မြိုင်ပကဖ Telegram တွင် အသိပေးထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေဆုံးပြီး (၃) ဦးအရှင်ဖမ်းခံခဲ့ရကြောင်း၊ တပ်စခန်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၂)၊ တပ်ခွဲ (၁)၊ တပ်ခွဲ၂၊ တပ်ခွဲ (၃)၊ မြစ်ခြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - MCKCစသည့် မဟာမိတ်များ ပူးပေါင်းတိုက် ခိုက်ခဲ့ကြောင်း၊ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ (သေဆုံးနေသည့်…
Read More
စစ်ကောင်စီတပ် ဂိတ်စခန်းတိုက်ခိုက်ခံရပြီး အနည်းဆုံး (၆) ဦးသေ

စစ်ကောင်စီတပ် ဂိတ်စခန်းတိုက်ခိုက်ခံရပြီး အနည်းဆုံး (၆) ဦးသေ

RNA_ဖေဖော်ဝါရီ(၁၁)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊ တံတားဦး၊ ညောင်ပင်အောက် စစ်ကောင်စီတပ် ဂိတ်စခန်းကို ကျားဖြူစစ်ကြောင်းနှင့် မဟာမိတ်ရဲဘော်များ ယနေ့ နံနက် (၅) နာရီ (၃၀) မိနစ်ဝန်းကျင်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး (၆) ဦးသေဆုံးကြောင်း သိရသည်။ " ရန်သူ့ဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ဦး ထက်မနည်း သေဆုံးပြီး ထိခိုက် သေဆုံးမှုကို ထပ်မံ အတည် မပြုနိုင်သေးပါ။ စစ်ကောင်စီဘက်မှ အတို (၁) လက်၊ MA3 (၂) လက်၊ ကျည်ဘောက် (၄) ခု၊ RPG 7 အသီး (၁) လုံး ကို သိမ်ဆည်း…
Read More
ကျောက်စိမ်းခိုးတူးနေသည့် ဖားကန့်ရတနာနယ်မြေ ညပိုင်းမြင်ကွင်း

ကျောက်စိမ်းခိုးတူးနေသည့် ဖားကန့်ရတနာနယ်မြေ ညပိုင်းမြင်ကွင်း

RNA_ဖေဖော်ဝါရီ(၁၁)၊၂၀၂၃ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ ကျောက်စိမ်းတွင်းများကို ညပိုင်း စက်ယန္တရားပေါင်းမြောက်များစွာဖြင့် ခိုးတူးနေကြသည့် မြင်ကွင်း သတင်းကို ဖော်ပြလိုက်သည်။ Red News Agency
Read More
ကော်သူးလေအုပ်ချုပ်နယ်မြေ တိုက်ပွဲများတွင် (၂) နှစ်အတွင်း စစ်ကောင်စီတပ်မှ (၆၈၇၆) ဦး သေဆုံး

ကော်သူးလေအုပ်ချုပ်နယ်မြေ တိုက်ပွဲများတွင် (၂) နှစ်အတွင်း စစ်ကောင်စီတပ်မှ (၆၈၇၆) ဦး သေဆုံး

RNA_ဖေဖော်ဝါရီ( ၉)၊၂၀၂၃ ခုနှစ်။   ကရင်အမျိုးသားအစည်းအရုံး - KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး (၂) နှစ်အတွင်း တိုက်ပွဲပေါင်း (၈၀၃၈) ကြိမ်ဖြစ်ပွားပြီး အာဏာသိမ်း စစ်ကောင်စီတပ်များမှ (၆၈၇၆) ဦးသေဆုံးကာ (၅၅၁၉) ဦးဒဏ်ရာရကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။   ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့အထိ (၂) နှစ်အတွင်း စစ်ကောင်စီတပ်များမှ နယ်မြေစိုးမိုးနိုင်ရေးအတွက် တပ်အင်အားတိုးချဲ့ခြင်းများ၊ စစ်ရေးလှုပ်ရှားမှုများပိုမိုလုပ်ဆောင်ခြင်းများ အဆက်မပြတ်လုပ်ဆောင်လာသည့်အတွက် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်ရေးတပ်မတော် (K.N.L.A)၊…
Read More
ငဖဲမြို့နယ် စစ်ကောင်စီတပ် ယမ်းချက်စက်ရုံကို RPG ဖြင့် ပစ်ခတ်

ငဖဲမြို့နယ် စစ်ကောင်စီတပ် ယမ်းချက်စက်ရုံကို RPG ဖြင့် ပစ်ခတ်

RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၄)ရှိ ယမ်းချက်စက်ရုံကို People’s Revolution Alliance – PRA Magway က  RPG (၁)လုံး၊ ၁၀၇ မမ ရှော့တိုက်ဒုံး (၂) လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ မင်းဘူးခရိုင် စစ်ဒေသအခြေစိုက် People’s Revolution Alliance – PRA Magway ဟောလုံစစ်ကြောင်းနှင့် မောလုံ စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ နံနက် (ဖေဖော်ဝါရီ (၉) ရက် ၀၀:၄၀ မိနစ်) စောစောက တိုက်ခိုက်ခဲ့ပြီးအဆောက်အအုံနှင့် ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု မြေပြင်အတည်ချက်အရ သိရကြောင်း ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ပခုက္ကူ – ရေစကြို ကားလမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေ

ပခုက္ကူ – ရေစကြို ကားလမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေ

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို ကားလမ်းတနေရာရှိ ကိုရှိန်းဆီဆိုင်ရှေ့၌ အင်အား (၁၄)ဦးပါ ကား (၂) စီးနှင့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို ရေစကြို PDF တပ်ဖွဲ့ကာ တိုက်ခိုက်ရာ (၁၀) ဦးသေဆုံးခဲ့သည်။ သေဆုံး ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများထံမှ Carbine ၆ လက်၊ Carbine ကျည်ဘောက် ၆ ဘောက်၊ ကာဘိုင်ကျည် ၁၄၆ တောင့်၊ MA4 တစ်လက်၊ MA4 ကျည်ဘောက် ၅ ဘောက်၊ ၅.၅၆ ကျည် ၉၄ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ 40 mm ဗုံးသီး ၄…
Read More