သတင်း

“တရားမဝင်သည့် အတုယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ”

“တရားမဝင်သည့် အတုယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ”

RNA_ဇန်နဝါရီ (၁၃)၊၂၀၂၃ ခုနှစ်။ နွေဦးတော်လှန်ရေး မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက "တရားမဝင်သည့် အတုယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ" ကြွေးကြော်သံဖြင့် စစ်ကောင်စီပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများကို အသိပေး ပြောကြားထားခြင်းဖြစ်သည်။ #RedNewsAgency
Read More
ဆားလင်းကြီးမြို့နယ်(မြောက်ခြမ်း) ကျေးရွာ (၁၀)ရွာမှပြည်သူ (၇၀၀၀)ကျော် စစ်ဘေးရှောင်နေရ

ဆားလင်းကြီးမြို့နယ်(မြောက်ခြမ်း) ကျေးရွာ (၁၀)ရွာမှပြည်သူ (၇၀၀၀)ကျော် စစ်ဘေးရှောင်နေရ

RNA_ဇန်နဝါရီ (၁၂)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီတပ် စစ်ကြောင်းက ကျေးရွာများအတွင်း ပစ်ခတ်ဝင်ရောက် မီးရှိုါဖျက်ဆီးနေသည့်မတွက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်(မြောက်ခြမ်း) ကျေးရွာ (၁၀) ရွာမှ ပြည်သူ (၇၀၀၀) ကျော် စစ်ဘေးရှောင်နေရသည်။ အင်အား၇၀ခန့်ပါသည့် စစ်ကာင်စီတပ်စစ်ကြောင်းက ယနေ့ နံနက်ပိုင်းက ပိုင်းတောင်ကြီးကျေးရွာနှင့် ကျောက်မှော်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ နေ့လည်ပိုင်းမှာ ဖောင်ကထာကျေးရွာရှိ နေအိမ်များကို ထပ်မံမီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ (more…)
Read More
ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးတို့ ပူးပေါင်းပြီး တိုက်ပွဲအရှိန်မြှင့်မည် 

ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးတို့ ပူးပေါင်းပြီး တိုက်ပွဲအရှိန်မြှင့်မည် 

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ Lion Battalion Commando-ဗျူဟာစစ်ကြောင်းဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးတို့မဟာမိတ်အဖြစ်တွေ့ဆုံပေါင်းစည်းပြီး မြို့ပြတိုက်ပွဲများကိုယခင်ကထက် အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးတို့ ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံပြီးနောက် " Lion Battalion Commando- ဗျူဟာစစ်ကြောင်းနှင့် ရေးဘီလူးအဖွဲ့တို့ပူးပေါင်း၍ မြို့ပြတိုက်ပွဲများကို ယခင်ကထက် အရှိန်မြှင့်တင်၍ တိုက်ပွဲဝင်သွားမှာဖြစ်ပါသည်။ ပိုမိုပြင်းထန်လာသောတိုက်ပွဲအရှိန်အဟုန်သည် ပြည်တွင်းပြည်ပရှိ ထောက်ပို့ရဲဘော်များ၏ ထောက်ပံ့မှုများနှင့် တိုက်ရိုက်အချိုးကျလျက်ရှိရာ အင်တိုက်အားတိုက် ပါဝင်ကူညီပေးကြဖို့ကိုလည်း တောင်းဆိုအပ်ပါသည်" ဟု Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ယမန်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ညီညွတ်ရေးနှင့် အောင်ပွဲခံမည့် မဟာဗျူဟာများဖြင့် တိုက်ပွဲဝင်ရမည့် အချိန်ဟု TNLA ကြေညာ

ညီညွတ်ရေးနှင့် အောင်ပွဲခံမည့် မဟာဗျူဟာများဖြင့် တိုက်ပွဲဝင်ရမည့် အချိန်ဟု TNLA ကြေညာ

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ နွေဦးတော်လှန်ရေးမှပေါက်ဖွားလာသည့် အင်အားစုအသီးသီးမှအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည် အမျိုးမျိုးသော ဝိဝါဒကွဲပြားမှုကို ကျော်လွှားပြီး ပိုမိုခိုင်မာသည့် ညီညွတ်ရေးနှင့် အောင်ပွဲခံမည့်မဟာဗျူဟာများဖြင့် တော်လှန်တိုက်ပွဲဝင်ရန် အရေးကြီးသော အချိန်ကာလဖြစ်သည်ဟု PSLF/TNLA က ကြေညာထားသည်။ (more…)
Read More
ပုသိမ်ထောင်မှာ မတရားသတ်ဖြတ်ခံခဲ့ရသည့် ကိုဝေယံဖြိုးရက်လည် ပြုလုပ် 

ပုသိမ်ထောင်မှာ မတရားသတ်ဖြတ်ခံခဲ့ရသည့် ကိုဝေယံဖြိုးရက်လည် ပြုလုပ် 

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် စစ်ကောင်စီလက်ပါးစေများက မတရား ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့သည့် ကိုဝေယံဖြိုး၏ ရက်လည်ဆွမ်းကျွေးကို ယနေ့ ချောင်းသာမြို့ရှိ မိဘ၏နေအိမ်၌ ပြုလုပ်ကြောင်း သိရသည်။ ပုသိမ်အကျဉ်းထောင်တွင် ဇန်နဝါရီလ (၆) ရက်နေ့က ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေနတ်မှန်သေဆုံးခဲ့ရသော် လည်း စစ်ကောင်စီက အကျဥ်းသားအချင်းချင်းရိုက်သည့်အတွက် သေဆုံးခဲ့သည်ဟု လိမ်လည်ထုတ်ပြန်ထားသည်။ နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ပုသိမ်ထောင် ဝန်ထမ်းများနှင့် အပေါင်းအပါများက ဇန်နဝါရီလ (၅) ရက်နေ့က ရိုက်နှက်ညှဉ်ပန်းနှိပ်စက်ခဲ့သည့်အတွက် ဇန်နဝါ ရီလ (၆) ရက် နံနက်ပိုင်းက တောင်းဆို ဆန္ဒပြခဲ့ရာ စစ်ကောင်စီလက်ပါးစေများက အင်အားသုံး ရိုက်နှက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
ကျိန်စာသင့်နေသော ကျောက်စိမ်းမှော်

ကျိန်စာသင့်နေသော ကျောက်စိမ်းမှော်

RNA_ဇန်နဝါရီ (၁၁)၊၂၀၂၃ ခုနှစ်။   စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းမှော်တွင်းတွေမှာ နေ့ ညမပျက် ကျောက်စိမ်းတူဖော်မှုတွေကတော့ ရှိနေပါတယ်။ ဖားကန့်မှော်တခွင်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်မဟာ (၉) တပ်ရင်း(၆) တို့က ကြီးစိုးထားတာဖြစ်ပါတယ်။   လက်နက်ရှိသူတွေနဲ့ ခရိုနီတွေကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အင်တိုက်အားတိုက် ကျောက်စိမ်းထုတ်လုပ်မှုတွေ တရားမဝင် ငွေကြေးကောက်ခံမှုတွေ အမျိုးမျိုးနဲ့ ဖားကန့်နယ်တဝိုက်မှာ လူစည်းကား မပျက်ခဲ့ပါဘူး။ သုဿာန်မြေ၊ လမ်းမြေ၊ ဘာသာရေးမြေ ( ဘာသာရေးမြေဟု ခြံခတ်ပြီး ကျောက်စိမ်းတူးနေမှု) တွေကစပြီး မြေလွတ်မှန်သမျှမကျန်အောင် ကျောက်စိမ်း တူးဖော်နေကြပါတယ်။ (more…)
Read More
ရဲဘော်များ စစ်တိုက်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်

ရဲဘော်များ စစ်တိုက်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်

RNA_ဇန်နဝါရီ (၁၀)၊၂၀၂၃ ခုနှစ်။   ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်စပ်မှာ အခြေချပြီး စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် မြို့ပြတော်လှန်ရေးတပ်ဦး - Urban Revolutionary Front - URF ရဲဘော်များအနေဖြင့် တိုက်ပွဲအတွက် ပြင်ဆင်ပြီးဖြစ်သည့်အတွက် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန်ထွက်မည်ဖြစ်သည့်အတွက် ကျည်ဆံဖိုးများ လှူဒါန်းနိုင်ကြောင်း သိရသည်။ မြို့ပြတော်လှန်ရေးတပ်ဦးအနေဖြင့် လက်နက်အင်အားမှာလည်း တပ်ဖွဲ့ရင်အရေအတွက်၏ တဝက်သာရှိသည့်အတွက် စစ်မြေပြင်ကို ရဲဘော်အားလုံး ထွက်ဖို့ အဆင်မပြေကြောင်း၊ ယခု ရှေ့တန်းထွက်မည့် ရဲဘော်များအတွက် ကျည်ဆံဖိုးများကို အနည်းအများပေါ်မူမတည်ပဲ တက်နိုင်သမျှ https://t.me/URF_Urban_Revolutionary_Front  မှာ လာရောက်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။ (more…)
Read More
ပြည်သူကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု NUG သမ္မတပြော

ပြည်သူကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု NUG သမ္မတပြော

RNA_ဇန်နဝါရီ (၁၀)၊၂၀၂၃ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ လူထုကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု ယနေ့ ကျင်းပသည့် NUG ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။   ၂၀၂၃ ခုနှစ်ထဲတွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်​သလို ပြည်သူ လူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း၊ NUG အစိုးရအနေဖြင့် အတိတ်က ဖြစ်ခဲ့သည့် နိုင်ငံရေး အမှားများကို သင်ခန်းစာယူရမည်ဟု ယာယီသမ္မတက တိုက်တွန်းခဲ့သေးသည်။ (more…)
Read More
ပုသိမ်ထောင်မှာ စစ်ကောင်စီလက်အောက်ခံများပစ်ခတ်သည့်အတွက် နိုင်ငံရေးအကျဉ်းသား (၂) ဦးသေဆုံး

ပုသိမ်ထောင်မှာ စစ်ကောင်စီလက်အောက်ခံများပစ်ခတ်သည့်အတွက် နိုင်ငံရေးအကျဉ်းသား (၂) ဦးသေဆုံး

RNA_ဒီဇင်ဘာ(၇)၊၂၀၂၃ ခုနှစ်။   ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုဆန္ဒပြမှုကို စစ်ကောင်စီတပ်လက်အောက်ခံ ရဲနှင့်တပ်က ပစ်ခတ်သည့်အတွက် နိုင်ငံရေးအကျဉ်းသား ကိုဝင်းမင်းထက်နှင့် ကိုဝေယံဖြိုးတို့ သေဆုံးခဲ့ရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တဦးသာ အတည်ပြုထားနိုင်သေးကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီပေးနေသူများထံမှ သိရသည်။ (more…)
Read More
နွေဦးတော်လှန်ရေးက ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား

နွေဦးတော်လှန်ရေးက ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား

RNA_ဇန်နဝါရီ (၇)၊ ၂၀၂၃ ခုနစ်။   နွေဦးတော်လှန်ရေးအောင်ပွဲနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုကို အရောက်လှမ်းနိုင်မလား၊ ဘာတွေလုပ်ဆောင်သင့်သလဲ ဘယ်လိုတွေ ဖြစ်လာနိုင်မလဲဆိုတာ ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး - Social Democratic United Front မှ ကိုကျော်ကျော်ကို၏ သဘောထားများကို ဖော်ပြလိုက်သည်။ #RedNewsAgency
Read More