ဖားကန့်မြို့ဝင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံး

RNA_ဇူလိုင်(၂၂)၊၂၀၂၃ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီဂိတ်စခန်းကို KIAနှင့် PDF များက ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်မှ နံနက် ၃ နာရီဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၇ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။
ပန်းတင်တံတားထိပ်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ရဲနှင့်တပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး ၂ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အဆိုပါ ဂိတ်စခန်းတွင် စစ်ကောင်စီလက်အောက်ခံ ၂၀ ခန့်ရှိကြောင်း တိုက်ပွဲဝင် သတင်းရစ်မြစ်ထံမှ သိရသည်။
ပစ်ခတ်မှုဖြစ်ပွားစဉ်အတွင်း ဖားကန့်မြို့ ဗျူဟာကုန်းတွင် တပ်စွဲထားသည့် ရှေ့တန်းတပ်မ ၃၃ မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း၊ ဂိတ်စခန်းသိမ်းတိုက်ပွဲအတွင်း KPDF အပတ်စဉ် ၅ သင်တန်းဆင်း ရဲဘော်ကရင်ကြီး လက်နက်ကြီးထိမှန်ကာ မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။
Photo : KPDF Hpakant
#RedNewsAgency
By Editor