နှစ်သောင်းကျပ်တန်ငွေစက္ကူအား တရားမဝင်ငွေအဖြစ် NUG ကြေညာ

RNA_ဇူလိုင်(၂၇)၊၂၀၂၃ ခုနှစ်။

စစ်ကောင်စီကထုတ်မည့် ၂ သောင်းတန်ငွေစက္ကူအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယင်းအားဆက်ခံသောအစိုးရများက အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း ယနေ့ ကြေညာထားသည်။

အကြမ်းဖက်အာဏာသိမ်းခဲ့သည့် စစ်ကောင်စီအနေဖြင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ၂ သောင်းတန်ငွေစက္ကူများကို ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီအနေဖြင့် အဖက်ဖက်က အကြပ်အတည်းဆိုက်နေသည့်အတွက် ဘဏ္ဍာရန်ပုံငွေကို ငွေစက္ကူအမျိုးအစားသစ် ရိုက်ထုတ်ကာ အရေးပေါ်ဖြည့်တင်းနိုင်ရန် အားထုတ်နေကြောင်း၊ ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှုဖြစ်ပေါ်စေခြင်းသည် ပြည်သူများ၏ လုပ်အားနှင့် ချွေးနှဲစာ စုဆောင်းငွေများကို တဖက်လှည့်ခိုးယူခြင်းပင် ဖြစ်သည်ဟု စသဖြင့် NUG ကြားကာလဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor