မမုံကျေးရွာ

ဖားကန့်၌ ယနေ့ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

ဖားကန့်၌ ယနေ့ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

RNA_ဖားကန့်၊ အောက်တိုဘာ (၅)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မနကျေးရွာအဝင်နားတွင် ‌မုန့်ပို့သည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရသလို၊ မမုံကျေးရွာရှိ ထွန်းဦးဆီဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်နေသည့် အမျိုးသားတစ်ဦး ယနေ့ နေ့လယ် ၂ နာရီခန့်က သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ "မုန့်ပို့တဲ့သူဟုတ်တယ်၊ အာလူးကြော်တို့ ဝက်ခေါက်တို့ပို့တဲ့သူ၊ မနကျေးရွာနဲ့ ဖားပြင်ကျေးရွာ အဝင်ဆိုင်ဘုတ်နား၊ နောက်တစ်ယောက်က မမုံရွာပြင်ဘက်က ထွန်းဦးဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်နေတဲ့တစ်ယောက် လေးချက်ပစ်သွားတာ၊ တစ်ချိန်တည်းလောက်ကျမှာ ဖြစ်တာက"ဟု မမုံကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ မနကျေးရွာအဝင် ဆိုင်ဘုတ်နား ပစ်သတ်ခံရသည့် အကြော်မုန့်ပို့သူသည် ဖားကန့် မှော်ဝမ်းရပ်ကွက်တွင်နေထိုင်သူ စန်းမြင့် အသက်(၄၃)နှစ် ဖြစ်ပြီး ဇနီးနှင့်…
Read More
ဖားကန့် မမုံကျေးရွာ လမ်းမပေါ် တွင် ပေါ်တင် ဓားပြတိုက်မှုဖြစ်

ဖားကန့် မမုံကျေးရွာ လမ်းမပေါ် တွင် ပေါ်တင် ဓားပြတိုက်မှုဖြစ်

RNA_ဖားကန့်၊ ဇူလိုင်လ ၂၈ ရက်၊၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာနှင့်ဆွတ်အောင်ကျေးရွာကြား မြန်မာစည်သူ ကုမ္ပဏီဝန်းဟောင်းနေရာ၌ အသက် (၂၀) ဝန်းကျင်အရွယ် လူငယ် ခြောက်ဦးက သေနတ်အတိုနှစ်လက်ဖြင့် လမ်းသွားလမ်းလာများအား မြေပြင်တွင်ဝပ်ခိုင်းကာ ပစ္စည်းလုယူ ဓါးပြတိုက်မှု ယမန်နေ့ မနက် (၉)နာရီက ဖြစ်ပွားခဲ့သည်။ ကနဦးတွင် လူငယ် (၆) ဦးက အဆိုပါနေရာအနီးရှိ မူးယစ်ဆေးဝါးသုံးစွဲကြရာတဲများကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ မူးယစ်ဆေးသမားများကို ရိုက်နှက်ပြီးမှ လမ်းသွားလမ်းလာများကို ဓါးပြတိုက်ခြင်းဖြစ်ကြောင်း အခြေအနေအသေးစိတ်ကို သွားရောက်စစ်ဆေးခဲ့သည့် မမုံကျေးရွာမှ ရပ်မိ/ရပ်ဖ တစ်ဦးက ပြောသည်။ ဖြစ်စဉ်အနီးနားရှိ အိမ်ပေါ်မှ ဒေါ်ကုလားမအား လမ်းပေါ်ဆွဲချကာ နားကပ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်နှင့် ဖြတ်သွားဖြတ်လာ ရေမဆေးသမား…
Read More
ဖားကန့်၌ ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်း

ဖားကန့်၌ ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေတောင်း

RNA_ဖားကန့်၊ ဇွန်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာမှ နေခြည်ဆည်းဆာ လက္ဖက်ရည်ဆိုင်ပိုင်ရှင်အား ပျူစောထီးအဖွဲ့ကဟုဆိုကာ ဖုန်းဆက်ခြိမ်းခြောက်ပြီး ငွေဆယ်သိန်းတောင်းခံကြောင်း သိရသည်။ ဇွန်လ ၁၇ ရက် စနေနေ့ မနက် ၁၀ နာရီ ၄၀ အထိ ဖုန်းခြောက်ကြိမ်ခေါ်ထားသည့်အတွက် ၁၂ နာရီဝန်းကျင်ခန့်တွင် ဖုန်းပြန်ခေါ်ရာ "ငါက ပျူစောထီးအဖွဲ့က ဗိုလ်စောမောင်ပဲ၊ မင်းအခွန်ဆောင်ရမယ်၊ ငွေဆယ်သိန်းကို မင်းကိုယ်တိုင်လာပေးရမယ်၊ မပေးရင် မင်းအသက်လာယူမယ်"ဟု ခြိမ်းခြောက်ခဲ့ကြောင်း လက္ဖက်ရည်ဆိုင်ပိုင်ရှင် ကိုဇော်ကြီးက ပြောသည်။ ငွေကို ဖားပြင်ကျေးရွာအနီးစခန်းကို လာပေးရမည်ဟုပြောပြီး လူကိုယ်တိုင်မလာရဲပါက Wave Money ဖြင့် ခုနှစ်သိန်းလွှဲပေးရမည်ဟု နောက်တစ်ကြိမ်…
Read More