လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်

RNA_ဇူလိုင်(၂၂)၊၂၀၂၃ ခုနှစ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း စစ်ကောင်စီအတွက် စစ်ရေးဗျူဟာအရ အရေးပါသည့် စစ်ကောင်စီတပ် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
လက်ခတ်တောင် တာဝါတိုင် စစ်ကောင်စီတပ်စခန်းကုန်းကို တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wings စသည့် ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၂၀ ရက်နေ့မှ နံနက် ၆ နာရီမှ စတင်တိုက်ခိုက်ခဲ့ကြပြီး ၂၁ ရက်နေ့ နံနက် ၅ နာရီတွင် တောင်ကြောတခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ စစ်ကောင်စီတပ်မှ အသေအဆုံးရှိသည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း ဆက်သွယ်ရေးစက်(၁)လုံး၊ 60mm(၁၆)လုံး၊ ရှေ့ထွက်မိုင်း(၆)လုံး၊ ကားမိုင်း(၉)လုံး၊ Jammerစက်(၂)လုံး၊ မိုင်းရှာစက်(၂)လုံး၊ စက်လက်ပြောင်း(၁)ပြောင်း၊ ကွန်မန်ဒို60mmပြောင်း(၂)လက်၊ 40 mm (၉)လုံး၊ G3ကျည်ဘောက်(၄)ခု၊ MAကျည်ဘောက်(၂)ဘောက်၊ စစ်ခမော က်(၈)လုံး၊ RPGပို့ ယမ်း(၃)တောင့်၊ RPGသီး(၁)လုံး၊ 7.62ကျည် (၁၈၈၀) တောင့်၊ 5.56 ကျည်(၃၀၂) တောင့်စသည့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း၊ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#RedNewsAgency
By Editor