လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်းမှာ တိုက်ပွဲပြန်ဖြစ်

RNA_ဇူလိုင်(၂၅)၊၂၀၂၃ ခုနှစ်။

KNLA-ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြဝတီမြို့၊ မေတ္တာလင်းမြိုင်နှင့် လက်ခတ်တောင်အကြားတွင် လက်ခတ်တောင်စခန်းကုန်းအား စစ်ကောင်စီတပ်မှ ပြန်လည်ရရှိရေး ထိုးစစ်ဆင်နေသည့်အတွက် ယနေ့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

KNLA−ပူးပေါင်းတပ်ဖွဲ့မှ ဇူလိုင်လ ၂၁ ရက်နေ့က စစ်ကောင်စီတပ် တပ်စွဲထားသည့် လက်ခတ်တောင် စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အကျအဆုံးများပြီး တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး ထွက်ပြေးခဲ့သည့်အတွက် အရေးယူခံနေရကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ လပ်ခတ်တောက် စခန်းကုန် ပြန်လည်ရရှိရေးအတွက် တပ်မ(၄၄) မှူးမှ တိုက်ရိုက် ညွန်ကြားပြီး ခမရ(၂) နှင့် ခမရ(၁၁၈) စုပေါင်းထုတ်နုတ်အင်အား (၁၀၀) ကျော်ဖြင့် ထိုးစစ်ဆင်နေကြောင်း KNLA− ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောထံမှ သိရသည်ဟု ဒူးပလာယာခရိုင်−သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။


လက်ခတ်တောင် တာဝါတိုင်ခန်းကုန်းပြန်လည်ရရှိရေး စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်နေမှု ဇူလိုင် ၂၄ ရက်နေ့မှ စတင်ကြောင်း၊ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိနေပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကြောင့် ပြည်သူ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား တစ်ဦး ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင် ၂၁ ရက်နေ့ လက်ခက်တောင် တာဝါတိုင်စခန်းသိမ်းတိုက်ပွဲတွင်် ဆက်သွယ်ရေးစက်(၁)လုံး၊ 60mm (၁၆)လုံး၊ ရှေ့ထွက်မိုင်း( ၆)လုံး၊ ကားမိုင်း (၉)လုံး၊ Jammer စက်(၂)လုံး၊ မိုင်းရှာစက်(၂)လုံး၊ စက်လက်ပြောင်း (၁)ပြောင်း၊ ကွန်မန်ဒို 60mm ပြောင်း(၂)လက်၊ 40mm(၉)လုံး၊ G3ကျည်ဘောက်(၄)ခု၊ MAကျည်ဘောက်(၂)ဘောက်၊ စစ်ခမောက်(၈)လုံး၊ RPGပို့ယမ်း(၃)တောင့်၊ RPGသီး(၁)လုံး၊ 7.62ကျည်(၁၈၈၀)တောင့်၊ 5.56ကျည် (၃၀၂)တောင့်စသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု Cobra Column ကထုတ်ပြန်ခဲ့သည်။

#RedNewsAgency

By Editor