သတင်း

အသက်အသေခံပြီး စစ်ကောင်စီတပ်သားများကို မိုင်းကွင်းခေါ်ခဲ့သည့် PDF ဇနီးမောင်နှံ

အသက်အသေခံပြီး စစ်ကောင်စီတပ်သားများကို မိုင်းကွင်းခေါ်ခဲ့သည့် PDF ဇနီးမောင်နှံ

RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာတွင် စစ်ကောင်စီတပ်ဝင်စီးစဉ် ဖမ်းဆီးခံရသည့် ဇနီးမောင်နှံသည် အသက်အသေခံကာ စစ်ကောင်စီတပ်သားများကို မိုင်းကွင်းခေါ်ခဲ့ခြင်းဖြစ်သည်ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။ Urban Underground Revolution Force (UURF -YSO) တပ်ခွဲမှ PDF ရဲဘော် ကိုပေနှင့်မချိုတို့သည် ဖေဖော်ဝါရီ လ (၁၈) ရက်နေ့တွင် မင်္ဂလာဆောင်ကြမည်ဖြစ်ပြီး မိဘများရောက်ရှိလာသည့်အတွက် သဲတောကျေးရွာတွင် (၁) ညအိပ်စဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ဖေဖော်ဝါရီလ (၁၇) ရက်နေ့က ခံခဲ့ရခြင်း ဖြစ်သည်။ (more…)
Read More
ပုသိမ် – မုံရွာလမ်းမကြီး လမ်းပိုင်းနေရာတချို့ကို PDF များထိမ်းချုပ်ထား

ပုသိမ် – မုံရွာလမ်းမကြီး လမ်းပိုင်းနေရာတချို့ကို PDF များထိမ်းချုပ်ထား

RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်းအတွင်းမှ ဖြတ်သန်းဖောက်လုပ်ထားသည့် ပုသိမ် - မုံရွာလမ်းမကြီး၏ တချို့သော လမ်းပိုင်းများကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် - PDF များက ထိမ်းချုပ်ထားကြောင်း သိရသည်။ အနောက်ပိုင်းတပ်ရင်း(၇၀၃)မှ ရဲဘော်များသည် ပုသိမ် - မုံရွာ လမ်းမကြီးပေါ် သွားလာနေသည့် ပြည်သူများကိုတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်နယ်မြေများ၌ ခရီးသွားလာရာတွင် အခက်အခဲများရှိပါက ကူညီနိုင်ပေးနိုင်ရန် ပြည်သူများကို မေးမြန်း ကူညီပေးမှုများ ပြုလုပ်ခဲ့ကြကြောင်း အသိပေးထားသည်။ (more…)
Read More
Justice-PDF ရဲဘော် (၄) ဦး ကျဆုံးခြင်း အထိမ်းအမှတ်ပြုလုပ်

Justice-PDF ရဲဘော် (၄) ဦး ကျဆုံးခြင်း အထိမ်းအမှတ်ပြုလုပ်

RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အစပ် မိုးဗြဲမြို့မှ နန်းမယ်ခုံမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်သည့် မိုးဗြဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် Justice-PDF ရဲဘော် ရဲလင်း၊ ရဲဘော် ငွေပု၊ ရဲဘော် မောင်ညို၊ ရဲဘော် ဝိုင်းချစ်တို့၏ တနှစ်ပြည့်အမှတ်တရ ရဲဘော်များက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရဲဘော်များ ကျဆုံးခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရဲဘော်များ၏ အုတ်ဂူများကို ပြုပြင်မွန်းမံခြင်းနှင့် ဦးညွတ်အလေးပြုခြင်း၊ ဘုန်း‌တော်ကြီးကျောင်းတွင် ရဲဘော်များအတွက် ရည်စူး ဆွမ်းကပ်ခ့င်း၊ အလှူများပြုလုပ်ခြင်း စသည်တို့ပြုလြပ်ခဲ့ကြောင်း Justice-PDF ကထုတ်ပြန်ထားသည်။ (more…)
Read More
ရွှေရင်ကျော် ဆရာတဦးနှင့် ရေမဆေးကျောက်ရှာဖွေသူများအပါအဝင်ပြည်သူ (၃၀) ကျော် ဖမ်းဆီးခံရမှု ပြန်မလွတ်သေး

ရွှေရင်ကျော် ဆရာတဦးနှင့် ရေမဆေးကျောက်ရှာဖွေသူများအပါအဝင်ပြည်သူ (၃၀) ကျော် ဖမ်းဆီးခံရမှု ပြန်မလွတ်သေး

RNA_ဖားကန့်၊ ဖေဖော်ဝါရီ ၁၇၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ မှော်စီစာကျေးရွာအပိုင် အောင်သာယာ (၁) ကျေးရွာနှင့် ဆောင်းချိန်ကျေးရွာတို့မှ အပြစ်မဲ့ ပြည်သူ (၃၀)ခန့်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၁၅)ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် လက်‌အောက်ခံများက အတင်း အဓမ္မကြိုးတုတ်ကာဖမ်းဆီးသွားခဲ့ပြီး ယနေ့ ‌(ဖေဖော်ဝါရီ ၁၇ ရက်)အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ "ဖမ်းသွားတဲ့ထဲ ရေမဆေးကျောက်ရှာပြန်တဲ့သူပါတယ်၊ လမ်းသွားလမ်းလာတွေပါတယ်၊ ဆောင်းချိန်ကဆို ရွှေရင်ကျော်ဆရာတစ်ယောက်ပါတယ်၊ ခုထိတော့ ပြန်မလွှတ်ပေးသေးဘူးဗျ"ဟု ဆောင်းချိန်ကျေးရွာနေသူတစ်ဦးက ပြောသည်။ (more…)
Read More
ပုသိမ်-မုံရွာလမ်းအတိုင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၀) ကျော်သေဆုံး

ပုသိမ်-မုံရွာလမ်းအတိုင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၀) ကျော်သေဆုံး

RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းအတိုင်း၊ ကျေးရွာတရွာသို့ အင်အား (၄၀) ပါ စစ်ကောင်စီတပ် စစ်ကြောင်းထိုးအပြန် ပြည်သူ့စွမ်းအားတပ်ပေါင်းစု - PPC (ပခုက္ကူခရိုင်အမှတ် (၁၁) တပ်ရင်း)မှ မိုင်း (၉)လုံးဆွဲတိုက်ခိုက်မှုနှင့် အပြန် အလှန်ပစ်ခတ်မှု (၃၅) မိနစ်ခန့်အတွင်း စစ်ကောင်စီဘက်မှ (၂၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။ ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC (ပခုက္ကူခရိုင် အမှတ် (၁၁) တပ်ရင်း)မှ ဖေဖော်ဝါရီ (၁၄) ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ပြီးပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် (၅) မိနစ်ဝန်းကျင်တွင် စစ်ကောင်စီတပ် အကူများ ရောက်ရှိလာခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် အကျအဆုံးများခဲ့သော်လည်း ပြန်အဆုတ်တွင် PPC ဒုတပ်စိတ်မှူးရဲ‌ဘော်တဦး…
Read More
ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းကို NUG လက်နက်တပ်ဆင် 

ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းကို NUG လက်နက်တပ်ဆင် 

RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ -NUG ၊တောင်ပိုင်းစစ်ဒေသ၊ဒုစစ်ဒေသမှူး (၂) ရဲဘော်စောရှားနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ စစ်ဒေသခွဲအမှတ် ၃၊ပြည်သူ့ကာကွယ် ရေးတပ်မတော် ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းတို့မှ တိုက်ပွဲဝင်ရဲဘော်များကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့က လက်နက်များ တပ်ဆင်ပေးအပ်​ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တောင်ညိုစစ်​ကြောင်း၊ နဂါးနီစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းတို့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့မှစတင်ကာ လက်နက်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ (more…)
Read More
လယ်ကွင်းပြင်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် (၁၄) ဦးအတွက် အလေးပြု ဦးညွှတ်ဂုဏ်ပြုပွဲ

လယ်ကွင်းပြင်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် (၁၄) ဦးအတွက် အလေးပြု ဦးညွှတ်ဂုဏ်ပြုပွဲ

RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ လယ်ကွင်းပြင်တိုက်ပွဲတွင် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးခဲ့သည့် သူရဲကောင်း အာဇာနည် (၁၄) ဦးအတွက် တနှစ်ပြည့် အလေးပြု ဦးညွှတ်ဂုဏ်ပြုပွဲ ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့က စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း K.K.K Defence Force မှ ဆရာဦးစောထွေး၊ ဦးထွန်းထွန်းဝင်း၊ ဦးကျော်မိုးနှင့်ဦးဇော်မင်းထွန်း တို့အပါအဝင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ရဲဘော် (၁၄) ဦး ကျဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တဦးက ပြောသည်။ (more…)
Read More
NUG တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားမှ နဂါးနီစစ်ကြောင်းရဲဘော်များကို လက်နက်ပေးအပ်

NUG တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားမှ နဂါးနီစစ်ကြောင်းရဲဘော်များကို လက်နက်ပေးအပ်

RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ - NUG တောင်ပိုင်းစစ် ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိပုဂ္ဂိုလ်များမှ နဂါးနီးစစ်ကြောင်း ရဲဘော်များကို လက်နက်တပ်ဆင် ပေးအပ်ခဲ့သည်။ တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ အတွင်းရှိ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်​၏ နဂါးနီစစ်ကြောင်း သို့ ဖေဖော်ဝါရီ (၁၄)ရက်နေ့က ဒုစစ်ဒေသမှူး ရဲဘော်စောရှားတို့ သွားရောက်ကာစစ်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နေမှုများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး လက်နက်များ ပေးအပ်ခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ချင်းပြည်နယ်မှာ (၁၀) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၅) ထက်မနည်းသေဆုံး

ချင်းပြည်နယ်မှာ (၁၀) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၅) ထက်မနည်းသေဆုံး

RNA_ဖေဖော်ဝါရီ (၁၅)၊၂၀၂၃ ခုနှစ်။ ချင်းပြည်နယ်၊ ထန်တလန်မြို့အပါအဝင် မတူပီမြို့နယ်တွင်းရှိ ဇိုတုန်ဒေသ၊CNA တပ်မဟာ (၄) နယ်မြေ စသည်တို့တွင် (၁၀) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ (၄၅) ထက်မနည်း သေဆုံးကာ (၆) ဦးအရှင်ဖမ်းခံရပြီး လက်နက် (၅၀)ကျော်သိမ်းဆည်းရမိသည်ဟု ချင်းအမျိုးသားတပ်ဦး -CNF ကထုတ်ပြန်ထားသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ တိုက်ပွဲများအတွင်း CNA၊ CDF ပူးပေါင်းတပ်မှ ရဲဘော် (၃) ဦးကျဆုံးခဲ့ကြောင်း၊ ‌ဖေဖော်ဝါရီလ (၄) ရက်နေ့မှစတင်ကာဇိုတုန်နယ်တွင် CNA၊ CDF-Matupi၊ CDF - Zotung၊ CDF - Mara…
Read More
လက်နက်ပြည့်အစုံနှင့်အလင်းဝင်ပါက ကျပ်သိန်း (၁၀၀) ဆုငွေပေးမည်

လက်နက်ပြည့်အစုံနှင့်အလင်းဝင်ပါက ကျပ်သိန်း (၁၀၀) ဆုငွေပေးမည်

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့မှ ပြည်သူ့ဘက်အလင်းဝင်ရောက်လာမည်ဆိုပါက ဆုကြေးငွေ ကျပ်သိန်း (၁၀၀) ပေးအပ်မည်ဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ထုတ်ပြန်ထားသည်။ "CNO/CNDF အနေဖြင့် လက်နက်အပြည့်စုံနှင့် အလင်း ဝင်ရောက်သူအားလုံးအား ၎င်းတို့ အသက်မွေးဝမ်းကြောင်းအတွက် ယခင်ဆုကြေးငွေ ကျပ်သိန်း (၅၀) အပြင် ထပ်တိုးချီးမြှင့်ငွေ ဆုကြေး ကျပ်သိန်း(၅၀)၊စုစုပေါင်း ကျပ်သိန်း (၁၀၀)ထိ ပေးအပ်သွားမည် ဖြစ်သည်" ဟု ကြေညာထားသည်။ (more…)
Read More