Tag: ဓားပြတိုက်မှု

  • ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

    ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

    RNA_ဖားကန့် နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရွာလယ်လမ်းမပေါ်ရှိ ဂျာနူး ဆေးဆိုင်နှင့် ငွေလွှဲ ငွေထုတ်လုပ်ကိုင်သည့်ဆိုင်အား အောက်တိုဘာ ၃၁ ရက်နေ့ နေ့ခင်းက ဓါးပြတိုက်ခံရပြီး သိန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်အပါ အခြားဓါးပြတိုက်မှုတို့မှ သံသယရှိသူများကို KIA တပ်မဟာ(၉)၊ တပ်ရင်း(၆)မှ ဖော်ထုတ်ရမိသော ကွင်းဆက်များအရ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

    ဆက်စပ်ဖမ်းဆီးစစ်ဆေးခံရသူများထဲ၌ KPDF မှ ဖားကန့်မြို့နယ် မှော်စီစာ အပိုင်းတာဝန်ခံ ဝမ်းဘက် (ခ) ရင်သွေးဦး နှင့် လက်ထောက်ဖြစ်သူ ဇွဲကိုတို့ပါဝင်နေပြီး KIA အရာရှိအချို့လည်းပါဝင်နေကြောင်း သိရသည်။

    “လက်ရှိက စစ်ဆေးနေဆဲကာလပါ ဝမ်းဘက်ကို လက်နက်ဖြုတ် ထိန်းသိမ်းထားပြီး စစ်ဆေးနေပါတယ်၊ အပြင်မှာပြောနေကြသလို အခြား KPDF ခေါင်းဆောင်တွေဖြစ်တဲ့ ကိုတင်ကိုတို့ ကိုရန်နိုင်စိုးတို့ကို ဓါးပြမှုနဲ့ပါတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံရတယ်ဆိုတာ မဟုတ်ပါဘူး၊ အမှုအားလုံး စစ်ဆေးပြီးတဲ့အခါ ပြည်သူကို ချပြပါမယ်”ဟု KPDF မှ တာဝန်ရှိသူက ပြောသည်။

    ဓာတ်ပုံ: အင်တာနက်- လုံးခင်းကျေးရွာ

    (more…)

  • ဖားကန့် မမုံကျေးရွာ လမ်းမပေါ် တွင် ပေါ်တင် ဓားပြတိုက်မှုဖြစ်

    ဖားကန့် မမုံကျေးရွာ လမ်းမပေါ် တွင် ပေါ်တင် ဓားပြတိုက်မှုဖြစ်

    RNA_ဖားကန့်၊ ဇူလိုင်လ ၂၈ ရက်၊၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာနှင့်ဆွတ်အောင်ကျေးရွာကြား မြန်မာစည်သူ ကုမ္ပဏီဝန်းဟောင်းနေရာ၌ အသက် (၂၀) ဝန်းကျင်အရွယ် လူငယ် ခြောက်ဦးက သေနတ်အတိုနှစ်လက်ဖြင့် လမ်းသွားလမ်းလာများအား မြေပြင်တွင်ဝပ်ခိုင်းကာ ပစ္စည်းလုယူ ဓါးပြတိုက်မှု ယမန်နေ့ မနက် (၉)နာရီက ဖြစ်ပွားခဲ့သည်။

    ကနဦးတွင် လူငယ် (၆) ဦးက အဆိုပါနေရာအနီးရှိ မူးယစ်ဆေးဝါးသုံးစွဲကြရာတဲများကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ မူးယစ်ဆေးသမားများကို ရိုက်နှက်ပြီးမှ လမ်းသွားလမ်းလာများကို ဓါးပြတိုက်ခြင်းဖြစ်ကြောင်း အခြေအနေအသေးစိတ်ကို သွားရောက်စစ်ဆေးခဲ့သည့် မမုံကျေးရွာမှ ရပ်မိ/ရပ်ဖ တစ်ဦးက ပြောသည်။

    ဖြစ်စဉ်အနီးနားရှိ အိမ်ပေါ်မှ ဒေါ်ကုလားမအား လမ်းပေါ်ဆွဲချကာ နားကပ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်နှင့် ဖြတ်သွားဖြတ်လာ ရေမဆေးသမား တစ်ဦး၏ Canda အမျိုးအစား ဆိုင်ကယ်အသစ်တစ်စီးတို့ကို လုယူခဲ့ကြောင်း၊ စုစုပေါင်း လမ်းသွားလမ်းလာ ငါးဦးတို့အား မြေပြင်တွင် ဝမ်းလျားမှောက်ခိုင်းထားပြီး သေနတ်နှစ်ချက်မိုးပေါ်ထောင်ဖောက်ကာ ထွက်ခွာသွားကြောင်း သိရသည်။

    (more…)