မှော်စီစာ

ဖားကန့်မှာ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

ဖားကန့်မှာ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

RNA_ဇွန်(၁၀)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ရပ်ကွက်များအတွင်းလှည့်လည်ကာ ပြည်သူများကိုဖမ်းဆီး၊ ဒရုန်းနှင့်လက်နက်ကြီးတို့ကို အသုံးပြုပစ်ခတ်တိုက်ခိုက်နေသော စစ်ကောင်စီတပ်ကို KIA/KPDF ရဲဘော်များက ဇွန် (၉) ရက်နေ့က တိုက်ခိုက်သည့်အတွက် သေဆုံးမှုများရှိကြောင်း သိရသည်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ ဘုရားကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား (၂)ဦး ဇွန်လ (၉) ရက်နေ့က ငွေသစ္စာလ္ဘက်ရည်ဆိုင် ထိုင်သောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့်အပြင် ကုဋေကျေးရွာမှ ကုမ္ပဏီများကို မီးရှို့နေသော စစ်ကောင်စီတပ်သားများ KIA/KPDF ရဲဘော်များက ဒရုန်းဗုံးနှင့် ၄၀ မမ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။ (more…)
Read More
ကျောက်စိမ်းလုပ်ကွက်ရေကန်အတွင်း မြေပြိုပြီး ရေကန်အစပ် ရေချိုးနေသူများ မျောပါနစ်မြှုပ်မှုတွင် ကလေး ၂ ဦးမိခင် ပျောက်ဆုံးနေ

ကျောက်စိမ်းလုပ်ကွက်ရေကန်အတွင်း မြေပြိုပြီး ရေကန်အစပ် ရေချိုးနေသူများ မျောပါနစ်မြှုပ်မှုတွင် ကလေး ၂ ဦးမိခင် ပျောက်ဆုံးနေ

RNA_ဖားကန့်၊ ဩဂုတ်လ ၅ ရက်၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ အောင်သာယာအပိုင်းတွင် ယနေ့ (၁၂)နာရီခွဲခန့်က ကျောက်စိမ်း လုပ်ကွက်တူးဖော်ထားသည့် ရေကန်အတွင်း သာယာကုန်းအပိုင်းမှ မြေပြိုကျပြီး ရေလှိုင်းရိုက်ခတ်မှုနှင့်အတူ ကန်အစပ်ရေချိုးနေသည့် အမျိုးသမီး၂ ဦးနှင့် ကလေး ၂ ဦး ပေ (၁၅၀) ခန့် မျောပါပြီး လုပ်ကွက်တူးဖော်ထားသည့် ရေကန်အတွင်း နစ်မြှပ်ခဲ့ကြောင်း သိရသည်။ ကျောက်စိမ်းလုပ်ကွက် ကန်အစပ်မှ ရေစီးနှင့်အတူ ရွာလယ်လမ်းအတိုင်း ပေ(၁၅၀)ခန့် ရေစီးနှင့်အတူ မျောပါခဲ့သူ ၄ ဦးထဲမှ အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦးကို အသက်ရှင်လျက်ပြန်လည်ဆယ်ယူနိုင်ခဲ့သော်လည်း ကလေးနှစ်ဦးမိခင် ဒေါ်ခင်ဆွေမာ(ခ) ဒေါ်မလေး၊ (၃၇)နှစ်ခန့်မှာ ရေကန်အတွင်း နစ်မြှုပ်ပျောက်ဆုံးလျက်ရှိကြောင်း…
Read More
ဖားကန့်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးအမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်တွေ့

ဖားကန့်၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးအမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်တွေ့

RNA_ဖားကန့် မေလ ၅ ရက်၊၂၀၂၃ ခုနှစ်။   ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအဝင် ဖားကန့်-လုံးခင်းသွား မိန်းလမ်းမကြီးပေါ်တွင် ယနေ့နံနက်ပိုင်းက ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ကာစွန့်ပစ်ထားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းအားဒေသခံများက တွေ့ရကြောင်း သိရသည်။   ပစ်သတ်ခံထားရသူနှစ်ဦးသည် မည်သူဖြစ်ကြောင်း မသိရသေးသလို ယမန်နေ့ (မေလ ၅ရက်)ကလည်း ရှရော်ခကျေးရွာအဝင်နှင့် မျောက်ဖြူကျေးရွာသွားလမ်းဆုံ လမ်းခွ၌ အမျိုးသားနှစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ထားသည့်အလောင်း စွန့်ပစ်ထားခဲ့သည်။ (more…)
Read More
ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်နေမှု ‌ဒေသခံများ မကျေနပ်

ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်နေမှု ‌ဒေသခံများ မကျေနပ်

RNA_ဖားကန့်၊မတ် (၁၀)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ အများသုံး ကျေးရွာပိုင်ရေကန်အတွင်း မျောစင်ထောင် ရွှေမျောတိုက်နေမှုကို ဒေသခံပြည်သူများက လက်မခံ မကျေနပ်ကြကြောင်း သိရသည်။ ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်နေသည့် လုပ်ကွက်များနှင့်  ‌ရွှေမျောတိုက်နေသည့်လုပ်ငန်းအများစုက စစ်ကောင်စီနှင့် ဘာသာရေးနောက်များကြောင့် လုပ်ကိုင်နေသည့်အတွက် ပြည်သူများမှာ တရားဝင် မပြောရဲကြခြင်း ဖြစ်နေကြသည်။ (more…)
Read More